Archive | May 27, 2018

You are browsing the site archives by date.

သမတ ​အေဗြာဟင်​ လင်​ကွန်​မှ သူ့သား စ​ကျောင်း တက်​တဲ့ အတန်းပိုင်​ဆရာထံသို့ ​ပေးစာ

အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ သမ္မတကြီး အီဘရာဟင်လင်ကွန်း က သူ့သား ကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကိုပေးဖို့ စာတစောင် သူ့သားနဲ့ ထည့်ပေးဖူးတယ်။ ဆရာခင်ဗျား၊ ဒီနေ့ ကျွန်တော့်သား ကျောင်းစတက်ပါတော့မယ်၊ သားအတွက် ကျောင်းအတွေ့အကြုံဟာ အရာရာ အစိမ်း သက်သက်၊အသစ်တွေ တွေ့ရမဲ့ ခဏပေါ့၊သားကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ မေတ္တာရပ်ခံပါတယ်၊ သူ့အတွက် စာသင်ရတာ ကမ္ဘာ့တိုက်ကြီးတွေဖြတ်ကျော်တဲ့ နယ်မြေသစ် စွန့်စားခန်းမျိုးများလား မသိဘူး၊ စွန့်စားခန်းလို့ပြောရင် စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဝမ်းနည်းပူဆွေးခြင်းတွေ ဖြစ်ရတာမျိုးတွေ ပါလာတယ်၊ တကယ်တော့ ဒီဘဝ အသက်ရှင်ရေးအတွက် ယုံကြည်ချက်၊မေတ္တာတရား နဲ့ သတ္တိတွေ က ပိုလိုနေကြတာပါ။ ဒီတော့ ဆရာရယ်၊ ဆရာ့မေတ္တာတရား နဲ့ သူ့လက်ကို ဆွဲလို့ သူသိသင့်တာတွေ သင်ပေးပါဆရာ၊ ဖြစ်နိုင် သရွှေ့ […]

ပြည်သူ့ဂုဏ်ရည်ဆု မွတ်စလင် ဆေးရုံရရှိ

နိုင်ငံတကာရောက် မြန်မာမိသားစုများရဲ့ လှူးဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ န၀မအကြိမ်မြောက်၂၀၁၈ခုနှစ် ပြည်သူဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့အကြောင်း မေလ ၂၆ရက်နေ့စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် မှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲအခန်းအနားမှာကြေညာသွားခဲ့ပါတယ်။ ဆုရရှိတဲ့ မူစလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ်လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက “  ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို  ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုဃ်မေတ္တာ နားခိုရာဂေဟာ တည်ထောင်သူရယ်၊ မန္တလေးမြို့မှာရှိတဲ့ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တို့ဖြစ်ပါတယ်။ ဒီသုံးဖွဲ့ဟာ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ အထူးဆုတွေရရှိပြီး […]