Archive | May 10, 2018

You are browsing the site archives by date.

ကမ္ဘာပေါ်တွင်စစ်တပ်မရှိသောနိုင်ငံများ

1.Andorra 2.Costa Rica (1948မှစ၍မရှိ) 3.Dominica (1981မှစ၍မရှိ) 4.Grenada (1983မှစ၍မရှိ) 5.Haiti (1995မှစ၍မရှိ) 6.Iceland (1869မှစ၍မရှိ) 7.Kiribati (1978မှစ၍မရှိ) 8.Liechtenstein (1868မှစ၍မရှိ) 9.The Marshall Islands 10.Mauritius (1968မှစ၍မရှိ) 11.Micronesia 12.Monaco (17ရာစုမှစ၍မရှိ) 13.Nauru 14.Palau 15.Panama (1990မှစ၍မရှိ) 16.St.Lucia 17.St.Vincent and the Grenadines 18.Samoa 19.Solomon Islands 20.Tuvalu 21.Vanuatu 22.Vatican City Source~ Internet Advertisements

အံ့မခန်းမဟာသီပြန်လာပြီ

မေ ၁၀၊ ၂၀၁၈                                                                                                           Myanmar Muslim Media မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က အနားယူပြီးနောက်၁၅နှစ်အကြာမှာ အံ့သြဖွယ်ကောင်းစွာပြန်လာပြီး ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ အသက်၉၂နှစ်အရွယ် မာဟာသီယာဟာ ကြာသပတေးနေ့မှာသစ္စာဆိုပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ မဟာသီယာဟာ မလေးဝန်ကြီးချုပ်အဖြစ် ၁၉၈၁ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိ၂၂နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနောက်ကျကျန်နေခဲ့တဲ့နိုင်ငံကို အာရှရဲ့စီးပွားရေးဦးဆောင်အဖြစ်ပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်။ သူဟာမလေးရှားခေတ်သစ်ပြောင်းလဲမှုရဲ့ ဖခင်အဖြစ်လူသိများထင်ရှားပြီး ၁၉၉၈ခုနှစ်အာရှအကြပ်အတည်းကနေ နိုင်ငံကို စီးပွားရေးကျားတစ်ကောင်အဖြစ်ဦးဆောင်မောင်းနှင်ပေးခဲ့ပါတယ်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ အမေရိကန်မှာစက်တင်ဘာ၁၁ရက်နေ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မွတ်စလင်ကမ္ဘာရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့စစ်ပွဲကို သူကထောက်ခံခဲ့ပါတယ်။ မဟာသီယာဟာလက်ရှိအာဏာရပါတီ မလေးရှားအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့အစည်း (UMNO) ကနေ ၂၀၁၆ခုနှစ်မှာနုတ်ထွက်ခဲ့ပြီး အတိုက်အခံပါတီနဲ့ပူးပေါင်းခဲ့ပါတယ်။ ၂၀၀၉ခုနှစ်ကတည်းက၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီးတတိယသက်တမ်းတာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့နိုင်ငံရေးတပည့်ရင်း နာဂျစ်ရာဇက်ကိုဖြုတ်ချဖို့ သူကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နာဂျစ်ဟာနိုင်ငံတော်ရဲ့ဒေါ်လာဘီလီယံချီတဲ့ရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်မှုအတွက်စွပ်စွဲခံနေရပြီး သူကတော့စွပ်စွဲချက်တွေကိုငြင်းဆန်ထားပါတယ်။ ၂၀၁၆ခုနှစ် အဲလ်ဂျာဇီးယားနဲ့အင်တာဗျူးမှာ မဟာသီယာက နာဂျစ်ကိုဆန့်ကျင်သွားဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းကသူဟာလမ်းကြောင်းပေါ်ကနေသွေဖယ်သွားခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ “သူမှားယွင်းတဲ့အရာတွေအများကြီးလုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့သူဟာနိုင်ငံကို စီးပွားရေးကော နိုင်ငံရေးကောအရမ်းကိုဆိုးရွားတဲ့နေရာကိုပို့လိုက်တာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်းသူဟာနာမည်ပျက်နေပါပြီ ဒါကြောင့်သူသွားရတော့မှာပါ” လို့သူကပြောကြားခဲ့ပါတယ်။ […]

အသက်​ ၉၂ နှစ်​ အသက်​အကြီးဆုံး ​ခေါင်း ​ဆောင်း ​မေ ၁၀ ရက်​​နေ့ ကျမ်းသစ္စ ဆိုမည်

မလေးရှားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ​ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် အနိုင်ရ ရပြီး အသက်၉၂ နှစ်ဖြင့် အသက်အကြီးဆုံးနိုင်ငံ့ခေါင်း ​ဆောင် ဖြစ်လာမည် ယနေ့ (မေ ၁၀) ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြုမည် —–  —–   —–  —— မလေးရှားနိုင်ငံတွင် မေ ၉က ကျင်းပခဲ့ သည့်အထွေထွေ ရွေးကောက်ပွဲတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က အံ့သြဖွယ်ရာ အနိုင်ရရှိ သွားခဲ့သည်။  ဒေါက်တာ မဟာသီယာမိုဟာမက်မှာ အသက် ၉၂ နှစ်ရှိနေပြီဖြစ်ပြီး မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ မှ ၂၀၀၃ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာသီယာဦးဆောင်သည့် မျှော်လင့်ခြင်းမဟာမိတ် (Pakatan Harapan ( PPBM )ပါတီသည် လက်ရှိဝန်ကြီးချုပ်နာဂျစ်ရာဇက်၏ Barisan […]

Malaysia election: Opposition scores historic victory

Image copyrightAFPImage captionMr Mahathir said he hoped a swearing-in ceremony would be held on Thursday Former Malaysian Prime Minister Mahathir Mohamad has scored a historic victory in the general election. At the age of 92, Mr Mahathir defeated the Barisan Nasional coalition, which has been in power 60 years. He had come out of retirement […]

အသက် ၉၂ နှစ် မဟာသီယာ တကျော့ပြန် အနိုင်ယူ

မလေးရှား နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ အသက် ၉၂ နှစ် အရွယ် မဟာသီယာ မိုဟာမက်ဒ် တကျော့ပြန် အနိုင်ယူ လိုက်ပါတယ်။ သမိုင်းဝင်လို့ ပြောရတာက အနှစ် ၆ဝ ကျော် တိုင်းပြည် အာဏာကို ဆုပ်ကိုင် ထားတဲ့ လက်ျာ နိုင်ငံရေး တပ်ပေါင်းစု ဖြစ်တဲ့ ဘာရီဆန် နယ်ရှင်နယ် အတိုကောက် BN ပါတီ ရှုံးနိမ့် သွားလို့ ဖြစ်ပါတယ်။ မစ္စတာ မဟာသီယာ ဦးဆောင်တဲ့ Pakatan Harapan  ဆိုတဲ့ ညွန့်ပေါင်း အုပ်စု အနေနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ပါလီမန်နေရာ ၁၁၂ နေရာထက် ကျော်လွန်ပြီး၊ ၁၁၅ နေရာ အထိ ရရှိ ခဲ့တယ် […]

ဒါကာကြေညာချက်တွင် ရခိုင်ပြည်နယ်၏ အခြေအနေ အား ရည်ညွှန်းဖော်ပြ ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ က တုံ့ပြန်

၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သော ဒါကာကြေညာချက် တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြ ထားခဲ့ပါသည်။ ယင်းကြေညာချက်မှာ ဟန်ချက်ညီမျှမှု၊ တရားမျှတမှု ကင်းမဲ့သည့်အပြင် ယနေ့ကြုံတွေ့နေရသည့် လူသားချင်း စာနာမှု အခြေအနေများကို စတင်ဖြစ်ပွားစေခဲ့သော Arakan Rohingya Salvation Army (ARSA) အမည်ရှိ အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်မှုများကိုမူ ရှုတ်ချခြင်း အလျဉ်းမရှိကြောင်း တွေ့ရှိရ ပါသည်။ ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များအား “လူမျိုးစု သုတ်သင်ရှင်းလင်းမှု”၊ “အစိုးရ အားပေးသည့် အကြမ်းဖက်မှု” […]

နိုင်ငံတကာ ရာဇာဝတ်ခုံရုံး (ICC) မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနကို ရိုဟင်ဂျာအရေး ကိစ္စ တင်ပြရန် စာပို့

. အစတည်းက ရိုဟင်ဂျာ အပေါ်မှာ ဂျီနိုဆိုဒ် ဖြစ်ကြောင်း တစာစာအော်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကတော့ မဟာအခွင့်အရေး ရပြီလို့ တောင်  ပြောလို့ ရတယ်။