Archive | May 20, 2018

You are browsing the site archives by date.

နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့်ရိုဟင်ဂျာ များထွက် ခွာသွားရန် မြန်မာနယ်ခြားစောင့် တပ်မှ အသံချဲ့စက် ဖြင့် ကြေညာ

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ အသံချဲ့စက် အသုံးပြုလျက် နိုင်ငံတကာ နယ်နိမိတ်မျဉ်းတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာများကို ထွက်ခွာသွားကြရန် ယနေ့နံနက်တွင် ကြေညာသွားခဲ့သည်ဟု The Daily Star သတင်းစာတွင် ဖော်ပြသည်။ တောင်ပြို နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြနေကြသည့် ရိုဟင်ဂျာများကို ၎င်းနေရာမှ ထွက်ခွာ သွားကြရန်နှင့် ဘင်္ဂလာဒေ့ရှ်သို့ ၀င်သွားကြရန် ယနေ့နံနက် ၈ နာရီက အသံချဲ့ စက်ဖြင့် ပြောကြား ခဲ့သည်ဟု ဆိုသည်။ နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်သည်မှာ တရားမ၀င်ကြောင်း၊ ကြေညာစဉ် ၎င်းတို့ကို ဘင်္ဂလီလူမျိုး ဟု ခေါ်ဝေါ်သုံးနှုန်းသွားကြောင်း ဖြင့်လည်း သတင်းတွင် ဖော်ပြ ထားသည်။ ၎င်းနေရာတွင် လူပေါင်း ၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု AFP ကို ကိုးကားပြီး သတင်းတွင် ပြောဆိုသည်။ Advertisements