Leave a comment

အစိုးရဟောင်းလက်ထက် အဂတိ လိုက်စား မှုတွေ ကို မလေးရှားစုံစမ်း စစ်ဆေးမည်

image

မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲကို မကြာခင် ခန့်အပ်သွားမှာဖြစ်ပြီး အရင် အစိုးရ လက်ထက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတိုင်းကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဟာသီယာက အခုလို ပြောကြား လိုက်တာဖြစ်ပြီး အရင်အစိုးရ လက်ထက်က စာရွက်စာတမ်းအထောက်အထားတွေကို တခုမှ မဖျက်ဆီးကြဖို့လည်း သတိပေးလိုက်ပါ တယ်။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ရဲ့ အစိုးရ 1MDB ရန်ပုံငွေ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် မလေးရှားရှေ့နေချုပ်ကိုလည်း တာဝန်က ရပ်ဆိုင်းလိုက်ပြီး သူ့နေရာမှာ လက်ထောက်ရှေ့နေချုပ် ကို ခေတ္တတာဝန်ပေးအပ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်ဟာ အစိုးရရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာသန်း ၄၅ဝဝ ခန့်ကို ဝန်ကြီးချုပ်နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲလွှဲခဲ့ကြောင်း အမေရိကန်စုံစမ်းရေးမှူးတွေက တွေ့ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်နဲ့ 1MDB အဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မလေးရှား ပြည်တွင်းစုံစမ်းရေး အဖွဲ့တွေက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

တချိန်ထဲမှာလည်း ဝန်ကြီးချုပ်ဟောင်းနာဂျစ်ဟာ ဒီရန်ပုံငွေကိစ္စ စုံစမ်းစစ်ဆေးတာတွေကို ပိတ်ပင်တားဆီးမှုတွေ လုပ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲဟောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့က ဒီကနေ့မှာ တိုင်စာပို့ထားတယ်လို့ သိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: