Leave a comment

တပ်​မ​တော်​သည်​ သမတ၏ လုပ်​ကိုက်​​ဆောင်​ရွက်​မှု​အောက်​တွင်​ ​ဆောင်​ရွက်​ခြင်းဖြစ်

image

“ကာချုပ်ကြီးကိုပြန်ရှခဲ့သောအသွားနှစ်ဖက်နှင့်ဓား”

ကုလလုံခြုံရေးကောင်စီအဖွဲ့တွေကကာချုပ်ကြီးကို
တွေ့ဆုံမေးမြန်းနေပုံတွေကိုကြည့်ရတာ
မြန်မာနိုင်ငံကို(တစ်နည်းအားဖြင့်)ကာချုပ်ကြီးကို
သံသယအရမ်းဝင်နေတာတွေ့ရတယ်..
လက်ရှိမှာမြန်မာနိုင်ငံကိုတစ်ကမ္ဘာလုံးက
စွပ်စွဲနေတဲ့ပြသနာဟာလူမျိုးတစ်မျိုးကို
လူမျိုးရေးဘာသာရေးအမုန်းတရားတွေနဲ့သတ်ဖြတ်
ရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့နိုင်ငံတကာက
ယူဆနေကြတဲ့ပြသနာပါပဲ..ဒီလိုယူဆချက်မျိုးဟာ
အခန့်မသင့်ရင်နိုင်ငံတကာစစ်အင်အားနဲ့
အနှိမ်နင်းခံရနိုင်ပြီးတိုင်းပြည်ပျက်သွားနိုင်တဲ့ကိစ္စပါ..
အနာဂါတ်မှာသင်ခန်းစာယူလို့ရအောင်
အပြုသဘောနဲ့ထောက်ပြရရင်တော့..

လူမျိုးရေးဘာသာရေးအမုန်းတရားနဲ့တမင်လုပ်
ခဲ့တယ်လို့သူတို့ယူဆနေတဲ့အကြောင်းရင်းနဲ့
တပ်မတော်ကိုလက်ညိုးထိုးစွပ်စွဲနေကြတဲ့
ပထမအချက်အကြောင်းရင်းက
ကာချုပ်ကြီးပြောလေ့ရှိတဲ့ အမျိုးဘာသာကာကွယ်
ရမယ်ဆိုတဲ့စကားကြောင့်ပါပဲ..
လူမျိုး၁၃၅မျိုးရှိတဲ့နိုင်ငံသားသန်းငါးဆယ်လုံးနဲ့
နိုင်ငံသားတွေအသီးသီးကိုးကွယ်ကြတဲ့
ဘာသာလေးမျိုးစလုံးကို
ကာကွယ်စောင့်ရှောက်ရမဲ့ကာချုပ်ကြီးက
အမျိုးဘာသာကိုကာကွယ်ရမယ်ဆိုပြီးမကြာခဏ
ပြောခဲ့တာကြောင့်ဗုဒ္ဓဘာသာကိုပဲ
ကာကွယ်မယ်ဆိုတဲ့သဘောသက်ရောက်ပြီး
တစ်ခြားဘာသာတွေကိုမလိုလားဘူးဆိုတဲ့အမြင်
သူတို့မြင်ခဲ့ကြပုံရှိပါတယ်..

သူတို့မယုံကြတဲ့ဒုတိယအချက်က၂၀၀၈ခြေဥအရ
တပ်မတော်ဟာအစိုးရခေါင်းဆောင်မှုအောက်မှာ
မရှိကြောင်းတစ်ကမ္ဘာလုံးသိပါတယ်..
ပိုပြီးသေချာစေတဲ့အချက်ကဘင်ဂါလီအရေး
မတိုင်ခင်မှာ(ယုံကြည်ထိုက်သူမဟုတ်လို့)
အစိုးရကအတွေ့မခံတဲ့ရခိုင်ပါတီကဦးအေးမောင်ကို
ကာချုပ်ကြီးက နေပြည်တော်စစ်ရုံးထဲမှာ
လှိုက်လှဲစွာလက်ခံတွေ့ဆုံပြခဲ့တဲ့မြင်ကွင်းပါပဲ..
အခုကျမှတပ်မတော်ကအစိုးရရဲ့ခေါင်းဆောင်မှု
အောက်မှာလိုက်နာဆောင်ရွက်နေတာပါဆိုတော့
ကျန်တဲ့ရှင်းပြသမျှအမှန်တရားတွေကိုတောင်
သံသယဝင်နေတော့တဲ့ပုံရှိပါတယ်..

တစ်ခြားဘာသာတစ်ခုကိုအမုန်းတရားနဲ့နှိမ်နင်းခဲ့
တယ်လို့သူတို့ယူဆနေတဲ့တတိယအချက်က
အင်ဒင်းရွာလူသတ်မှုပါပဲ..
ဘင်ဂါလီအကြမ်းဖတ်သမားတွေကိုတပ်မတော်က
ထိုးစစ်မဆင်ခင်မှာနိုင်ငံတော်အတိုင်ပင်ခံက
ဥပဒေဘောင်အတွင်းကတိုက်ခိုက်ကြဖို့
ကြိုသတိပေးခဲ့တာတွေ့ရပါတယ်..
ကာချုပ်ကြီးကတော့ထိုးစစ်မဆင်ခင်မှာ
အဲ့ဒီလိုကြိုသတိပေးတာမျိုး
မီဒီယာပေါ်မှာတော့မတွေ့ခဲ့ရဘူး။
ပြသနာတွေပေါ်လာပြီးအရေးယူရတော့မဲ့အချိန်မှ
ကာချုပ်ကြီးရဲ့မိန့်ခွန်းတွေမှာ
ဂျနီဗာကွန်ဗန်းရှင်းကိုလိုက်နာရမှာဖြစ်ကြောင်း၊
ဥပဒေဘောင်အတွင်းကလုပ်ရမှာဖြစ်ကြောင်း
ထည့်သွင်းပြောကြားခဲ့တာတွေ့ရတယ်..

လူမျိုးရေးဘာသာရေးအမုန်းတရားနဲ့တမင်လုပ်ခဲ့
တယ်လို့သူတို့ယူဆနေတဲ့စတုတ္ထအချက်ကတော့
အမျိုးချစ်ဆိုသူတွေ၊တပ်မတော်ချစ်ဆိုသူတွေက
တပ်မတော်ထောက်ခံပွဲတွေမှာ
ဖင်မှန်းခေါင်းမှန်းမသိပဲသာသနာ့အလံတွေကို
ထောင်ပြပြီးဘာသာရေးစစ်ပွဲအသွင်
ပုံဖော်ခဲ့ကြတဲ့အချက်ပါပဲ..
မလုပ်သင့်ကြောင်းတားခဲ့သူတွေက
ကု လားနဲ့ပေးစားခံရပါတယ်..
တာဝန်ရှိသူတပ်မတော်အကြီးအကဲတွေကလည်း
မတားမြစ်ခဲ့ပဲမှိန်းနေခဲ့တာတွေ့ရတယ်..

သူတို့တွေအခိုင်အမာထင်မြင်ယူဆနေကြတာက
အဲ့ဒါတွေကြောင့်ပါပဲ။တစ်ကယ်တော့ကျနော်တို့ဟာ
ကိုယ့်စကားတွေနဲ့ကိုယ်ချောင်ပိတ်ခံနေရတာပါ
နိုင်ငံတကာစစ်အင်အားနဲ့စစ်ခင်းရပြီး
တိုင်းပြည်ပျက်သွားနိုင်တဲ့လက်ရှိပြသနာမှာ
လူပုဂ္ဂိုလ်ကိုအပြစ်တင်ရမှာထက်ပြည်သူ့
အရွေးချယ်ခံမဟုတ်တဲ့လူတစ်ယောက်လက်ထဲမှာ
သီးခြားအာဏာအပြည့်နဲ့
သေနတ်ငါးသိန်းထည့်ပေးထားတဲ့
၂၀၀၈အခြေခံဥပဒေကိုပဲအပြစ်တင်ရမှာပါပဲ..

ဦးရဲထွတ်ကအာနန်ကော်မရှင်ကို
နှစ်ဖက်အသွားနဲ့ဓားဆိုပြီးဝေဖန်ခဲ့ဖူးတယ်..
သေနတ်ငါးသိန်းနဲ့သီးခြားအာဏာအပြည့်အပြင်
ဘယ်သူကမှဖြုတ်ချခွင့်မရှိပဲကိုယ့်ကိုကိုယ်
သက်တမ်းတိုးခွင့်အာဏာအပ်နှင်းထားတဲ့
၂၀၀၈အခြေခံဥပဒေကသာလျှင်နှစ်ဖက်အသွားနဲ့
ဓါးအစစ်ပါပဲ..ဘာလို့လဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည်အမှားလုပ်နေရင်
ကျနော်တို့ပြန်ဖြုတ်ချခွင့်ရှိပါတယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမှားလုပ်နေရင်
(ဦးမင်းအောင်လှိုင်ကိုမဆိုလို)ဘယ်သူကမှ
ဖြုတ်ခွင့်မရှိတဲ့အပြင်ကိုယ့်ကိုကိုယ်တောင်
သက်တမ်းတိုးခွင့်ရှိနေပါတယ်..
ဘာအမှားလုပ်လုပ်ဘယ်သူကမှ
ဖြုတ်ချလို့မရတဲ့အတွက်အခွင့်အာဏာအပ်နှင်း
ခံထားရသူရဲ့အတွေး၊အပြော၊အလုပ်
တစ်ချက်မှားတာနဲ့အမျိုးကောဘာသာကော
ပျောက်သွားနိုင်တဲ့(၂၀၀၈)အခြေခံဥပဒေကသာ
ကိုယ့်လက်ကိုယ့်အမျိုးကိုယ့်ဘာသာကိုပြန်ရှနိုင်တဲ့
နှစ်ဖက်အသွားနဲ့ဓားပါပဲ..

ကာချုပ်ကြီးတောင်သူကိုင်ထားတဲ့ဓားက
နှစ်ဖက်အသွားနဲ့ဓားမို့သူ့လက်သူပြန်ရှနေတာပါပဲ
၂၀၀၈ခြေဥကအမျိုးဘာသာ၊သာသနာကို
ကာကွယ်နိုင်တယ်ဆိုတဲ့သူတွေ
ဒီထက်ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတက်လာရင်
မြန်မာပြည်ငြိမ်းချမ်းပြီးကြီးပွားပါပြီ..

N Kham Aung

ZN.H

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: