Archive | May 8, 2018

You are browsing the site archives by date.

ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ နိုဗယ်ဆုရှင်တွေဆို

မေ ၈၊ ၂၀၁၈                                                                                                               Myanmar Muslim Media မြန်မာနိုင်ငံကရိုဟင်ဂျာတွေအကြမ်းဖက်ခံရမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ ဒီနှစ်အစောပိုင်း ဘင်္ဂလားဒေ့ရှ် Cox’s Bazar ကဒုက္ခသည်စခန်းတွေကိုသွားရောက်ခဲ့ပြီးနောက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှစ်ဦးကခေါ်ဆိုလိုက်ပါတယ်။ အီရန်ရှေ့နေ ရှီရင်မ်အီဘာဒီနဲ့ ယီမင်ဂျာနယ်လစ် တာဝက်ကိုလ်ကာမန်တို့ပြီးခဲ့တဲ့အပတ်က ထင်ရှားလူသိများတဲ့ကနေဒါသတင်းစာ The Globe and Mail မှာပူးတွဲဆောင်းပါးရေးသားခဲ့ပြီး အဲဒီထဲမှာ ဒီကနေ့မျက်မှောက်ခေတ်ကာလရဲ့ဒုက္ခသည်ဦးရေအလျင်အမြန်တိုးပွားလာတဲ့အဖြစ်အပျက်ပေါ်မှာ သူတို့ရဲ့မျက်မြင်ကိုယ်တွေ့တွေကိုဖော်ပြထားပါတယ်။ အမျိုးသမီးနှစ်ဦးဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီမှာရိုဟင်ဂျာဒုက္ခသည်တွေဆီသွားရောက်ခဲ့ပြီး အဖိနှိပ်ခံမွတ်စလင်အဖွဲ့ကိုယ်စား တရားမျှတမှုအတွက်ရင်ဆိုင်သွားမယ်လို့ကတိပြုခဲ့ကြပါတယ်။ “စနစ်တကျရက်စက်တဲ့အကြမ်းဖက်မှုပုံစံတွေ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေကျွန်မတို့မြင်တွေ့ကြားသိခဲ့ရပါတယ်။ ရိုဟင်ဂျာတွေအပေါ်ဖြစ်ပျက်နေတဲ့အရာကတော့ လူမျိုးတုံးသတ်ဖြတ်ခံရမှုပဲဖြစ်ပါတယ်”လို့ သူတို့ကဆိုပါတယ်။ မြန်မာစစ်တပ်က ရှင်းလင်းရေးစစ်ဆေးရေးလို့ခေါ်ဆိုတဲ့ စစ်ဆင်ရေးကြောင့် သြဂုတ် ၂၅ရက်နေ့ကတည်းက အနည်းဆုံးရိုဟင်ဂျာ၆၈၇၀၀၀ကျော်ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာခဲ့ကြတယ်လို့ လူသားချင်းစာနာထောက်ထားမှုအေဂျင်စီတွေကပြောကြားထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဗုဒ္ဓဘာသာအကြမ်းဖက်လူအုပ်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓ္ဓမပြုကျင့်မှုတွေနဲ့ မွတ်စလင်ရွာတွေကိုမီးရှို့မှုတွေကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံရမှုရှိနေပြီး ဒါဟာလူမျိုးတုံးသုတ်သင်မှုစံပြဥပမာတွေဖြစ်တယ်လို့ကုလလူ့အခွင့်အရေးအကြီးအကဲကလည်းဖော်ပြပြောဆိုထားပါတယ်။ တစ်ချိန်ကလူ့အခွင့်အရေးချန်ပီယံအဖြစ်အမြင်ခံခဲ့ရတဲ့ မြန်မာခေါင်းဆောင်ဒေါ်စုဟာ ရိုဟင်ဂျာတွေအပေါ်ရက်စက်မှုတွေကိုတားဆီးဖို့နဲ့ သူတို့ရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့ပျက်ကွက်မှုတွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အပြင်းအထန်ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ […]

OIC ရိုဟင်ဂျာအရေးကော်မတီ ဘယ်လို ဦးတည်လှုပ်ရှားမလဲ

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အစည်းအဝေး (Organisation of Islamic Cooperation (OIC) ရိုဟင်ဂျာအရေး ကိုင်တွယ်ဖို့ Gambia နိုင်ငံက ဦးဆောင်မယ့် ၀န်ကြီးများ အဆင့် ad hoc ကော်မတီ တရပ် ဖွဲ့စည်းဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က ဆုံးဖြတ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ၊ မူဝါဒတွေကို ချိုးဖောက်မှုတွေကို တာဝန်ခံမှုရှိစေဖို့၊ တရားစီရင်နိုင်ဖို့ ရည်ရွယ်တဲ့ OIC ရဲ့ ad-hoc ကော်မတီ အနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အပေါ် ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒါကာက OIC ညီလာခံကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာ […]

ရိုဟင်ဂျာရေးရာ ကော်မတီ OIC ဖွဲ့စည်း

OIC အထူးကော်မတီတရပ်ဖွဲ့စည်း (Organization of Islamic Cooperation) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပတဲ့ OIC အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ၂ ရက်ကြာအစည်းအဝေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းပြေလျော့အောင် ဆောင်ရွက်ရေး အထူးကော်မတီတရပ်ဖွဲ့စည်းဖို့ သဘောတူလိုက် ပါတယ်။ ဒီလိုလုပ်ဆောင်ရေးဟာ သိပ်ကို အရေးပါကြောင်းလည်းOIC အကြီးအကဲက ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြတဲ့ အဲဒီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးမယ့် ကော်တီတရပ်ကို ညီလာခံနောက် ဆုံးနေ့ဖြစ် တဲ့ မနေ့ တနင်္ဂနွေနေ့က ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက […]

ကမ္ဘာ့ ​ရှေး​ဟောင်း အ​မွေအနှစ်​စာရင်းဝင်​အာ​မေးနီးယားနိုင်​ငံ က သမိုင်းဝင်​ဗလီ။

Peace time ဂျာနယ်​ 15,Feb,2018 အာ​မေးနီးယားနိုင်​ငံ ​တော်​ရီဗန်​ကာမြို့ရှိ ဗလီပြာ ၀တ်​​ကျောင်း​ တော်​ကို ယူနက်​စကို အဖွဲ့ထံ ကမ္ဘာ့ ​ရှေး​ဟောင်း အ​မွေအနှစ်​ အဖြစ်​ အသိအမှတ်​ပြု​ပေးရန်​ ​လျှောက်​ထားသွား မယ်​လို့ အီရန်​ ယာဉ်​​ကျေးမှု့ဝန်​ကြီး အကြီးအကဲ က​ပြောကြား သွားပါ တယ်​။ . ဗလီပြာကို မွမ်းမံဘို့ လိုအပ်​တာကို သံရုံးက​နေတဆင့်​ ကူညီပံ့ပိုးသွားမယ်​လို့အဆိုပြုခဲ့ပါတယ်​။အီရန်​နိုင်​ငံ အ​နောက်​​မြောက်​ပိုင်းက ယူနက်​စကို ​ရှေး​ဟောင်း အ​မွေအနှစ်​ စားရင်းဝင်​ ခရစ်​ယာန်​ ၀တ်​ပြု​ကျောင်း​တော်​​တွေ ပြန်​လည်​ပြင်​ဆင်​​ရေးအတွက်​ ကန်​​ဒေါ်လာ ၄၂၇၀၀၀ ကို အီရန်​ ယာဉ်​​ကျေးမှု့ ၀န်​ကြီးဌာနက ကူညီခဲ့ပါတယ်​။ . ၎င်း ဗလီပြာ ၀တ်​​ကျောင်း​တော်​ကို ၁၈ ရာစုက တည်​​ဆောက်​ ခဲ့တာဖြစ်​ပြီး ​နောက်​ပိုင်း မှာ […]

နိုင်ငံတွင်းခရစ်ယာန်ဘုရားကျောင်းတွေတည်ဆောက်ဖို့ ဆော်ဒီနဲ့ဗာတီကန်တို့သမိုင်းဝင်သဘောတူညီချက်ရရှိ

မေ ၆၊ ၂၀၁၈                                                                                                              Myanmar Muslim Media ဆော်ဒီဟာနိုင်ငံတွင်း ခရစ်ယာန်ဘုရားကျောင်းတွေတည်ဆောက်ဖို့ ဗာတီကန်နဲ့သမိုင်းဝင်သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါဟာအစ္စလာမ်ရဲ့မြင့်မြတ်တဲ့မြေရှိတဲ့နိုင်ငံရဲ့အံ့သြဖွယ် တိုးတက်မှုအလားအလာကို အရှေ့အလယ်ပိုင်းမီဒီယာကဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ နိုင်ငံရဲ့အလယ်အလတ်အစ္စလာမ်လမ်းစဉ်ပြုပြင်ပြောင်းလဲရေးအားထုတ်မှုတွေကို ဆက်လက်ဖော်ဆောင်သွားတာပဲဖြစ်ပါတယ်။ မွတ်စလင်ကမ္ဘာ့အဖွဲ့ချုပ်က ရှိတ်မိုဟာမက်ဘင်အဘီဒယ်လ်ကရင်မ်အဲလ်အီဆာနဲ့ မတူကွဲပြားတဲ့ဘာသာရေးဆွေနွေးဖလှယ်မှုဆိုင်ရာ ဗာတီကန်ရဲ့ပုပ်ရဟန်းမင်းကြီးဆိုင်ရာကောင်စီဥက္ကဌ ဘုန်းတော်ကြီး ဂျင်းလူးဝစ်သူရန်တို့ဟာ ဧပြီလ၁၄ရက်နေ့မှာ သဘောတူညီလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ အီဂျစ်သတင်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။ သဘောတူညီချက်အောက်မှာ နှစ်ဖက်အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေနဲ့အတူပူးတွဲကော်မတီက ရောမမြို့နဲ့ ကမ္ဘာ့အစ္စလာမ်အဖွဲ့ချုပ်ကရွေးချယ်တဲ့မြို့တွေကြားမှာ အနာဂတ်တွေ့ဆုံပွဲတွေကိုစီစဉ်သွားဖို့ သဘောတူညီခဲ့ပါတယ်။ ကျွန်တော်တို့တွေ့ဆုံမှုတွေမှာ ဆော်ဒီကခရစ်ယာန်နဲ့မွတ်စလင်မဟုတ်သူတွေဟာ သူတို့ဟာဒုတိယအဆင့်နိုင်ငံသားတွေလိုတစ်ခါမှမခံစားရဘူးလို့ ကျောင်းတွေမှာကောင်းကောင်းပြောဆိုခဲ့ကြပါတယ်။ လို့သူရန်ကဗာတီကန်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ဆော်ဒီအာဏာပိုင်တွေက ဆော်ဒီမှာအပြန်အလှန်ဆွေးနွေးမှုတွေရှိတယ်ဆိုတာကို ပြသချင်သလို နိုင်ငံရဲ့ပုံရိပ်အပြောင်းအလဲကိုပြသချင်နေတယ်လို့သူယုံကြည်ထားတယ်လို့ဆိုပါတယ်။ သူရန်ရဲ့ခရီးစဉ်ဟာ ဆော်ဒီဘုရင်အတွက်ဗာတီကန်က ပုံရိပ်မြင့်မားတဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံတာပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ၀ဟ်ဘီဝါဒရဲ့ပြင်းထန်တဲ့အယူဝါဒလွှမ်းမိုးခံရတဲ့ဆော်ဒီဟာ ခရစ်ယာန်ဝတ်ပြုမှုဘုရားကျောင်းတည်ဆောက်မှုတွေကိုပိတ်ပင်ထားတဲ့ ဒေသတွင်းတစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ အစ္စလာမ်ရဲ့မြင့်မြတ်တဲ့မြေဖြစ်တဲ့ မက္ကာနဲ့မဒီနာမှာ ဒီအပြောင်းအလဲက အစ္စလာမ်မစ်ဝါဒီတွေကြား ဒေါသထွက်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ခရစ်ယာန်အများစုဖြစ်တဲ့နိုင်ငံခြားသားလုပ်သားအများအပြားဟာ ၀တ်ပြုဖို့နယ်စပ်ဖြတ်ကျော်ထွက်နေရတဲ့အပေါ် ဗာတီကန်ကခရစ်ယာန်ဘုရားကျောင်းတွေဆောက်လုပ်ပေးဖို့ တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆဲလ်မန်က […]