Archive | May 16, 2018

You are browsing the site archives by date.

ဟာဝါယီမီး​တောင်​ ​ပေါက်​ကွဲမှုသတင်း

ဟာဝါအီမီး တောင်ပေါက်ကွဲမှုကြောင့် မီးခိုးတွေထဲမှာ အဆိပ်သင့်နေပြီး အခြေအနေဟာ အနီရောင်အဆင့် အစိုးရိမ်ရဆုံး ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာဝါအီမီး တောင်ပေါက်ကွဲမှုကြောင့် မီးခိုးတွေထဲမှာ အဆိပ်သင့်နေပြီး အခြေအနေဟာ အနီရောင်အဆင့် အစိုးရိမ်ရဆုံး ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားလာတာ ၁၀ ရက်ကျော် ကြာပြီဖြစ်ပြီး ချော်ရည်တွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ကို ရောက်ရှိခဲ့ပါတယ်။ ဒီကနေ့ မေလ ၁၆ ရက်နေ့မှာတော့ ချော်ရည်တွေရဲ့ အပူချိန်ဟာ ၂၁၇ ဒီဂရီ ဖာရင်ဟိုက်ကို ရောက်ရှိတယ်လို့ တိုင်းတာတဲ့အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မနေ့က ဆိုရင် ပြာမှုန့်တွေ မှုတ်ထုတ်မှုဟာ လေထုရဲ့ ပေ […]

ဂါဇာကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် ထရန့်နဲ့နေတန်ယာဟုမှာ တာဝန်ရှိတယ်လို့ စီအိုင်အေဒါရိုက်တာဟောင်းဆို

မေ ၁၆၊ ၂၀၁၈                                                                                                               Myanmar Muslim Media အမေရိကန်ထောက်လှမ်းရေးဗဟိုအေဂျင်စီ(CIA)ရဲ့ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူက အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုတို့ဟာ တနင်္လာနေ့ကဂါဇာမှာ ပါလက်စတိုင်းတွေကို အစ္စရေးရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက်တာဝန်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။ ၂၀၁၃မတ်လကနေ ၂၀၁၇ဇန်န၀ါရီထိ CIA အကြီးအကဲဖြစ်ခဲ့တဲ့ဂျွန်ဘရန်နန်က ဂါဇာကသေဆုံးမှုတွေဟာ ပါလက်စတိုင်းတွေရဲ့အခွင့်အရေးနဲ့သူတို့ရဲ့အမိမြေအတွက် ထရန့်နဲ့နေတန်ယာဟုတို့က လျစ်လျူရှုထားတယ်ဆိုတာကိုလှစ်ဟာပြလိုက်တာပဲဖြစ်ပါတယ်။ ဂျေရုဆလင်ကိုအမေရိကန်သံရုံးရွှေ့ပြောင်းမှုအပေါ်သူကဝေဖန်ခဲ့ပြီး သမ္မတဟာ ငြိမ်းချမ်းရေးဖန်တီးတဲ့အမေရိကန်ရဲ့အခန်းကဏ္ဍကိုဖျက်ဆီးပစ်လိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က ဂါဇာပြည်နယ်အတွင်းငြိမ်းချမ်းစွာဆန္ဒပြသူ၆၁ယောက်ကို အစ္စရေးစစ်တပ်ကသတ်ဖြတ်ခဲ့ပြီး လူပေါင်း၂၂၀၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ Middle East Monitor သတင်းဌာနပါ “Former CIA director: Trump and Netanyahu responsible for Gaza massacre” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

ကြေးမုံသတင်းစာပါ မောင်မုဒိတာ၏ NVC ကဒ် ဆိုင်ရာ ဆောင်းပါး အပေါ် သုံးသပ်ချက် by U Kyaw Min

၂၀၁၈ မေလ ၉ရက် ကြေးမုံသတင်း စာမှ မောင်မုဒိတာ၏ ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရသည်။ ယင်းတွင် “မြန်မာနိုင်ငံတွင်း အစဉ်အဆက်နေထိုင်သူ မှန်ကန်ပါက မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာရန်နှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော နိုင်ငံသားစီစစ်ရေး ကဒ်ပြား (သို့မဟုတ်) မှတ်ပုံတင် လက်မှတ်၊ သက်သေခံကဒ်ပြား စသည့် ကဒ်ပြားလက်မှတ် တမျိုးမျိုး ရယူကိုင်ဆောင် ရရှိရန် လိုအပ်ပါသည်။” ဟု ပါရှိပါသည်။ မြန်မာနိုင်ငံသည် ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်။ နိုင်ငံ၏ ပထမဦးဆုံး အခြေခံဥပဒေမှာ နိုင်ငံသားတစ်မျိုးတည်းသာ ရှိရမည်ဟု ပါရှိပါသည်။ ယခု မောင်မုဒိတာသည် ဥပဒေအရ လက်မှတ် တမျိုးမျိုး ကိုင်ဆောင်ရမည်ဟု ပြောခြင်းသည် နောက်ပိုင်း တစ်ပါတီ အာဏာရှင်စနစ်ခေတ်မှ ဥပဒေများ ဖြစ်နိုင်သည်။ တည်ဆဲဥပဒေအရ […]

မလေးခေါင်းဆောင် အန်န၀ါ အီဘရာဟင်အား အသရေဖျက်မှုကြောင့် TV3 ရုပ်သံလိုင်းအနေဖြင့် ရင်းဂစ် ၁.၁သန်းပေးဆောင်ရန် တရားရုံး အမိန့်ချ

မလေးရှားနိုင်ငံမှ TV3 ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော အစီအစဉ်တစ်ခုသည် ယခု အကျဉ်းကျနေသော မလေးခေါင်းဆောင် အန်န၀ါ အီဘရာဟင်အား အသရေဖျက်မှုမြောက်နေသဖြင့် ဒဏ်ငွေအဖြစ် မလေးရှားရင်းဂစ် ၁.၁သန်း(ကန်ဒေါ်လာ ၂၇၈၀၀၀)ပေးဆောင်ရန် မလေးရှား တရားလွှတ်တော်တစ်ခုမှ ယမန်နေ့က အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ ၂၀၁၃ ခုနှစ် မတ်လ ၂ ရက်နေ့က TV3 မှ ထုတ်လွှင့်ခဲ့သော ရုပ်သံအစီအစဉ်တစ်ခုတွင် အန်န၀ါအီဘရာဟင်နှင့်ပတ်သက်၍ TV3 သည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်သော အတည်မပြုရသေးသည့် အချက်အလက်များကို ထုတ်လွှင့်ခဲ့သဖြင့် ယခုကဲ့သို့ ဒဏ်ငွေချမှတ်ရခြင်းဖြစ်ကြောင်း တရားသူကြီး အာမက် ဇိုင်ဒီ အီဘရာဟင်က ပြောပါသည်။ ထို့အပြင် ယင်းထုတ်လွှင့်မှုသည် Utusan Melayu Berhad သတင်းဌာနမှ သတင်းတစ်ခုထဲကိုသာ လုံးလုံးအခြေခံလျှက် မလိုတမာစိတ်နှင့်ထုတ်လွှင့်ခြင်းဖြစ်ကြောင်းကိုလည်း တရားရုံးမှ စစ်ဆေးတွေ့ရှိရသည်ဆို၏။ သို့ရာတွင် TV3 […]

“မြန်မာခရီးစဉ်မှာ ပါခဲ့တဲ့ ကူဝိတ်သံအမတ်ကြီး Mansour Al Otaibi နဲ့ ဗြိတိန်သံအမတ်ကြီး Karen Pierce လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုချက်”

ခရီးစဉ်မှာ ပါသွားတဲ့ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်နိုင်ငံ သံအမတ်ကြီး Mansour Al Otaibi ကတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ဆန္ဒနဲ့သူတို့ နေရပ်ကို ဘေးကင်းကင်း ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့် အခြေအနေကောင်း မရှိသေးဘူးဆိုပြီး ပြောဆိုသွားပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်မြင်ခဲ့ရတဲ့အနေအထားတွေအရ ပဋိပက္ခအတွင်းမှာ မွတ်ဆလင်ဒေသခံတွေအနေနဲ့ လူမျိုးနွယ်စုလိုက်ရှင်းလင်းတာမျိုး ခံခဲ့ရနိုင်ချေရှိတယ်လို့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ “ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာလူနည်းစုကျေးရွာတွေက အပျက်အစီးပမာဏကို မြင်လိုက်ရခြင်းအားဖြင့် ဒီ လူနည်းစုတွေအပေါ် ပစ်မှတ်ထားပြီး အစီအစဉ်တကျ အကြမ်းဖက်တဲ့ လုပ်ရပ်မျိုးတွေ ဖြစ်ခဲ့တယ်ဆိုတာ ပြနေပါတယ်။ ဒီလူတွေဟာ အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ လူမျိုးတွေဖြစ်တာက လွဲလို့ ဘာရာဇ၀တ်မှုမှ ကျူးလွန်ခဲ့တဲ့သူတွေ မဟုတ်ပါဘူး။ ကျေးရွာတွေကို ကျနော်တို့ ဖြတ်သွားတော့ ရွာတွေမှာ မီးလောင်နေတဲ့ ဖျက်ဆီးခံထားရတဲ့ နေအိမ်တွေ တွေ့ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် […]