Archive | May 2, 2018

You are browsing the site archives by date.

“ရဲမှူးချုပ်သူရစန်းလွင်ကို ရာထူးမှ ထုတ်ပယ်”

နေပြည်တော်၊ မေ၂ လက်ရှိတွင် ရဲမှူးချုပ်သူရစန်းလွင်တာဝန်ယူနေသော အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး နေရာတွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီးဇော်ထွန်းအောင်ကို ရဲမှူးချုပ်ရာထူးတိုးပေးကာ အစားထိုး တာဝန်ပေးအပ်ထားသည်ကိုတွေ့ရသည်။ Read more:  http://www.popularmyanmar.com/popularnews/?p=38453 Advertisements

ဒုရဲမှူးမိုးရန်နိုင်အားမယုံကြည်ရသောသက်သေအဖြစ်တင်သွင်းမှု တရားရုံးပယ်ချ

အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည် ရသော သက်သေတဦး အဖြစ် အစိုးရ ရှေ့နေဘက်က တင်ပြထားတာကို  မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ တရားရုံးကြားနာမှုအတွင်း ပယ်ချလိုက်ပါတယ်။ အခုလိုဆုံးဖြတ်လိုက်တာကြောင့် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ယခင်ထွက်ဆိုချက်တွေဟာ အမှုစစ်ဆေးရာမှာ  ဆက်လက်အကျုံးဝင်နေမှာဖြစ်ပါတယ်။ ဖမ်းဆီခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးကို အထက်အမိန့်အရ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ရကြောင်း ဧပြီလ ၂၀ ရက်နေ့ တရားရုံးချိန်းမှာထွက်ဆိုထားတာဖြစ်ပါတယ်။

ရခိုင်၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

FRONTIER သတင်းအဖွဲ့ မေ ၂ ၊၂၀၁၈ ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး သေချာသည့် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပြီး ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ခုနစ်သိန်းခန့်မှာ အိုးအိမ်များ စွန့်ခွာကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ထို့ပြင် စစ်ဆင်ရေးများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ် ညှင်းဆဲမှု၊ မတရားပြုကျင့်မှုနှင့် နေအိမ်များကို မီးရှို့မှုများကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟု ဒုက္ခသည်များက စွပ်စွဲထားကြသည်။ ထိုသို့ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင် […]

ကချင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ယန်ဟီးလီ ပြောကြား

ကချင်ပြည်နယ်မှာ အစိုးရတပ် နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုထိ အနည်းဆုံး အရပ်သား ၁၀ ဦး သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေ ကြရတဲ့အပေါ် အထူး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ မစ္စယန်ဟီးလီကပြောပါတယ် တရုတ်နယ်စပ်အနီးကနေ တပ်မတော်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အပြစ်မဲ့အရပ်သားတွေ သေကြေ ထိခိုက်ဒဏ်ရာရနေကြရတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက်၊ ပြည်သူ တွေ မထိခိုက်ရအောင် လိုအပ်တဲ့ အစီအမံတွေကို နှစ်ဘက်လုံးက ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ကချင်ပြည်နယ်အတွင်း မူလရှိနေတဲ့ […]

ဘဏ်တိုးနှုန်းလျှော့တယ်ဆိုတာ

ဒီအတိုးနှုန်းလျှော့မယ်၊  လျှော့ချင်တယ်၊ လျှော့သင့်တယ်ဆိုတဲ့ပြောတာ ဆိုတာလေးတွေ ကတော့ ကြားနေတာ ကြာပါပြီ။ ဒါလည်း အထိုက် အလျောက်ကတော့ ပြော တာဆိုတာကတော့ သူတို့က ဘာလဲဆိုတော့ အတိုးနှုန်းဆိုတာ စရိတ်ကိုခေါ် တာ။ အတိုးနှုန်းကမြင့်ရင် စရိတ်က မြင့်တာပေါ့။  စရိတ်က ကြီးရင်တော့ ခုနက ဒီလုပ်ငန်းရှင်တွေဘက်က ဘာအဆိုပြုလဲဆိုတော့ စရိတ်စကတွေ ကြီးရင် ထုတ်လုပ်မှုစရိတ်တွေကြီးလာမယ်။ ထုတ်လုပ်မှုစရိတ်တွေ ကြီးရင် ခုနကအိမ်နီးနားချင်းနိုင်ငံက ဝင်လာတဲ့သွင်းကုန်။ သူတို့ ကို မယှဉ်နိုင် ဘူးပေါ့ဗျာ။ သွင်းကုန်အစားထိုးဆိုတဲ့ ပေါ်လစီတွေ လည်း ရှိနေတာကိုး။ နိုင်ငံ ခြားကဝင်တဲ့ သွင်းကုန်နဲ့ ပြည်တွင်းထွက် ကုန်နဲ့ ဈေးချင်းယှဉ်ရင် ထုတ်လုပ် မှုစရိတ်ကြီး တဲ့ထုတ်ကုန်ကတော့ ထုတ်လုပ်မှုစရိတ်နည်းတဲ့ ထုတ်ကုန်နဲ့ ယှဉ် ရင်တော့ မယှဉ်သာဘူး ပေါ့ဗျာ။ […]

စုံစမ်းစစ်ဆေးဖို့ နည်းလမ်း ၂ ခု ကုလ အဖွဲ့ ပြောကြား

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ အင်္ဂါနေ့ မနေ့ညနေ ကျင်းပတဲ့ သတင်းစာ ရှင်းပွဲမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ခံပြီး သင့်တော်သလို စုံစမ်းစစ်ဆေးရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Karen Pierce ကယ်ရင် ပီးယာ့စ် က အခုလို ပြောဆိုခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေကို နည်းနာ ၂ ခုနဲ့ဆောင်ရွက်နိုင်ပါတယ်။ ပထမ တခုကတော့ ICC နိုင်ငံတကာပြစ်မှုခုံရုံးကို လွဲပြောင်းပေးခြင်းနဲ့ ဒုတိယနည်းကတော့ မြန်မာအစိုးရ ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်း ပါပဲလို့ ပီယာ့စ် က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်တဲ့စုံစမ်းမှုတွေ ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ကြောင်းလည်း သူမက ပြောဆိုပါတယ်။ ကူဝိတ်နိုင်ငံ […]