Archive | May 14, 2018

You are browsing the site archives by date.

မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေကို သီရိလင်္ကာဘုန်းကြီးတွေရှုတ်ချ

မေ ၁၄၊ ၂၀၁၈   Myanmar Muslim Media ၇နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်အစိုးရကအရေးပေါ်အခြေအနေကြေငြာခဲ့ရတဲ့ နိုင်ငံရဲ့လူများ စုဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေကြားပဋိပက္ခအကြမ်းဖက်မှုတွေကိုဆန္ဒပြဖို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ တက်ကြွလှုပ်ရှားသူရာပေါင်းများစွာဟာ ကိုလန်ဘိုမြို့မှာသောကြာနေ့ကစုဝေးခဲ့ကြပါတယ်။ လမ်းပိတ်ဆို့မှုနဲ့ပတ်သက်ပြီး မွတ်စလင်အမျိုးသား တစ်ဖွဲ့နဲ့စကားများပြီး စင်ဟာလီတစ်ဦးသေ ဆုံးပြီးနောက် အဓိကရုဏ်းတွေဟာ ကန်ဒီမြို့လယ်ဝန်းကျင်မှာဖြစ်ပေါ်လာခဲ့ပါတယ်။မီးရှို့ထားတဲ့အဆောက်အဦးထဲမှာ မွတ်စလင်အမျိုးသားတစ်ဦးရဲ့အလောင်းကိုရှာတွေ့ခဲ့ပြီးနောက် မတ်လ၆ရက်နေ့မှာ တင်းမာမှုတွေမြင့်တက် လာခဲ့ တာဖြစ်ပါ တယ်။ အဓိကရုဏ်းတွေ ဗုဒ္ဓဘာသာ အကြမ်းဖက်လူအုပ်တွေရဲ့ရက်ဆက်များစွာ တိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦးသေဆုံး ပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိ ခဲ့သလို ဗလီတွေ ဒါဇင်နဲ့ချီတဲ့အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေဖျက်ဆီးခံခဲ့ရပါတယ်။ National Bhikku Front ရဲ့ကိုယ်စား လှယ်တွေက ကိုလန်ဘိုမြို့မှာအသံ တိတ်ဆန္ဒပြမှုဟာ သီရိလင်္ကာလူ့အဖွဲ့ အစည်းကြားစိတ်ဝမ်းကွဲမှုကိုပြန်လည်ဖြစ်ပေါ်စေတဲ့အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဖြစ် တယ်လို့ပြောကြားခဲ့ပါတယ်။ “အသိုင်းအ၀န်းကြားထိပ်တိုက်တွေ့မှုတွေဟာ အမျိုးသားစည်းလုံး ညီညွတ်မှု ကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ […]

ရိုဟင်ဂျာ အခြေအနေကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာ ညီလာခံတရပ်ကို ဒီနှစ်အတွင်း ကျင်းပဖို့ ပုပ်ရဟန်း မင်းကြီး​ပြော

VOA Burmese ရိုဟင်ဂျာ အခြေအနေကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာညီလာခံတရပ်ကို ဒီနှစ်အတွင်း ကျင်းပ ဖို့ ပုပ်ရဟန်း မင်းကြီးက သဘောတူ ခဲ့တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ပြောကြားသည်​။ နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ လူဦးရေ စုစုပေါင်း နှစ်သန်းရှိနေပြီး အဲဒီထဲက တသန်းဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပြီး၊ နောက်ထပ် တသန်းကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား စတဲ့နိုင်ငံတွေမှာ ရောက်ရှိနေပြီး သူတို့ အခြေအနေကို ကူညီဖြေရှင်းဖို့ နိုင်ငံတကာညီလာခံတရပ်ကို ဒီနှစ်အတွင်း ကျင်းပဖို့ ပုပ်ရဟန်းမင်းကြီးက သဘောတူခဲ့တယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။ “အကူအညီလိုအပ်နေတဲ့ လူဦးရေ နှစ်သန်းအတွက် ဘယ်လိုအထောက်အကူတွေပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့  နိုင်ငံတကာ အစည်းအဝေးတခု ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ စီစဉ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးကို […]

မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြ ထားသော “ မေယုနယ်ခြားခရိုင် “

(၁၉၆၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းက ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ အတွဲ-၉၊ အပိုင်း-က တွင် ပါရှိသည့် “မေယု နယ်ခြားခရိုင်” ကို ပြန်လည် ကူးယူဖော်ပြပါသည်။ မြန်မာအစိုးရက ဘင်္ဂါလီဟု ခေါ်ဆို၍ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာဟု ဖော်ပြသော လူမျိုးစုနှင့် ဆက်စပ်၍ ပထဝီနောက်ခံနှင့် သမိုင်းအခြေအနေကို လေ့လာနိုင်ရန် ထပ်ဆင့် ဖော်ပြခြင်း ဖြစ်ပါသည်။ သတ်ပုံနှင့် အသုံးအနှုန်းများမှာ မူရင်းအတိုင်း ဖြစ်သည်။) မေယုနယ်ခြားခရိုင်သည် နယ်ခြားအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသော ခရိုင်ဖြစ်၏။ နယ်ခြား အုပ်ချုပ်ရေးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးနောက် မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် အကြောင်းကြောင်း တို့ကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ […]