Archive | May 26, 2018

You are browsing the site archives by date.

ပြည်ပရောက် မြန်မာမွတ်စလင်တို့၏ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်

မေ ၂၆ ၊ ၂၀၁၅ M-Media နေစိုင်းကျော်ကျော် သတင်းပေး ပို့သည်။ . အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့ မှာ မြန်မာမွတ်စလင်တွေ ဦးစီးတည်ဆောက်တဲ့ နူရ် အစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော်ကို မေလ (၂၄) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ . ဖို့တ်ဝိန်းမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ နူရ်အစ္စလာမ် ဗလီဝတ် ကျောင်းတော် ဟာ မြန်မာမွတ်စလင်တွေ အနေနဲ့ နိုင်ငံရပ်ခြားမှာ အခြေခံ အုတ်မြစ်ကနေစပြီး တည်ဆောက်တဲ့ ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ . ဗလီတည်ဆောက်ဖို့ရာအတွက် မြန်မာမွတ်စလင်ပညာရေးနှင့် ကွန်မြူနတီစင်တာ အဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ယင်းအဖွဲ့ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုရဲဝင်းလတ်က ရှင်းပြပါတယ်။ . “အခုဖြတ်သန်းခဲ့ရတဲ့ (၅)နှစ်ကျော်ကာလအတွင်းမှာ […]

ကျောက်ဖြူစီမံကိန်း အဓိပ္ပါယ်မဲ့ဟု ရှောင် တားနယ်လ် ဝေဖန်

ရခိုင်ပြည်နယ်မှာ တရုတ်အစိုးရပိုင် CITIC ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းက ဒေါ်လာ သန်း ၇၅ဝဝ ခန့် အကုန်အကျခံပြီး တည်ဆောက်နေတယ်ဆိုတဲ့  ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ လုံးဝအဓိပ္ပါယ်မရှိတဲ့ စီမံကိန်းဖြစ်တယ်လို့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ Sean Turnell ရှောင် တားနယ်လ် က ပြောကြား လိုက်ပါတယ်။  ရှောင်တာနယ်လ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ Bloomberg ဘလွန်းဘာ့ဂ် သတင်းဌာနက  ဖေါ်ပြပါတယ်။ အဲဒီရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အစုရှယ်ယာ ၇ဝ% ကိုပိုင်ဆိုင်ခွင့်ပေးဖို့ တရုတ်အစိုးရပိုင် ကုမ္ပဏီက အဆိုပြုထားပါတယ်။ ကျန် ၃ဝ % ကို မြန်မာအစိုးရနဲ့ ဒေသခံကုမ္ပဏီအချို့က ပါဝင်မှာဖြစ်ပါတယ်။ အရင် အစိုးရလက်ထက်မှာ သဘောတူစတင်ခဲ့တဲ့ အဲဒီ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုံကို တရုတ်ကုမ္ပဏီ CITIC အုပ်စုက ၇၅ […]