Leave a comment

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သွားရောက်တွေဆုံခဲ့တဲ့ မြန်မာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး ဘာကတိတွေပေးသွားသလဲ

image

ဧပြီ ၁၂၊ ၂၀၁၈ Myanmar Muslim Media

ဒါကား (ဘင်္ဂလားဒရှ်) – မြန်မာ အစိုးရ ၀န်ကြီး ဦးဝင်းမြတ်အေးဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြုံသလို နေရရှာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဒုက္ခသည်စခန်းတစ်ခုဆီကို ဗုဒ္ဓနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီနေရမှာ သူတို့ကို အတင်းအဓမ္မ နှင် ထုတ်ခဲ့တဲ့ အကြမ်းဖက်မှုအကြောင်းတွေကို ရှင်းပြခဲ့ပြီး တောင်းဆိုချက်တွေကို ပေးအပ်ခဲ့ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးဝင်းမြတ်အေးဟာ ရိုဟင်ဂျာ မွတ်စလင် အယောက် (၄၀) ခန့်လောက်ကို ကော့ဘဇားခရိုင်မှာရှိတဲ့ ကိုတိုးပလောင် ဒုက္ခသည်စခန်းမှာ တစ်နာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့ ပြီး တစ်ခါတရံမှာ ဒေါသနဲ့ နှစ်ဖက်အပြန်အလှန် ပြောခဲ့ကြပါတယ်။ 

ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဗ္ဗဒူလ် ရာဟင်းက ပြောကြားရာမှာ အနဲဆုံး မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး ၈ ဦး ကလည်း ဦးဝင်းမြတ်အေး တွေ့ဆုံခဲ့တဲ့ သူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တွေ့ဆုံခဲ့တဲ့ သူတွေဟာ မြန်မာနိုင်ငံကို သူတို့ ပြန်လာဖို့ဆိုရင် မြန်မာအစိုးရက လိုက်လျောပေးရမဲ့ တောင်းဆိုချက် ၁၃ ချက်ကိုလည်း ပေးအပ် ခဲ့တယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုအတွင်းမှာ ရိုဟင်ဂျာပေါင်း ရာနဲ့ချီ အသတ်ခံရကြောင်း သိရှိခဲ့ရပီး နေအိမ်ကျေးရွာ အမြောက်မြားဟာလည်း မီးရှို့ခံခဲ့ရပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့ကတော့ စစ်တပ်က လူမျိုးတုန်း ရှင်းလင်းရေးလုပ်ဖို့ အကြမ်းဖက် ဖြို ခွင်းခဲ့တယ်လို့ ဆိုထားပါတယ်။

နေရပ်ပြန်ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူပေါင်း ၈ ထောင်ကျော်ပါတဲ့ စာရင်းတစ်ခုကို မြန်မာအစိုးရကို ပေးအပ်ထားပြီး ဖြစ်ပေမဲ့ နိုင်ငံသား စီစစ်တဲ့လုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးနေတာကြောင့် ကြံ့ကြာနေရ ပါတယ်။

ဦးဝင်းမြတ်အေးကတော့ ပြန်လည်လက်ခံမဲ့ အချိန်ကာလ တိတိကျကျကို မပြောသွားပါဘူး၊ ဒါပေမဲ့ တတ်နိုင်သမျှ စောစော ပြန်လက်ခံမယ်လို့တော့ ပြောပါတယ်။

ရာဟင်က ပြောကြားရာမှာ အဆိုပါတွေ့ဆုံခဲ့တဲ့ အုပ်စုဟာ ဦးဝင်းမြတ်အေးက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ  ဘင်္ဂလား ဒေ့ရှ်နိုင်ငံကနေ ၀င်ရောက်လာခဲ့ကြသူတွေဖြစ်တာမို့လို့ မြန်မာအစိုးရက ပေးတဲ့ NVC ကဒ်ကို ကိုင်ကို ကိုင်မှသာ ပြန်လည်လက် ခံမသွားမယ်လို့ ပြောတဲ့အချိန်မှာတော့ ဒေါသတွေ ထွက်လာကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သူပြောတဲ့စကားကို ကန့်ကွက်ခဲ့ပါတယ်။ ငါတို့က မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာပဲ ကြီးပြင်းလာတဲ့ နိုင်ငံ သားတွေ ဖြစ်တာမို့လို့ NVC ကဒ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ သူ့ကို ပြန်ပြောခဲ့ပါတယ်။” လို့ သူက အေပီ သတင်းဌာန ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေဟာ သူတို့ မိသားစုဝင်တွေ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြသူတွေ ဖြစ်ကြပေမယ်လို့  ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာကြသူတွေ အဖြစ် ဆက်ခံနေရတာ အရမ်းကို ကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် ကတည်းက သူတို့အားလုံးနီးပါးကို နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံထားရပြီး နိုင်ငံမဲ့ နေထိုင်သူတွေအဖြစ် ထိထိရောက်ရောက် သတ်မှတ်ထားပါတယ်။ သူတို့ကိုလည်း လွတ်လပ်စွာသွားလာခွင့်နဲ့ တစ်ခြား ရသင့်ရထိုင်တဲ့ အခြေခံအခွင့်ရေးတွေကို လည်း ငြင်းပယ်ခံထားရပါတယ်။

ရာဟင်းက ပြောကြားရာမှာ သူတို့ရဲ့ လုံခြုံရေးအစီစဉ်တွေကို ကုလသမဂ္ဂက ကြီးကြပ်ပေးဖို့နဲ့ သူတို့ကို ပြန်လည် လက်မခံ ခင်မှာ  မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြုဖို့ တောင်းဆိုခဲ့ကြောင်း ရာဟင်းက ပြောပါတယ်။

“ကျနော်တို့ ပြန်လာချင်တယ်၊ ကျနော်တို့ လယ်တွေ၊အိမ်တွေ၊ယာတွေကို ပြန်လိုချင်တယ်လို့ ကျနော်တို့ ဦးဝင်းမြတ်အေးကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ”

အရင်တုန်းက တစ်ဖက်နိုင်ငံကို ဒုက္ခသည်တွေအဖြစ်နဲ့ ထွက်ပြေးသွားကြပီးနောက် ဟိုယခင်တုန်းက နေရပ်ရင်းပြန်လာ ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်ဖို့ အတင်းကြပ်မောင်းထုတ်ခံခဲ့ရတဲ့ အစဉ် လာ ရှိခဲ့ဖူးပါတယ်။

ဒုက္ခသည် အမျိုးသမီးတွေကလည်း သူတို့ မုဒိန်းကျင့်ခံရတဲ့ အတွေ့ကြုံတွေကို ၀န်ကြီးကို ပြန်ပြောပြခဲ့တယ်လို့ ရာဟင်း က ဆိုပါတယ်။

“မုဒိန်းကျင့်ခံရတဲ့ သူတွေရဲ့ စကားကို ၀န်ကြီးက စိတ်ရှည်ရှည်နဲ့ နားထောင်ပါတယ်။ သူပြောတာက ကျူးလွန်ခဲ့တဲ့ သူတွေ ကိုလည်း အပစ်ပေးရလိမ့်မယ်လို့ သူပြောပါတယ်။”

တစ်ချို့ကိစ္စတွေကိုလည်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး မုဒိန်းမှုမှာ ကျူးလွန်ခဲ့တဲ့ စစ်သား ၁၀ ယောက်ကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ အပစ်ပေးခဲ့ပြီးပြီလို့ ၀န်ကြီးက ထုတ်ဖော်ပြောဆိုခဲ့တဲ့အကြောင်း သူက ဆိုပါတယ်။

“ခင်ဗျားတို့ ချက်ခြင်းပြန်လာတာနဲ့ သူတို့ စုံစမ်းစစ်ဆေးမှုတွေကို စတင်မယ်။ ကျူးလွန်ခဲ့သူတွေကိုလည်း အပစ်ပေးမယ် လို့ သူ ကတိပေးပါတယ်” လို့ ရာဟင်းက ပြောတယ်။

“ကနဦး အဖုအထစ်လေးတွေ ပြောဆိုပီးနောက်မှာ ကျနော်တို့ ရင်းရင်းနှီးနှီးနဲ့ ကျနော်တို့ လိုချင် တဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီး အဗ္ဗဒူလ် ကာလမ် က ၀န်ကြီးက ဒုက္ခသည်တွေရဲ့ စကားကိုလည်း နားထောင်ခဲ့ပြီး သူတို့ မေးသမျှ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

“သူ ဒီကိုရောက်လာတာ သူ့နိုင်ငံက လူတွေကို လာစကားပြောဖို့အတွက်ပါ။ သူတို့ ပြောကြဆိုကြဆွေးနွေးကြနဲ့ ၊ အဲဒီလို ဖြစ်လာအောင် ကျနော်တို့ဘက်က အကူညီပေးယုံပါဘဲ” လို့ သူက ကော့ဘဇားကနေ တယ်လီဖုန်းနဲ့ ဖြေကြားခဲ့ပါတယ်။

ရဲမှူးကြီး အက်ဘလ် ဟူစိန်က ပြောရာမှာ ၀န်ကြီးဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေကိုလည်း ရိုဟင် ဂျာတွေကို စောင့်ရှောက်မှုပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ပြန်ပြောင်းပြောပြပါတယ်။

“သူပြောတဲ့ စကားအပေါ်မှာတော့  သူအလေးနက်ထားပုံ ရပါတယ် ” လို့ ဟူစိန် ကပြောပါတယ်။

Brisbane Time  သတင်းဌာနပါ Tofayel Ahmad ရေးသားသည့် “’Heated words’: Myanmar minister meets Rohingya refugees” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ရည်မွန် က မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

ဓာတ်ပုံ AP

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: