Archive | May 17, 2018

You are browsing the site archives by date.

အန်​ဝါအီဗြာဟင်​ နဲ့ BBC အင်​တာဗျူး

ကိုယ့်ကို ထောင်ချခဲ့သူနဲ့ ဘာ့ကြောင့် လက်တွဲနိုင်ခဲ့လဲ မလေးရှား နိုင်ငံက အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် ဟာ ထိန်းသိမ်း ခံထား ခဲ့ရာကနေ လွတ်မြောက် လာခဲ့ပါပြီ။ နောင် ၁ နှစ် ၂ နှစ် ကြာရင် အန်နဝါကို မလေးရှား ရဲ့ ဝန်ကြီးချုပ် ဖြစ်စေ ရမယ်ဆိုပြီးတော့ ၊ တကျော့ပြန် ဝန်ကြီးချုပ် အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ မဟာသီယာ မိုဟာမက်က ကတိပေး ထားခဲ့တာပါ။ သူ့ကိုယ် ထောင်ချ ခဲ့သူ မဟာသီယာနဲ့ လက်တွဲဖို့ အန်နဝါ့ အနေနဲ့ ဘာ့ကြောင့် ဆုံးဖြတ် ခဲ့ရလဲ ဆိုတာကို ဘီဘီစီရဲ့ အရှေ့တောင် အာရှရေးရာ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က […]

တရုတ်လေကြောင်းလိုင်းမှလေယာဉ်မှူး လေယာဉ်အပြင်ဘက်ကို စုပ်ယူခံခဲ့ရ

တရုတ်ခရီးသည်တင်လေယာဉ်တစ်စီးဟာ အမြင့်ပေ ၃၂,၀၀၀ မှာ ပျံသန်းနေစဉ် လေကာမှန်ကွဲသွားခဲ့ပြီး တွဲဖက်လေယာဉ်မှူး လေဖြင့်စုပ်ယူခံရကာ ခန္ဓာကိုယ်တစ်ဝက် အပြင်ဘက်ရောက်သွားခဲ့ပြီးနောက် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ Airbus A319 ခရီးသည်တင်လေယာဉ်ဟာ တနင်္လာနေ့ (မေလ ၁၄ ရက်) က ပျံသန်းနေစဉ် လေကာမှန်ကွဲသွားပြီး အသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း လေယာဉ်မှူး Liu Chuanjian က ပြောပါတယ်။ “လေကာမှန်က ကွဲထွက်သွားပြီး အသံအကျယ်ကြီးထွက်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့် တွဲဖက်လေယာဉ်မှူးက လေယာဉ်အပြင်ဘက်ကို တစ်ဝက်လောက် ရောက်နေခဲ့တယ်” လို့ ၎င်းက ဆိုပါတယ်။ တွဲဖက်လေယာဉ်မှူးဟာ ထိုင်ခုံခါးပတ်ပတ်ထားခဲ့တာကြောင့် ကံကောင်းသွားခဲ့တယ်လို့လည်း လေယာဉ်မှူးက ပြောပါတယ်။ လေယာဉ်မှူး Liu က ခန္ဓာကိုယ်တစ်ဝက် လေယာဉ်အပြင်ဘက်ကိုရောက်နေတဲ့ တွဲဖက်လေယာဉ်မှူးကို အလျင်အမြန် ပြန်ဆွဲသွင်းနိုင်ခဲ့ပါတယ်။ လေကာမှန်ကွဲသွားတာကြောင့် […]