Leave a comment

မလေးခေါင်းဆောင် အန်န၀ါ အီဘရာဟင်အား အသရေဖျက်မှုကြောင့် TV3 ရုပ်သံလိုင်းအနေဖြင့် ရင်းဂစ် ၁.၁သန်းပေးဆောင်ရန် တရားရုံး အမိန့်ချ

image

မလေးရှားနိုင်ငံမှ TV3 ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော အစီအစဉ်တစ်ခုသည် ယခု အကျဉ်းကျနေသော မလေးခေါင်းဆောင် အန်န၀ါ အီဘရာဟင်အား အသရေဖျက်မှုမြောက်နေသဖြင့် ဒဏ်ငွေအဖြစ် မလေးရှားရင်းဂစ် ၁.၁သန်း(ကန်ဒေါ်လာ ၂၇၈၀၀၀)ပေးဆောင်ရန် မလေးရှား တရားလွှတ်တော်တစ်ခုမှ ယမန်နေ့က အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

၂၀၁၃ ခုနှစ် မတ်လ ၂ ရက်နေ့က TV3 မှ ထုတ်လွှင့်ခဲ့သော ရုပ်သံအစီအစဉ်တစ်ခုတွင် အန်န၀ါအီဘရာဟင်နှင့်ပတ်သက်၍ TV3 သည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်သော အတည်မပြုရသေးသည့် အချက်အလက်များကို ထုတ်လွှင့်ခဲ့သဖြင့် ယခုကဲ့သို့ ဒဏ်ငွေချမှတ်ရခြင်းဖြစ်ကြောင်း တရားသူကြီး အာမက် ဇိုင်ဒီ အီဘရာဟင်က ပြောပါသည်။

ထို့အပြင် ယင်းထုတ်လွှင့်မှုသည် Utusan Melayu Berhad သတင်းဌာနမှ သတင်းတစ်ခုထဲကိုသာ လုံးလုံးအခြေခံလျှက် မလိုတမာစိတ်နှင့်ထုတ်လွှင့်ခြင်းဖြစ်ကြောင်းကိုလည်း တရားရုံးမှ စစ်ဆေးတွေ့ရှိရသည်ဆို၏။

သို့ရာတွင် TV3 ၏ အမှုဆောင်အရာရှိချုပ်ကမူ ယင်းသို့စွပ်စွဲမှု မှားယွင်းကြောင်းကို ယခုအချိန်အထိ ငြင်းဆိုလျှက်ရှိပြီး၊ လက်ရှိ အမိန့်ချမှတ်မှုကိုလည်း မကျေနပ်နိုင်သေးကြောင်းလည်းပြောပါသည်။

အန်န၀ါအီဘရာဟင်အား ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထောင်မှလွှတ်ပေးမည်ဟု မီဒီယာများမှ ပြီးခဲ့သည့် ရက်အနည်းငယ်က ရေးသားခဲ့ကြသော်လည်း ယနေ့တွင် လွှတ်မပေးဖြစ်သေးပဲ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေဖြင့် ယင်းကိစ္စနှင့်ပတ်က်၍ နက်ဖြန် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဦးမည်ဖြစ်ကြောင်းသိရသည်။

အန်န၀ါ အီဘရာဟင်အား အင်္ဂါနေ့တွင် လွှတ်ပေးဦးမည်မဟုတ်ပဲ ဗုဒ္ဓဟူးနေ့မှသာလျှင် လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် အန်န၀ါ၏ သမီးဖြစ်သူနှင့် ရှေ့နေများ အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးရန်ရှိနေသေးကြောင်းကိုမူ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ယမန်နေ့ကပြောကြားခဲ့သည်။

PN002

ref:

1/ Malaysia’s TV3 ordered to pay RM1.1 million to Anwar in defamation suit

2/ Malaysia’s Pardons Board to meet on Wednesday to discuss Anwar Ibrahim’s release

==============

Popular News Journal

ကွာလာလမ်ပူ၊ မေ ၁၅

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: