Archive | May 6, 2018

You are browsing the site archives by date.

ရိုဟင်ဂျာအရေးမှာ ကနေဒါနိုင်ငံက ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးပြော

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်က ရိုဟင်ဂျာအရေးမှာ ကနေဒါနိုင်ငံက ဦးဆောင်တဲ့အခန်းကဏ္ဍတစ်ခုကို ထူထောင်နေတယ်ဆိုတာကို ပြသနေတယ်လို့ ကနေဒါ ထိပ်တန်းသံတမန်က ပြောဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံဆိုင်ရာ ကနေဒါအထူးကိုယ်စားလှယ် ဘော့ရေးရဲ့ အစီရင်ခံစာကို ကျမတို့က ဒီမှာရှိတဲ့ လူပေါင်းများစွာကို ဝေငှ ပေးပြီးပါပြီ။ အဲဒါကို ကျမတို့က ဘင်္ဂါလီနဲ့ ရိုဟင်ဂျာဘာသာစကား ၂ မျိုးစလုံးနဲ့လည်း ပြန်ဖို့ရှိနေပါတယ်။ ဒါမှလည်း ဘင်္ဂလားဒေ့ရှ်ကော၊ ရိုဟင်ဂျာကပါ သူတို့နဲ့သက်ဆိုင်ရာ ဘာသာစကားအသီးသီးနဲ့ ဖတ်နိုင်မှာလေ။” လို့ ဖရီးလန်းက ပြောဆိုခဲ့ပါတယ်။ “အကြံပြုချက်တွေ တော်တော်များများကို ကျမတို့ အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်.. ဒီခရီးစဉ်ကလည်း အဲဒီ အထဲက နမူနာပြစရာတစ်ခုပေါ့။ ဘော့ရေးရဲ့ အကြံပြုချက်တွေထဲမှာ ကနေဒါနိုင်ငံက ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့်မို့ ကျမ ဒီခရီးစဉ်ကို လာခဲ့တာပါ။” “ဒီခရီးစဉ်အတွက် […]

ရခိုင်ပြဿနာ နိုင်ငံတကာ ဖိအားတွေကို ရှောင်လွှဲနိုင်ဖို့ လမ်းစ ရှိသေးရဲ့လား

ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ကုလသမဂ္ဂဆိုင်ရာ အမြဲတန်းကိုယ်စားလှယ်နဲ့ အခြား ကိုယ်စား လှယ်တွေ ပါဝင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရ၊ တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို လူပေါင်း ၆ သိန်းကျော် ထွက်ပြေးမှုကြီး ဖြစ်ပေါ်စေခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသဘက် သွားရောက် လေ့လာတာ လုပ်ခဲ့ ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း က ပြဿနာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်အထိ ရောက် သွားပြီ ဆိုတာကို အတည်ပြုရာ ရောက်သလို၊ အဲဒီ အခြေအနေကို မြန်မာနိုင်ငံ အစိုးရဘက်ကလည်း လက်ခံလိုက်ပြီ ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ […]