Archive | May 23, 2018

You are browsing the site archives by date.

ရိုက်တာသတင်းထောက်၏ဖုန်းကို ‘နည်းပညာ ကျွမ်းကျင်သူ’ဖွင့်ကြည့်ရန် အခက်တွေ့

ထက်ခေါင်လင်း, Myanmar Now BurmaDemocracy, 22 May 2018 (ရန်ကုန်) — ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို မေ ၂၂ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ တရားလိုပြသက်သေ  ရဲမှုခင်းတပ်ဖွဲ့မှ နည်းပညာကျွမ်းကျင်သူ ရဲမှူး အောင်ကျော်ဆန်းက တယ်လီဖုန်းထဲမှ ဓာတ်ပုံကို ဖွင့်ပြစဉ် အခက်အခဲ ဖြစ်နေသောကြောင့် တရားခွင်ရောက် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အကူအညီကို ရယူခဲ့ရသည်ကို တွေ့ရသည်။ သတင်းထောက်တို့၏ရှေ့နေ ဦးသန်းဇော်အောင်က သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး တရားခွင်တွင် ကန့်ကွက်စဉ် ထိုအဆင်မပြေမှုအကြောင်းကိုလည်း ထည့်သွင်း ပြောပြသွားသည်။ နည်းပညာကျွမ်းကျင်သူ ဆိုသူကို သက်သေအဖြစ် လက်မခံထိုက်ကြောင်း သူက တရားခွင်အပြီး တွင်   ဝေဖန်လိုက်သည်။ “သူသာ တကယ်ကျွမ်းကျင်အဆင့်ဆိုရင်၊ ဒီဖုန်းကို သူစစ်ဆေးခဲ့သူဆိုရင် ဒီဖုန်းနဲ့ ပတ်သက်တဲ့ အရာတွေ […]