Leave a comment

အကြမ်းဖက်မှုတွေဟာ တကယ့်ကို စိုးရိမ်ပြင်းထန်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ထုတ်ပြန်

image

image

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေကို ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ရခိုင်ပြည်နယ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ဟာ တကယ့်ကို စိုးရိမ်ပြင်းထန်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုပြောကြား လိုက်ပါတယ်။ နိုင်ငံတကာ ရာဇ၀တ်မှုမြောက်နေပြီး မြန်မာအစိုးရကို ဒီကျူးလွန်မှုတွေကို ငြင်းနေတာတွေကို ရပ်ဆိုင်ပြီး ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုင်းပြည်တွင်းကို ၀င်ခွင့်ပြုဖို့ တောင်းဆိုလိုက်ကြပါတယ်။

ဒီကနေ့ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်ရေးကောင်စီကို တင်သွင်းတဲ့ သူတို့ရဲ့ အစီရင်ခံစာသစ်အကြောင်းကို ဆွေးနွေး တင်ပြခဲ့စဉ်အတွင်းမှာ မရေမတွက်နိုင်အောင် များပြားလှတဲ့ တိုက်ခိုက်မှုတွေနဲ့ ရာဇ၀တ်မှုတွေကို ဂြိုလ်တု မှတ်တမ်းတွေ ကနေတဆင့် သူတို့ရရှိထားတယ်လို့ ဆိုပါတယ်။ ဗီဒီယို ကလစ်တွေ၊ ဓာတ်ပုံတွေနဲ့ ဂြိုလ်တုပုံရိပ်တွေကနေတဆင့် သတင်း အချက်လက်တွေနဲ့ မှတ်တမ်းတင်ပြီးသား နှိပ်စက်ငြင်းပန်းမှုတွေကို သူတို့ စုဆောင်း ရရှိထားပြီး ဖြစ်တယ်လို့လည်း ထုတ် ဖော် ပြောဆိုလိုက်ပါတယ်။
အာရှနဲ့ ပစ္စဖိတ်ရေးရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မက်ဖီးလ်ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ကုလ အချက်လက်ရှာ ဖွေရေးအဖွဲ့ရဲ့ ကြားဖြတ်အစီရင်ခံစာတစ်စောင်အပေါ်မှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

– – – – – – – – – –
ဗြိတိန် ၀န်ကြီး မခ်ဖီးလ်က အခုလို ပြောကြားရာမှာ-

“ကုလ အချက်လက်ရှာဖွေရေးအဖွဲ့ရဲ့ ဒီအစီရင်ခံစာဟာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေသည် မြန်မာနိုင်ငံမှာ လူအများအပြားက ခံစားနေကြရတယ်ဆိုတာကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တာပါ။ ရိုဟင်ဂျာတွေအပေါ်မှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကနဦးစွပ်စွဲချက်တွေ ကိုလည်း အတည်ပြုပေးရာ ရောက်ပါတယ်။”

“ဒီလို တွေ့ရှိချက်တွေဟာ ဒီလို တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ အဖြစ်ပျက်တွေကို ပွင့်ပွင့်လင်းလင့်နဲ့ မြင်သာထင်သာ ရှိရှိ စုံစမ်းစစ်ဆေးဖို့အတွက် အလွန်အမင်း အရေးပါတယ်ဆိုတာ ပြသနေပါတယ်။ မြန်မာ အစိုးရကိုလည်း အချက်လက်ရှာ ဖွေရေးအဖွဲ့နဲ့ မပူးပေါင်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းပါတယ်။ သူတို့ အလုပ်တွေ ဆက်လုပ်ကိုင်နိုင်အောင်လည်း အလျင်အမြန် ၀င်ရောက်ခွင့်ပေးသင့်ပါတယ်။”

“ကျွန်တော့်အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေကိုလည်း ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွပ်စွဲချက်တွေကို ယုံကြည်ပြီး သမာသမတ်ကြတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့ စစ်ဆေးပြီး ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကို အရေးယူ အပစ်ပေးဖို့ တရားရေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုကို စတင်ဖို့ တိုက်တွန်းပါတယ်။”

“ဗြိတိန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူသားဆိုင်ရာ ကပ်ဘေးဒုက္ခကြီးကို အဆုံးသတ်ပြီး ပြေလည်သွား အောင်လို့ ကူညီပေးဖို့ သံန္နိဌာန်ချထားပါတယ်။ ကျွန်တော့်အနေနဲ့ ဗြိတိန်ပါလီမန်မှာ အစိုးရရဲ့ချဉ်းကပ်လုပ်ဆောင်မှု ကြောင့် အစောဆုံးဘယ်လို အခွင့်လမ်းတွေ ရရှိနိုင်မလဲဆိုတာ တင်ပြသွားဖို့ အစီစဉ်ရှိပါတယ်။”

United Nations Fact-Finding Mission confirms serious, systematic violations against Rohingya Muslims

FCO Minister Field statement on UN Fact Finding Mission on Burma

http://www.spa.gov.sa/viewfullstory.php?lang=en&newsid=1736203

https://www.gov.uk/government/news/fco-minister-field-statement-on-un-fact-finding-mission-on-burma

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: