Leave a comment

ရိုဟင်ဂျာအရေးမှာ ကနေဒါနိုင်ငံက ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးပြော

image

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်က ရိုဟင်ဂျာအရေးမှာ ကနေဒါနိုင်ငံက ဦးဆောင်တဲ့အခန်းကဏ္ဍတစ်ခုကို ထူထောင်နေတယ်ဆိုတာကို ပြသနေတယ်လို့ ကနေဒါ ထိပ်တန်းသံတမန်က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကနေဒါအထူးကိုယ်စားလှယ် ဘော့ရေးရဲ့ အစီရင်ခံစာကို ကျမတို့က ဒီမှာရှိတဲ့ လူပေါင်းများစွာကို ဝေငှ ပေးပြီးပါပြီ။ အဲဒါကို ကျမတို့က ဘင်္ဂါလီနဲ့ ရိုဟင်ဂျာဘာသာစကား ၂ မျိုးစလုံးနဲ့လည်း ပြန်ဖို့ရှိနေပါတယ်။ ဒါမှလည်း ဘင်္ဂလားဒေ့ရှ်ကော၊ ရိုဟင်ဂျာကပါ သူတို့နဲ့သက်ဆိုင်ရာ ဘာသာစကားအသီးသီးနဲ့ ဖတ်နိုင်မှာလေ။” လို့ ဖရီးလန်းက ပြောဆိုခဲ့ပါတယ်။

“အကြံပြုချက်တွေ တော်တော်များများကို ကျမတို့ အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်.. ဒီခရီးစဉ်ကလည်း အဲဒီ အထဲက နမူနာပြစရာတစ်ခုပေါ့။ ဘော့ရေးရဲ့ အကြံပြုချက်တွေထဲမှာ ကနေဒါနိုင်ငံက ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့်မို့ ကျမ ဒီခရီးစဉ်ကို လာခဲ့တာပါ။”

“ဒီခရီးစဉ်အတွက် ကျမ အမြတ်ရလိုက်တဲ့ကိစ္စတစ်ခုကတော့ ဒီရိုဟင်ဂျာအရေးခင်းမှာ နှိပ်စက်ငြင်းပန်းခြင်းခံလိုက်ရတဲ့ လူတွေနဲ့ ကျမစကားပြောခွင့် ရလိုက်တာပဲ။”

“လူတွေက တရားမျှတမှု့နဲ့ ကျူးလွန်တဲ့လူတွေကို အရေးယူဆောင်ရွက်ပေးဖို့ ကျမကို ဖွင့်ပြောကြတယ်။ ကမ္ဘာကြီးကလည်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို တိတိကျကျ သိဖို့လိုအပ်ပါတယ်။”

ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့အထိ လုပ်ဆောင်ခဲ့တဲ့ လူမျိုးစုလိုက်ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ လိုကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကလည်း ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေး ဝန်ကြီးများကောင်စီ ညီလာခံမှာပြောသွားပါတယ်။

“ကျွန်မတို့ကတော့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စဟာ လူမျိုးနွယ်စုအလိုက်ရှင်းလင်းမှုဖြစ်တယ်လို့ လူ့အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Ra’ad Al Hussein ပြောတာကို ထောက်ခံပါတယ်။ သြဂုတ်လမှာကတည်းက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနိုင်တယ်လို့ သံသယရှိတယ်လို့လည်း Mr. Al Hussein ပြောထားပါတယ်။ ဒီလိုစကားလုံးတွေအတိအကျသုံးပြီးတော့ကို ဒီကိစ္စပြောဆိုရပါမယ်။ ဒီလိုပြစ်မှုမျိုးကျူးလွန်သူတွေကိုလည်း ထိုက်တန်တဲ့အရေးယူမှုတွေရှိအောင်လို့ ကျမတို့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အသေအချာလုပ်ဆောင်နိုင်ရပါမယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေအတွက် တာဝန်ရှိသူ၊ အပြစ်ရှိသူတွေကို အရေးယူနိုင်တဲ့ အခြေအနေပေါ်ပေါက်အောင်လို့ ဆောင်ရွက်ကြရပါမယ်။”

https://burmese.voanews.com/a/4380919.html

“ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးအရေးယူအပစ်ပေးနိုင်ဖို့ အတွက် ကျမတို့ ကတိက၀တ်ပေးရပါမယ်။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်ရေးချိုးဖောက်တဲ့ သူတွေ၊ ရက်စက်ကြမ်းကြုတ်ခဲ့သူတွေကို အရေးယူဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ရေးဆွဲဖို့ ကျမတို့ အလုပ်လုပ်ရပါ့မယ်။”

ဒုက္ခသည်တွေကို ကနေဒါနိုင်ငံကိုခေါ်ယူဖို့ အစီစဉ်ရှိမရှိ မေးမြန်းတဲ့အခါမှာ ဖရီးလန်းက ကနေဒါနိုင်ငံကလည်း ကနေဒါ ရောက်နေတဲ့ ရိုဟင်ဂျာမိသားစုတွေနဲ့ ဒီဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ဆွေမျိုးသားခြင်းတွေနဲ့ ပြန်လည်ပေါင်းစည်းပေး ဖို့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့ပါတယ်။

“ဒီကိစ္စကို ကျမ သုံးသပ်ကြည့်ဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။”

ဓကျမတို့ စဉ်းစားပေးနိုင်ပါတယ်။ အစ်ကိုတွေ၊ အစ်မတွေ၊ ဦးလေး အဒေါ်တွေ ဒီမှာ ဒုက္ခသုက္ခရောက်ပီးနေထိုင်နေကြရ တယ်ဆိုရင် ကျမတို့က သူတို့ကို အရေးတကြီး ကနေဒါကို ခေါ်သွားပေးဖို့ အသင့်ပါဘဲ။” လို့ ဖရီးလန်းက ပြောပါတယ်။

http://ottawacitizen.com/pmn/news-pmn/canada-news-pmn/freeland-says-canada-working-to-play-a-leadership-role-in-rohingya-crisis/wcm/ed5f443b-4eff-4527-a146-95dc42bc753c

ဒီအတောအတွင်း- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ စနေနေ့ မနေ့က စတင်ကျင်းပတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံမှာ ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ချေမှုန်းခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ပြင်းထန်စွာအရေးယူဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

UAE အာရပ်နိုင်ငံခြားရေးဝန်ကြီး Anwar Gargash အန်ဝါ ဂါးဂက်ရှ်ကတော့ ရိုဟင်ဂျာပြဿနာဟာ အစ္စလာမ် ဘာသာအရရော လူသားချင်းစာနာမှုအရပါ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ မိမိတို့ကို စိန်ခေါ်နေတယ်လို့ ပြောကြားသွားပါတယ်။

http://www.presstv.com/Detail/2018/05/05/560727/OIC-meeting-Rohingya-plight

ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ကျင်းပနေတဲ့ IGMG ညီလာခံမှာလည်း ရိုဟင်ဂျာတွေဟာ တစ်ငွေ့ငွေ့နဲ့ လူမျိုးတုန်းသတ်ဖြတ် ခြင်း ခံနေရတာဖြစ်ပြီး ပစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

http://www.eurasiareview.com/06052018-cologne-conference-demands-accountability-of-myanmar-government-oped/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: