Archive | May 9, 2018

You are browsing the site archives by date.

ဘင်္ဂါလီများတိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေး ရန် မြန်မာကို ဖိအားပေးမှု တရုတ်ဆန့်ကျင်

ရန်ကုန်၊ မေ ၉ ဘင်္ဂါလီများတိုက်ခိုက်ခံရမှုကို မြန်မာက တာဝန်ယူရေး ဖိအားတိုးပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က ဦးဆောင်ဖိအားပေးမှုကို တရုတ်က ဆန့်ကျင်လျက်ရှိကြောင်း AFP သတင်းဌာနက ရေးသားသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ပဋိပက္ခဖြေရှင်းရေး အဆင့်များပါဝင်သည့် ထုတ်ပြန်ချက်တစ်ခုကို ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။ လူ့အခွင့်အရေး အကြမ်းဖက်ခံရမှုကို အာမခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးမှုခြင်း၏ အရေးကြီးမှုကို အလေးအနက်ထားသည့် ဖော်ပြချက်မူကြမ်းတစ်ခုကို ဗြိတိန်က ပြီးခဲ့သည့်တစ်ပတ်က တွက်ချက်ရေးသားခဲ့ပြီိးု မြန်မာက တာဝန်ယူမှုများ လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တည်းက မြန်မာနိုင်ငံ၏ ထောက်ခံသူဖြစ်ခဲ့သည့် တရုတ်သည် ဖော်ပြထားသည့် စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ယူမှုများအားလုံးကို ထုတ်ပယ်ထားသည့် အသစ်ပြင်ဆင်သည့် ထုတ်ပြန်ချက်တစ်ခုကို မေလ ၇ ရက်နေ့က […]

ရဲကင်းစခန်းတွင် မူးယစ်ဆေး ဖမ်းမိရာမှ WY ဆေးပြား ကျပ်သိန်း ငါးသောင်း နီးပါးဖိုး ဖမ်းမိ

ရန်ကုန်၊ မေ ၈ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝင်ချောင်း ရဲကင်းစခန်းတွင် ယနေ့ (မေ ၈) နံနက်ပိုင်းက WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၅၀၀၀ ပြားအားနှင့်အတူ တပ်သား အောင်ကျော်နိုင်နှင့် ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှ အောင်သန်းဌေးတို့ကို ဖမ်းမိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ ၎င်းတို့ကို စစ်ဆေးချက်အရ အောင်သန်းဌေး၏ မိခင်နေထိုင်သည့် ကုန်းတန်းကျေးရွာရှိ နေအိမ်သို့ ဆေးပြား ၁၆ သိန်းကို ထပ်မံဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အောင်သန်းဌေး၏ မိခင်ဒေါ်ကျင်စိန်နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်း အတွင်းတွင် အ၀ါရောင် ဆာလာအိတ် ရှစ် အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခြင်းဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စုစုပေါင်း WY စာတမ်းပါ […]

ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်းဖော်ထုတ်မှု လိုကြောင်း ဗြိတိန် သံမတ်ပြော

မြန်မာနိုင်ငံမှာ တာဝန် သက်တမ်း ပြီးဆုံးတော့ မှာ ဖြစ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး အင်ဒရူးပက်ထရစ်ကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်းရာမှာ ရခိုင်အရေးနဲ့ ပါတ်သက်ပြီး သူက အခုလိုပြော ပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြဿနာဖြစ်ကြောင်း နိုင်ငံတကာက မီဒီယာသတင်းတွေကို ဖတ်တာနဲ့ သိနိုင်ပါတယ်။ မြန်မာပြည်က လူနဲ့မေးကြည့်ရင် အမြင်တမျိုးဖြစ်ပြီး ပြည်ပက လူကလည်း အမြင်တမျိုးရှိတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အမြင်တော်တော် ကွဲလွဲပါတယ်။ ဒီပြဿနာတွေ ပြေလည်ဖို့အတွက် ယုံကြည်စိတ်ချရပြီး လွတ်လပ်တဲ့ စုံစမ်း ဖော်ထုတ်မှု လုပ်ဖို့လိုတယ်။ အဲဒီအဖွဲ့ဟာ အခြေအနေမှန်ကို စုံစမ်းဖော်ထုတ်ပြီး ကျွန်တော်တို့ကို ပြောပြဖို့လိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်က ဘာမှမဖြစ်ဘူးလို့ အခိုင်အမာပြောတယ်။ ဒါပေမယ့် လူတွေက […]