Leave a comment

ရိုဟင်ဂျာတွေကိုပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ ကုလပါဝင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၈ Myanmar Muslim Media

ရိုဟင်ဂျာဒုက္ခသည်တွေကိုမြန်မာပြည်ပြန်ပို့တဲ့လုပ်ငန်းစဉ်မှာ ကုလပါဝင်သွားဖို့သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးတစ်ဦးကတနလာင်္နေ့ကပြောကြားခဲ့ပါတယ်။

ဂျူနီယာနိုင်ငံခြားရေးဝန်ကြီး ရှာဟ်ရီရာအဲလမ်က ကုလဒုက္ခသည်အေဂျင်စီပါဝင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဒါမှသာနိုင်ငံမဲ့မွတ်စလင်လူမျိုးစုကိုသူတို့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီးပြန်ပို့နေတာလို့ စွပ်စွဲမခံရမှာဖြစ်ပါတယ်။ သူက အသေးစိတ်အချက်အလက်တစ်ချို့ကိုပေးခဲ့ပေမယ့် ဒုက္ခသည်တွေဟာ ကုလတာဝန်ရှိသူတွေရဲ့ရှေ့မှာပဲ ပြန်လည် လက်ခံပို့ဆောင်ရေးဖောင်တွေကိုဖြည့်သွားရမှာဖြစ်ပါတယ်။

သြဂုတ်လကတည်းကစစ်တပ်ရဲ့ရက်စက်တဲ့ဖိနှိပ်မှုကနေထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ၇သိန်းနီးပါး ကိုပြန်လည် ပို့ဆောင်သွားဖို့ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကဘင်္ဂလားဒေ့ရှ်ဟာမြန်မာနဲ့သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာပြီး ခဲ့တဲ့လကစတင်ရမှာဖြစ်ပေမယ့် ပြင်ဆင်မှုအားနည်းမှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရဲ့ဆန္ဒပြမှုတွေ ကြောင့် နှောင့်နှေးမှုတွေရှိခဲ့တာဖြစ်ပါတယ်။သူတို့လုံခြုံဘေးကင်းမှုအာမခံချက်မရှိပဲမပြန်ချင်ကြဘူးလို့ ဒုက္ခသည် အများအပြားကပြောဆိုကြပါတယ်။

“ဒီပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဟာအရမ်းကိုရှုတ်ထွေးတယ်ဆိုတာကျွန်တော်တို့ထပ်ခါထပ်ခါပြောဆိုခဲ့ပြီးဖြစ်ပါတယ်”လို့ အဲလမ်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ဒီပြန်လည်ပို့ဆောင်ရေးဖောင်တွေကို ကုလတာဝန် ရှိသူတွေရဲ့ရှေ့မှာပဲဖြည့်ချင်ပါတယ်။ ဒါမှသာတစ်ယောက်ယောက်ကသူတို့ရဲ့ဆန္ဒမပါပဲအတင်းပြန်ပို့တာမျိုးမပြောနိုင်မှာဖြစ်ပါတယ်လို့ သူက ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်စခန်းမှာသတင်းထောက်တွေ ကိုပြော ကြား ခဲ့ပါတယ်။

ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်မှန်သမျှမှာ ကြားနေစေတနာဝန်ထမ်းဆောင်ရွက်မှုတွေရှိရမယ်လို့ ဆိုထားတဲ့ ကုလဆီကမှတ်ချက်တော့ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒုက္ခသည်တွေပြန်နိုင်ဖို့ပဲဘင်္ဂလားဒေ့ရှ်ကပြန်ပို့သွားချင်တာမဟုတ်တာကြောင့် စိတ်ရှည်ဖို့အဲလမ်ကတိုက်တွန်း ခဲ့ပါတယ်။ မြန်မာနိုင်ငံကအခြေအနေတွေလုံခြုံဘေးကင်းတာသေချာစေဖို့ ဘင်္ဂလားဒေ့ရှ်ကအလိုရှိ တာဖြစ်ပါ တယ် လို့ သူကဆိုပါတယ်။ ဗုဒ္ဓဘာသာလူအုပ်နဲ့စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုယူဆချက်တွေနဲ့အတူ ဒုက္ခသည်တွေဟာဘင်္ဂလားဒေ့ရှ်ကိုဝင်လာနေဆဲဖြစ်ပါတယ်။ ဒုက္ခသည်အများအပြားဟာ သူတို့ရဲ့မွေး ရပ်မြေ ရခိုင်ပြည်နယ်မှာမီးရှို့တိုက်ခိုက်ခံရမှုတွေကြောင့် သူတို့ရဲ့အိမ်တွေကိုဆုံးရှုံးခဲ့ပါတယ်။ အဲဒီမှာရိုဟင်ဂျာတွေ ရဲ့နေအိမ်တွေ ဟာမီးရှို့ပြာချခံခဲ့ရတယ်နဲ့လူ့အခွင့်အရေးအဖွဲ့တွေကဆိုပါတယ်။

အသစ်ရောက်ရှိလာသူတွေဟာလည်း အဓ္ဓမပြုကျင့်ခံရမှု သတ်ဖြတ်ခံရမှု နှိပ်စက်ခံရမှုအကြောင်းတွေ ကိုပြန် လည်ပြောပြကြပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကိုမပြန်ခင်မှာနိုင်ငံသားအဖြစ်အာမခံ ချက်လိုချင် တာဖြစ်ပါတယ်။ သူတို့တွေဟာမျိုးရိုးစဉ်ဆက်နေထိုင်လာခဲ့သူတွေဖြစ်ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ရွှေ့ပြောင်း လာသူတွေအဖြစ်မြင်ခံထားရတာဖြစ်ပါတယ်။

AFP/France24 သတင်းဌာနပါ “UN to take part in Rohingya repatriation: Bangladesh” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: