Leave a comment

တရုတ်လေကြောင်းလိုင်းမှလေယာဉ်မှူး လေယာဉ်အပြင်ဘက်ကို စုပ်ယူခံခဲ့ရ

image

image

တရုတ်ခရီးသည်တင်လေယာဉ်တစ်စီးဟာ အမြင့်ပေ ၃၂,၀၀၀ မှာ ပျံသန်းနေစဉ် လေကာမှန်ကွဲသွားခဲ့ပြီး တွဲဖက်လေယာဉ်မှူး လေဖြင့်စုပ်ယူခံရကာ ခန္ဓာကိုယ်တစ်ဝက် အပြင်ဘက်ရောက်သွားခဲ့ပြီးနောက် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

Airbus A319 ခရီးသည်တင်လေယာဉ်ဟာ တနင်္လာနေ့ (မေလ ၁၄ ရက်) က ပျံသန်းနေစဉ် လေကာမှန်ကွဲသွားပြီး အသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း လေယာဉ်မှူး Liu Chuanjian က ပြောပါတယ်။ “လေကာမှန်က ကွဲထွက်သွားပြီး အသံအကျယ်ကြီးထွက်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့် တွဲဖက်လေယာဉ်မှူးက လေယာဉ်အပြင်ဘက်ကို တစ်ဝက်လောက် ရောက်နေခဲ့တယ်” လို့ ၎င်းက ဆိုပါတယ်။

တွဲဖက်လေယာဉ်မှူးဟာ ထိုင်ခုံခါးပတ်ပတ်ထားခဲ့တာကြောင့် ကံကောင်းသွားခဲ့တယ်လို့လည်း လေယာဉ်မှူးက ပြောပါတယ်။ လေယာဉ်မှူး Liu က ခန္ဓာကိုယ်တစ်ဝက် လေယာဉ်အပြင်ဘက်ကိုရောက်နေတဲ့ တွဲဖက်လေယာဉ်မှူးကို အလျင်အမြန် ပြန်ဆွဲသွင်းနိုင်ခဲ့ပါတယ်။

လေကာမှန်ကွဲသွားတာကြောင့် လေယာဉ်မှူးအခန်းအတွင်း လေဖိအားနဲ့ အပူချိန် ရုတ်တရက်လျော့ကျသွားခဲ့ပြီး ပစ္စည်းကိရိယာတွေလည်း ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။ “လေယာဉ်မှူးအခန်းထဲမှာ အကုန်လုံး လေထဲလွင့်မျောနေခဲ့တယ်၊ ရေဒီယိုဆက်သွယ်မှုအသံတွေကို မကြားနိုင်တော့ဘဲ လေယာဉ်ကလည်း လှုပ်ခါနေခဲ့တယ်” လို့ လေယာဉ်မှူး Liu က ပြောပါတယ်။

Sichuan Airlines ရဲ့ လေကြောင်းခရီးစဉ် 3U8633 လေယာဉ်ဟာ တရုတ်အနောက်တောင်ပိုင်း Chongqing ကနေ တိဘက်ဒေသရှိ Lhasa သို့ ပျံသန်းနေစဉ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လေကာမှန်ကွဲသွားပြီးနောက် လေယာဉ်ဟာ အမြင့်ပေ ၂၄,၀၀၀ သို့ ရုတ်တရက် နိမ့်ဆင်းသွားခဲ့စဉ်မှာ ခရီးသည်တွေက မနက်စာစားနေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဘာဖြစ်တယ်ဆိုတာ မသိခဲ့ကြပါဘူး၊ ကျွန်တော်တို့ ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြပါတယ်၊ အောက်စီဂျင်မျက်နှာဖုံးတွေလည်း ထွက်ကျလာတယ်၊ လေယာဉ် ပြန်ငြိမ်မသွားခင် စက္ကန့်အနည်းငယ်လောက် အောက်ဘက်ကို ထိုးကျနေခဲ့တယ်” လို့ ခရီးသည်တစ်ဦးက အစိုးရပိုင် China News Service သတင်းဌာနကို ပြောခဲ့ပါတယ်။

လေကာမှန်ကွဲပြီး လေယာဉ်အပြင်ဘက်ကို စုပ်ယူခံခဲ့ရတဲ့ တွဲဖက်လေယာဉ်မှူးဟာ လက်ကောက်ဝတ် အဆစ်လွဲသွားပြီး မျက်နှာမှာ ပြတ်ရှဒဏ်ရာများရခဲ့တယ်လို့ သိရပါတယ်။ အခြား လေယာဉ်အမှူထမ်းကတော့ လေယာဉ်ထိုးကျသွားစဉ် ခါးနာဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသည် ၁၁၉ ဦး လိုက်ပါလာတဲ့လေယာဉ်ကို Chengdu မြို့မှာ ဘေးကင်းစွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည် ၂၇ ဦးကို ထိုမြို့ရှိဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း South China Morning Post က သတင်းဖော်ပြခဲ့ပါတယ်။
.
.
Duwun
http://www.duwun.com.mm/news/international-news/china-sichuan-airlines-pilot-half-sucked-out-of-plane-id8382465.html

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: