Archive | May 24, 2018

You are browsing the site archives by date.

ရိုဟင်ဂျာတွေအတွက် ကနေဒါ ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့

ကနေဒါအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ဖိုး ထောက်ပံ့ကူညီမယ်လို့ ဗင်ကူးဗားမြို့က ဗုဒ္ဓဟူးနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီအကူအညီတွေဟာ ရခိုင်ပြည်နယ်မှာ  ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားမယ့် အစီအစဉ် အတွက်တော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သူတို့ကို ပြန်လည် နေရာချထားရေးအတွက် ကုလနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကို တိုင်ပင်ဆောင်ရွက်မယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလင်းန်  နဲ့ Marie- Claude Bibeau မာရီးကလို့ဒ် ဘီးဘို တို့ကပြောပါတယ်။ တဆက်တည်းမှာပဲ ရိုဟင်ဂျာတွေကို လူမျိုးတုံးရှင်းလင်းမှုအတွက် တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူအပြစ်ပေးရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းချက်တွေကို […]

ရာဇ၀တ်မှု ကျူးလွန်တဲ့ မြန်မာတပ်မတော်မှာ တာဝန်ခံ ရမယ်လို့ ကနေဒါပြော

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကတော့ ပြောပြီ၊ ရိုဟင်ဂျာ လူမျိုးစုသန့်စင်ရေးပြု လုပ် မှု နောက်ကွယ်မှာရှိတဲ့ မြန်မာ့တပ်မတော်ကို တာဝန်ခံမှုရှိစေဖို့ ဖက်ဒရယ်အစိုးရ အနေနဲ့  ဒေါ်လာ သန်းပေါင်း များစွာ သုံးစွဲလျက် ကြိုးစားသွားမည့်အပြင် တာဝန်ရှိသူများ ဘယ်မှဖုံးကွယ် ရန်နေရာရှိတော့မည် မဟုတ်ကြောင်းလည်း သတိပေး ပြောကြားလိုက်ပါတယ်။ အဲဒီမှာ ကင်းလွှတ်ခွင့် မရှိနိုင်ဘူးလို့ လည်း ဆိုပါတယ်။ The federal government will spend hundreds of millions of dollars to try to bring accountability to those behind the ethnic cleansing of Rohingya by the […]

AI အစီရင်ခံစာကို ယုံကြည်သူ မရှိဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးပြောဆို

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ ရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက် မြန်မာအစိုးရနဲ့ ပြောဆို ဆွေးနွေးနေမှုကို တစ်စုံတရာ ထိခိုက်မယ် မထင်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ် အလီက ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာ ARSA မွတ်စလင်အကြမ်းဖက်အဖွဲ့က ဟိန္ဒူကျေးရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း AI က မေလ ၂၃ ရက်နေ့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး သူက အခုလိုပြောကြားခဲ့တာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က AI ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိကင်းမဲ့ပြီး ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ပါဘူးလို့လည်း […]