Archive | April 2018

You are browsing the site archives by date.

မြန်မာကို ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

RFA RFA မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီကနေ့တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့မတွေ့ဆုံခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရအပေါ် ပိုပြီးဖိအားပေးသင့်ပါတယ်။ ဒါမှ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာဖြစ်ပါတယ်လို့ ရှိတ်စဟာဆီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်တဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းစွာပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့ ဖိအားပေးမယ်လို့ လုံခြုံရေး ကောင်စီဝင်သံတမန်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ဒီကနေ့ လှည့်လည်ကြည့်ရှုအပြီးမှာ ပြောပါတယ်။ ‘ဒါဟာလူသားခြင်းစာနာကူညီမှုဆိုင်ရာပြဿနာနဲ့ လူ့အခွင့်အရေးကိစ္စပါ’ လို့ […]

ကုလလုံခြုံရေးကောင်စီအဖွဲ့ ရခိုင်ပြည်နယ်သွားမည်

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့ကြတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ တနင်္လာနေ့ မြန်မာနိုင်ငံရောက်ရှိလာမယ့် သူတို့ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုကြမှာဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ် ၁၅ ဦးလုံးလိုက်ပါလာတဲ့အဖွဲ့ဟာ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း no man’s land မြန်မာ-ဘင်္ဂလားဒေရှ်နယ်စပ်မျဉ်းနေရာအပါအ၀င်Cox’s Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒုက္ခသည်အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအ၀င် တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို မနေ့တနင်္ဂနွေနေ့က ဒုက္ခသည်စခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သံအမတ်အသီးသီးက ပြောဆိုခဲ့ကြပါတယ်။ ဒီကနေ့ […]

လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ကော့ဇ်ဘဇားသို့ ရောက်ရှိ

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လေ့လာမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဇ့်ဘဇားလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသကိုလည်း သွားရောက်ကြည့်ရှုပါလိမ့်မယ်။ ကုလ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်မထွက်ခွာခင် တနင်္လာနေ့မနက်ပိုင်းမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Karen Pierce ကယ်ရင်ပီယာ့စ် က ရိုဟင်ဂျာပြဿနာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း မိမိတို့မကြုံစဖူး ကြုံရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြီးဖြစ်ပြီး မလွဲမသွေဖြေရှင်းဖို့ လိုတယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဇ်ဘဇားလေဆိပ်ကို ကူဝိတ်နိုင်ငံက တိုက်ရိုက်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပါလိမ့်မယ်။

Mr Sultan Mahmud and Statehood of Arakan : By Amn Ullah

Mr Sultan Mahmud and Statehood of Arakan : By Amn Ullah “If two brothers cannot live together they must live apart independently of each other”. Sultan Mahmud Sultan Mahmud was a prominent leader of Burma and Muslims of Arakan. He was born and brought up at Akyab and educated at Calcutta. Mr. Sultan Mahmud was […]

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို ပိုမိုဖိအားပေးဖို့ HRW တိုက်တွန်း

ရိုဟင်ဂျာဒုက္ခသည်အရေးကိုလေ့လာဖို့ မကြာခင်မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုရောက်လာ မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ကို မြန်မာအစိုးရအပေါ် ပိုမိုဖိအားပေးဖို့လိုတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံနောက်ပိုင်း ရခိုင်ပြည်နယ်ထဲကို လုံခြုံစိတ်ချစွာ ပြန်လာနေထိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို တန်းတူညီမျှတဲ့အခွင့်အရေး၊ ကာကွယ်မှုတွေကို ပေးဖို့လိုတယ်လို့ HRW ရဲ့ အမှုဆောင်ဒါရိုက်တာ Kenneth Roth က ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်မှုတွေရှိလာ အောင် ကုလသမဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ဖိအားပေးအရေးယူဖို့လိုတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခမှာ လူသားအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ မုဒိမ်းမှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ မီဒီယာအပါအဝင် လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ […]

“ရခိုင်အရေး နိုင်ငံတကာစွပ်စွဲချက်များ MHRC ယုံကြည်ဖို့ခက်”

မေခ ရခိုင်ပဋိပက္ခအတွင်း မြန်မာစစ်တပ်ကနေ မူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ် မှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ နိုင်ငံတကာရဲ့ စွပ်စွဲပြော ဆိုနေတာတွေဟာ ထင်ကြေးအနေနဲ့ စွပ်စွဲနေတာသာ ဖြစ်ပြီး ယုံကြည်ဖို့ ခက်ခဲတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တုံပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ကို အမေရိကန်အစိုးရက ဆန်းစစ် စုံစမ်းမှုတွေ လုပ်နေတယ်လို့ သတင်း ထွက်လာချိန်မှာ ကော်မရှင်ဖက်က အခုလို တုန့်ပြန် သွားတာပါ။ ရခိုင် အရေးလေ့လာသူ အချို့ကတော့ နိုင်ငံသိက္ခာမကျစေဖို့နဲ့ စွပ်စွဲနေမှုတွေကို အကောင်းဆုံးတုံပြန်ဖို့ ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ခံဖို့ကိုလည်း တိုက်တွန်းတာတွေရှိနေပါတယ်။ ဒါတွေကို ဗွီအိုအေ မြန်မာပိုင်းကမေခက စုစည်းတင်ပြသွားမှာပါ။ ရခိုင်မြောက်ပိုင်းမှာပြီးခဲ့တဲ့နှစ်တုန်းက ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ […]

တောင်ကိုရီးယားကို ပထမဆုံး အကြိမ် ခြေချလာတဲ့ ကင်မ်ဂျုံအန်း

ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး မျှော်လင့်ချက်အတွက် သမိုင်းဝင် ခရီးစဉ် အနေနဲ့ တောင် ကိုရီးယားမြေ ကို ပထမဆုံးအကြိမ် ခြေချခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အိမ်ရှင်နိုင်ငံ သမ္မတ မွန်းဂျေအင်း က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာ ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ကင်မ်ဦးဆောင်တဲ့ မြောက်ကိုရီးယား အစိုးရ ခေါင်းဆောင်တွေဟာ နယ်စပ်ဒေသကို ခြေလျင် ဖြတ်ကျော်ပြီး တောင်ကိုရီးယား ပိုင်နက်ထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သမ္မတ မွန်းဟာ နယ်ခြားစည်းအထိ သွားရောက်ပြီး ကင်မ်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့သလို စည်းကိုကျော်ပြီး မြောက်ကိုရီးယား ပိုင်နက်ဖက်မှာ ကင်မ်နဲ့အတူ ယှဉ်တွဲ ရပ်ခဲ့ပါသေးတယ်။ […]