Leave a comment

အသက်​ ၉၂ နှစ်​ အသက်​အကြီးဆုံး ​ခေါင်း ​ဆောင်း ​မေ ၁၀ ရက်​​နေ့ ကျမ်းသစ္စ ဆိုမည်

image

မလေးရှားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ​ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် အနိုင်ရ ရပြီး အသက်၉၂ နှစ်ဖြင့် အသက်အကြီးဆုံးနိုင်ငံ့ခေါင်း ​ဆောင် ဖြစ်လာမည်

ယနေ့ (မေ ၁၀) ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြုမည်
—–  —–   —–  ——

မလေးရှားနိုင်ငံတွင် မေ ၉က ကျင်းပခဲ့ သည့်အထွေထွေ
ရွေးကောက်ပွဲတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က အံ့သြဖွယ်ရာ အနိုင်ရရှိ
သွားခဲ့သည်။ 

ဒေါက်တာ မဟာသီယာမိုဟာမက်မှာ အသက် ၉၂ နှစ်ရှိနေပြီဖြစ်ပြီး မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ မှ ၂၀၀၃ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာသီယာဦးဆောင်သည့် မျှော်လင့်ခြင်းမဟာမိတ် (Pakatan Harapan ( PPBM )ပါတီသည် လက်ရှိဝန်ကြီးချုပ်နာဂျစ်ရာဇက်၏ Barisan Nasional ( UMNO) အမျိုးသားရေးတပ်ဦးပါတီကို ဖြတ်ကျော်အနိုင်ရခဲ့ခြင်းဖြစ်သည်။

မလေးရှားလွှတ်တော် Dewan Rakyat တွင် အမတ်နေရာ ၂၂၂ နေရာရှိပြီး အစိုးရဖွဲ့ နိုင်ရေးအတွက်အမတ်နေရာ ၁၂၂ နေရာလိုအပ်ကာ မဟာသီယာ၏ပါတီက Popular ဆန္ဒမဲ ၅၄၄၅၂၆၃ အပါအဝင် ဆန္ဒမဲပေးသူများ၏ ၄၅% ကိုရရှိခဲ့ပြီး Dewan Rakyat (အောက်လွှတ်တော်) အမတ်၁၂၃ နေရာ အနိုင်ရရှိခဲ့သည်။ 

လက်ရှိဝန်ကြီးချုပ် နာဂျစ်၏ပါတီကမူ Popular ဆန္ဒမဲ
၃၇၉၄၂၈၃ အပါအဝင် ဆန္ဒမဲပေးသူများ၏ မဲ ၃၂% ရာခိုင်နှုန်းကိုသာ ရရှိခဲ့ကာ လွှတ်တော်အမတ် ၇၉ နေရာသာ ရရှိခဲ့သည်။ တတိယနေရာမှမဲအများဆုံးရရှိခဲ့သူမှာ
ဟာဒီအန်းဦးဆောင်သည့် အစ္စလာမ်ဦးစားပေးဝါဒီအသားပေးမူဝါဒကိုင်စွဲထားသည့်  ဂါဂါဆာဆီဂျက်သာ ပါတီဖြစ်ပြီး မဲပေးသူများ၏ ဆန္ဒမဲ ၁၆ % အမတ် ၁၈ နေရာသာရခဲ့သည်။ 

မဲစာရင်းရလဒ်များကိုထုတ်ပြန်ကြေညာပြီးနောက် မဟာသီယာမိုဟာမက်အနိုင်ရသွားချိန်တွင် ၄င်းကို အားပေးထောက်ခံသူများက လမ်းမများပေါ်ထွက်ကာ အောင်ပွဲခံခဲ့သည်။ မဟာသီယာမိုဟာမက်မှာ ယနေ့ ( မေ ၁၀ )တွင် ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြု မည်ဖြစ်ပြီး လက်စားချေမှု့ ကို ပြုလုပ်မည်မဟုတ်ဘဲ တရားဥပဒေပြန်လည်စိုး မိုးရေးကိုသာရှေ့ ရူလုပ်ဆောင်မည်ဟု ကတိပေးခဲ့သည်။

The Ladies News

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: