Leave a comment

မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေကို သီရိလင်္ကာဘုန်းကြီးတွေရှုတ်ချ

image

မေ ၁၄၊ ၂၀၁၈

  Myanmar Muslim Media

၇နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်အစိုးရကအရေးပေါ်အခြေအနေကြေငြာခဲ့ရတဲ့ နိုင်ငံရဲ့လူများ စုဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေကြားပဋိပက္ခအကြမ်းဖက်မှုတွေကိုဆန္ဒပြဖို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ တက်ကြွလှုပ်ရှားသူရာပေါင်းများစွာဟာ ကိုလန်ဘိုမြို့မှာသောကြာနေ့ကစုဝေးခဲ့ကြပါတယ်။

လမ်းပိတ်ဆို့မှုနဲ့ပတ်သက်ပြီး မွတ်စလင်အမျိုးသား တစ်ဖွဲ့နဲ့စကားများပြီး စင်ဟာလီတစ်ဦးသေ ဆုံးပြီးနောက် အဓိကရုဏ်းတွေဟာ ကန်ဒီမြို့လယ်ဝန်းကျင်မှာဖြစ်ပေါ်လာခဲ့ပါတယ်။မီးရှို့ထားတဲ့အဆောက်အဦးထဲမှာ မွတ်စလင်အမျိုးသားတစ်ဦးရဲ့အလောင်းကိုရှာတွေ့ခဲ့ပြီးနောက် မတ်လ၆ရက်နေ့မှာ တင်းမာမှုတွေမြင့်တက် လာခဲ့ တာဖြစ်ပါ တယ်။ အဓိကရုဏ်းတွေ ဗုဒ္ဓဘာသာ အကြမ်းဖက်လူအုပ်တွေရဲ့ရက်ဆက်များစွာ တိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦးသေဆုံး ပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိ ခဲ့သလို ဗလီတွေ ဒါဇင်နဲ့ချီတဲ့အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေဖျက်ဆီးခံခဲ့ရပါတယ်။

National Bhikku Front ရဲ့ကိုယ်စား လှယ်တွေက ကိုလန်ဘိုမြို့မှာအသံ တိတ်ဆန္ဒပြမှုဟာ သီရိလင်္ကာလူ့အဖွဲ့ အစည်းကြားစိတ်ဝမ်းကွဲမှုကိုပြန်လည်ဖြစ်ပေါ်စေတဲ့အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဖြစ် တယ်လို့ပြောကြားခဲ့ပါတယ်။ “အသိုင်းအ၀န်းကြားထိပ်တိုက်တွေ့မှုတွေဟာ အမျိုးသားစည်းလုံး ညီညွတ်မှု ကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ ဒီအလားအလာ ကိုကျွန်တော်တို့တားဆီးနှိမ်နင်း သွားရမှာဖြစ် ပါတယ်”လို့ ဘုန်းကြီးတွေကပြောကြား ခဲ့ပါတယ်။

ဆန္ဒပြဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်း သူတွေ အနုပညာရှင်တွေ လူမှုအဖွဲ့ အစည်းကကိုယ်စားလှယ်တွေ အစ္စလာမ်မစ်အဖွဲ့တွေအပါအ၀င် တက်ကြွလှုပ်ရှားသူတွေက ပူးပေါင်းပါဝင် ခဲ့ပါတယ်။ “ကန်ဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဟာ သီးခြားဖြစ်ပျက်ခဲ့ခြင်းမဟုတ်ပဲ စေ့ဆော် မှုတွေကြောင့်ဖြစ် ပျက် ခဲ့တာပါ” လို့ JVP အဖွဲ့ရဲ့ခေါင်းဆောင် အန်နူရာဒီဆန်နာယာကပြောကြားခဲ့ပါတယ်။ “အမျိုးမျိုးသောပါတီ အဖွဲ့တွေကြောင့် ကွန်မြူနစ်ဝါဒဟာနိုင်ငံတ၀န်း စနစ်တကျနှိုးဆော်မှုတွေဖြစ်နေခဲ့ပါတယ်”

“အဖြေရှာရမဲ့အစာား တစ်ချို့နိုင်ငံရေး လှုပ်ရှားမှုတွေဟာ သူတို့ရဲ့အဖွဲ့ အစည်းတွေထဲကွန်မြူနစ်ဝါဒ ကိုဖြန့်ဝေပေးနေပါတယ်။နိုင်ငံရေးကလူတွေကိုခွဲပစ်ခဲ့ပါတယ်။ ဒီလိုမျိုးကျွန်တော်တို့နိုင်ငံမှာထွက်ပေါ်လာတဲ့ကွန်မြူနစ်ဝါဒကိုနှိမ်နင်းသွားရမယ်”လို့ ဒီဆန်နာယာက ကပြောကြား ခဲ့ပါတယ်။ အလယ်အလတ်ဗုဒ္ဓဘာသာခေါင်းဆောင်တွေဟာ အကြမ်းဖက်မှုတွေကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး စည်းလုံးညီညွတ်မှုရှိတာကိုပြသတဲ့အနေနဲ့သောကြာနေ့ဝတ်ပြုချိန်အတွင်း ဗုဒ္ဓဘာသာဘုန်းကြီးတွေ က ဗလီတွေကိုသွားရောက်တဲ့ပုံတွေနဲ့ လူမှုမီဒီယာတွေမှာဖြန့်ဝေပေးခဲ့ကြပါတယ်။ “ကျွန်တော်တို့ အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရပါမယ်။ ဒီလိုအန္တရာယ်ရှိတဲ့လုပ်ရပ်တွေကိုလူတစ်ချို့ကသာလုပ်ဆောင်ကြတာပါ” လို့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက အဓိကရုဏ်း သမားတွေကိုရည်ညွှန်းပြောဆိုလိုက်ပါ တယ်။

အဓိကရုဏ်းကျူးလွန်တဲ့သံသယရှိသူတွေကိုရဲတွေကဖမ်းဆီးခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အဖြစ်လူသိများတဲ့ သူတို့ခေါင်းဆောင်စင်ဟာလီ အမျိုးသား အမစ်ဝီရာဆင်ဂ်ကိုပါဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အတောအ တွင်းအကြမ်းဖက်မှုဒဏ်ခံခဲ့ရတဲ့ ကန်ဒီကမွတ်စလင်အိမ်နီးချင်းတွေဟာ သောကြာနေ့ကဆိုင်တွေ စီးးပွားရေးလုပ်ငန်းတွေကိုပြန်လည်ဖွင့်နေကြပြီဖြစ်ပါတယ်။ စနေနေ့ကသီရိလင်္ကာသမ္မတ မိုင်သရီပါလာဆရီစီနာက ညမထွက်ရအမိန့်ကို ရုတ်သိမ်းပြီး တိုက်ခိုက်မှုတွေကိုစုံ စမ်းစစ်ဆေးသွားဖို့ အနားယူသွားတဲ့ တရားသူကြီးတွေပါတဲ့ အဖွဲ့ဝင်သုံးယောက်ကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ စစ်တပ်အဖွဲ့ဝင်တွေ ကတော့ နောက်ထပ်အကြမ်းဖက်မှုတွေဖြစ်ပေါ်လာနိုင်တာကိုပူပန်တာကြောင့် လမ်းတွေမှာ ဆက်လက် လှည့်လည်စောင့်ကြည့်လျက်ရှိပါတယ်။

၂၀၁၁ ကကောက်ယူခဲ့တဲ့သန်းခေါင်စာ ရင်းအရ နိုင်ငံရဲ့လူများစုဗုဒ္ဓ ဘာသာဝင်တွေဟာ ၇၀.၂%ရှိပါတယ်။ ဟိန္နူက ၁၂.၆%ဖြစ်ပြီး မွတ်စလင်က ၉.၇%နဲ့ ခရစ်ယာန်က ၇.၄%ရှိပါတယ်။ ဒီအဓိကရုဏ်းအကြမ်းဖက် မှုတွေဟာ နှစ်ပေါင်း၃၀နီးပါးဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်ဒဏ်ကို ကုစားနေနေရသေးတဲ့အချိန် တောင် အာရှနိုင်ငံလေးကိုပြန်လည်မတည်မငြိမ်ဖြစ်လာမှာပါစိုးရိမ်နေကြပါတယ်။

Global Buddhist Door သတင်းဌာနပါ Craig Lewis ရေးသားသည့် “Buddhist Monks in Sri Lanka Decry Anti-Muslim Riots” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: