Archive | May 19, 2018

You are browsing the site archives by date.

မွတ်စလင်နိုင်ငံများစည်းလုံးညီညွတ်ပြီး အစ္စရေးကိုအရေးယူသွားဖို့အာဒိုဂန်တိုက်တွန်း

မေ ၁၉၊ ၂၀၁၈                                                                                                         Myanmar Muslim Media တူရကီသမ္မတ၇ီဆက်ပ်တိုင်ရစ်အာဒိုဂန်က အစ္စရေးသိမ်းပိုက်ထားမှုနှစ်၇၀ပြည့်အထိမ်းအမှတ်နေ့မှာ အစ္စရေးစနိုက်ပါတွေရဲ့လက်ချက်နဲ့ ပါလက်စတိုင်းတွေအသတ်ခံရပြီးနောက်မှာ မွတ်စလင်ခေါင်းဆောင်များအနေနဲ့ စည်းလုံးညီညွတ်ပြီး အစ္စရေးကိုထိပ်တိုက်တွေ့သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ သောကြာနေ့က အစ္စလာမ်မစ်နိုင်ငံများအဖွဲ့အစည်း(OIC) ရဲ့အစည်းအဝေးပွဲမှာ သူက သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးကိုအရေးယူသွားသင့်တယ်လို့ပြောဆိုခဲ့ပါတယ်။  ဒီအရေးကိုနိုင်ငံတကာကကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချမှုတွေပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်း မြောက်အာဖရိကကနေ အာရှတစ်ခွဆန္ဒပြမှုဂယက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို “အစ္စရေးဓါးပြတွေရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရေးယူပြီး လူသားဆန်မှုဟာမသေဆုံးသေးဘူးဆိုတာ တစ်ကမ္ဘာလုံးကိုပြသသွားရမယ်”လို့  အာဒိုဂန်က တူရကီမြို့ အစ္စတန်ဘူလ်မှာစုဝေးခဲ့ကြတဲ့ မွတ်စလင်ခေါင်းဆောင်အဖွဲ့ကိုပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းတွေအပေါ်အစ္စရေးရဲ့သတ်ဖြတ်မှုတွေဟာ ဥပဒေမဲ့အကြမ်းဖက်မှု ရက်စက်မှု အကြမ်းဖက်နိုင်ငံအဖြစ် တူရကီသမ္မတကကဖော်ပြခဲ့ပြီး ဂျေရုဆလင်ကိုအစ္စရေးမြို့တော်အဖြစ်အသိအမှတ်ပြုမှုဟာ မလွဲမသွေခြောက်လှန့်ခံနေရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က အမေရိကန်သံရုံးဂျေရုဆလင်ကိုရွှေ့တဲ့နေ့မှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေ မျက်ရည်ယိုဗုံးတွေကြောင့် ကလေးငယ်ငါးဦးအပါအ၀င် ပါလက်စတိုင်း ၆၂ဦးသေဆုံးခဲ့ပြီး ၂၇၀၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စတန်ဘူလ်ကတွေ့ဆုံပွဲကို နိုင်ငံတော်တော်များများကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆော်ဒီဟာ သူတို့ရဲ့စီနီယာနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူကိုသာစေလွှတ်ခဲ့ပြီး အီဂျစ် […]

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ – ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေး သံအမတ်ကြီးမှ တင်​ပြချက်

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ – ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေး သံအမတ်ကြီးမှ အောက်ပါအတိုင်း ပြောပါတယ်။ . The Council must use its authority under the Charter to solve disputes peacefully. Atrocities must be prevented & those responsible prosecuted by states or the ICC. There can be no veto in such circumstances. . လုံခြုံရေးကောင်စီ အနေနဲ့  မိမိတို့ လုပ်ပိုင်ခွင့်အာဏာကို ထုံးထမ်းစဉ်လာအိုင်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရမည်။ ရက်စက်ယုတ်မာမှုများကို […]

နိုင်​ငံ​ပေါင်း ၁၁၆ နိုင်​ငံ ပါဝင်​၍ အတည်​ပြု​ပေး​သော ကုလ လုံခြုံ​ရေး ​ကောင်းဆုံးဖြတ်​ချက်

နိုင်ငံပေါင်း ၁၁၆ နိုင်ငံက လုံခြုံရေး ​ကောင်စီ ကို ဂျင်နိုဆိုက်မှု့ l လူသားဖြစ်မှု့ ကို  ဆန့်ကျဉ်သောရာဇဝတ်မှု့ l စစ်ရာဇဝတ်မှု့တို့ကိုကာကွယ်ရန် နှင့် ရပ်ဆိုင်းရန် အတွက် အရေးယူဆောင်ရွက်ရန် တောင်းဆိုလိုက်ခြင်းအပေါ်  ” လုပ်ဆောင်ရာစောင့်ထိမ်းရမည့်ကျဥ့် ဝတ်များ ” ချမှတ်ရန် ( အရေးပါသူများ )၏ အတွင်းဆွေးနွေးပွဲ ။ (( Packed room of Interesting meeting on the #ACTcodeofconduct for #UNSC action against #AtrocityCrimes. 116 states call on the Council to act in preventing and ending #Genocide, […]