Archive | May 25, 2018

You are browsing the site archives by date.

အမုန်းတရားဟော သံဃာ အပြစ်ရှိ ​ကြောင်း သီရိလင်္ကာ ဆုံးဖြတ်

သီရီလင်္ကာတရားရုံးတစ်ရုံးက အမုန်း တရားဟောကြားမှုအတွက် သံဃာတော် တစ်ပါးကို အပြစ်ရှိကြောင်း ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဆရာတော် Galagodaatte Gnanasara ဂလာဂိုဒက် နာနာဆားရားဟာ သီရီလင်္ကာနိုင်ငံမှာ လူနည်းစုမွတ်စလင်ဆန့်ကျင်ရေး တရားတွေကို ဟောပြောမှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ သံဃာတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံက မစိုးရိမ်ဆရာတော် အရှင် ဝီရသူနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။ တရားရုံးက ဆရာတော် နာနာဆားရားဟာ ၂ဝ၁ဝ ခုနှစ်က စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးသွားခဲ့သူတစ်ဦးရဲ့ဇနီးကို ရင့်သီးစော်ကားစွာ သုံးနှုန်းပြောဆို ခြိမ်းခြောက်နှောင့်ယှက်တဲ့ စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။ စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၂ နှစ်အထိအပြင် ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဟာ သမ္မတဟောင်း Rajapakse ရာဂျာပတ်ကဆဲ ကို […]

အဂတိလိုက်စားမှုများကို တိုင်ကြားသူ မရှိပေမယ့် အရေး ယူနိုင်ရန် ဥပဒေ ပြင်ဆင် အတည်ပြု

ဥပဒေတွေလည်း ပြင်ဆင်လာပြီ၊အရေးယူမှုတွေလည်း အရှိန်မြင့်လာပြီ။ သူ့လူ၊ကိုယ့်လူမရှောင်လည်း အရေးယူ ပြပြီးနေပြီ။ပါးစပ်ကလည်း လူသိရှင်ကြား ထုတ်ပြောလာပြီ ဆိုတော့ ဒါတွေဟာ သာမန် တိုက်ဆိုင် မှုတော့ မဟုတ်ဘူး။နောက်ဆက်တွဲအနေနဲ့ ဘယ်လိုငါးကြီးကြီးတွေတောင်ကြော်တော့ မလည်း ဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပြီ … အဂတိလိုက်စားမှုများကို တိုင်ကြားသူ မရှိပေမယ့် အရေးယူနိုင်ရန် ဥပဒေပြင်ဆင်အတည်ပြု =========================== အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ အရင်ဥပဒေဟောင်းမှာ အားနည်းချက်တွေရှိခဲ့ပြီး အခုပြင်ဆင်အတည်ပြုလိုက်တဲ့ ဥပဒေမှာ ဟာကွက်ပျော့ ကွက်တွေ နည်းသွားတဲ့ အတွက် ရှေ့ဆက် အလုပ်လုပ်လို့ ရသွားပြီလို့အဂတိလိုက်စားမှုတိုက် ချက်ရေး   ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ပြောပါတယ်။ “လုံလောက်တဲ့ အနေအထားရှိပါတယ်။ ရှေ့ကို ဆက်လုပ်သွားမယ်ဆိုရင် အလုပ်လုပ်လို့ ရတဲ့အနေအထားပေါ့။ […]

အာ​မေရိကန်​ ​အောက်​လွှတ်​​တော်​က လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ အတွက်​ ဥပ​ဒေ မူကြမ်​ အတည်​ပြု

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။ ဒီ ဥပဒေကြမ်းအရ မြန်မာလုံခြုံရေးအဖွဲ့အစည်းနဲ့ တာဝန်ရှိသူအချို့ကို ဘဏ္ဍာငွေကြေးဆိုင်ရာအရေး ယူဒဏ်ခတ် မှုတွေနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေရှိလာမှာဖြစ်သလို၊ အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာလည်း အကန့်အသတ် ဖြစ်သွားစေမှာပါ။ ဒီအကြောင်း ကိုသားညွန့်ဦး အပြည့်အစုံပြောပြပါလိမ့်မယ်။ အခု အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၂ မဲ ကန့်ကွက်မဲ ၃၀ နဲ့ အတည်ပြုလိုက်တဲ့ NDAA အမေရိကန်နိုင်ငံ ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ မြန်မာနိုင်ငံဆိုင်ရာပြင်ဆင်ချက်မူကြမ်းအရ ရိုဟင်ဂျာ ကချင်၊ ချင်း၊ ကရင်နဲ့ မြန်မာနိုင်ငံက အခြားလူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးကျူးလွန်တဲ့ စစ်ဖက်နဲ့ လုံခြုံရေး အာဏာပိုင်တွေ ကို ဘဏ္ဍာငွေကြေးအရ ပိတ်ဆို့အရေးယူဖို့၊ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ အစိုးရ အာဏာပိုင်တွေ […]