Archive | May 28, 2018

You are browsing the site archives by date.

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ် ကြေညာခြင်း

၂၀၁၈ခုနှစ် မတ်လအတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်း များတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။ ထို့အပြင် အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း […]

MyTel စတင်မယ့်အကြောင်း ဗီယက်နမ် အစိုးရကြေညာ

ဗီယက်နမ် တပ်မတော်ပိုင် Viettel  တယ်လီဖုန်းကုမ္ပဏီဟာ မြန်မာနိုင်ငံက Star High ခေါ်   ဒေသခံမြန်မာ ကုမ္ပဏီ၊ မြန်မာအမျိုးသား ဆက်သွယ်ရေး ဦးပိုင်ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး Mytel ခေါ် ပထမဆုံး 4G LTE တယ်လီဖုန်းလုပ်ငန်းကို မကြာခင် စတင်တော့မှာဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။ Mytel အနေနဲ့ မြန်မာနိုင်ငံမှာ စတုတ္ထမြောက် တယ်လီဖုန်းဝန်ဆောင်မှု ကုမ္ပဏီဖြစ်လာမှာဖြစ်ပြီး ဒီနှစ်ကုန်မှာ တယ်လီဖုန်းဝန်ဆောင်မှု ဝယ်ယူသုံးစွဲသူ ၂ သန်းကနေ ၃ သန်းအကြား ရှိမယ်လို့လည်း ဗီယက်နမ်အစိုးရ က ပြောပါတယ်။ ဗီယက်တဲလ်ကုမ္ပဏီဟာ ဗီယက်နမ်မှာ သုံးစွဲမှုအများဆုံး ကုမ္ပဏီဖြစ်ပြီး အာရှ၊ အာဖရိကနဲ့ အမေရိက ၁ဝ   နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ […]

မလေးရှားနိုင်ငံတွင်းမူးယစ်ဆေး၁.၁ တန်ဖမ်းမိ

#တရားခံများတွင်မြန်မာနိုင်ငံသားသုံးဦးပါဝင်28May2018Breakingnews. မလေးသမိုင်းမှာ အများဆုံးဖမ်းဆီးလိုက်တဲ့ မူးယစ်စိတ်ကြွဆေး (ရာအိုင့်)၁၁၈၆ ကီလို ရှိပြီး ကာလတန်ဘိုးဟာ  မလေး ရင်းဂစ် ၇၁ သန်း (17.83023 million U.S. dollars) ဘိုးရှိကြောင်း  မလေးရဲချုပ် Datuk Seri T Subromaniam ဒူတပ်စီရီ ကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေးပြောခဲ့ပါတယ်။ စီလန်ကာ ပြည်နယ်Seri Kembangan စီရီကမ်ဘင်ဂန် က စူပါမအားကက် အတွင်းမှာ အကောက်အခွန် အရာရှိတွေက ၀င်ရောက် စစ်ဆေးရင်း  မူးယစ်ဆေးဝါး အထုတ်တွေကို တွေ့ ရှိသွားခဲ့ပါတယ်။ ဒါအပြင်း ဘိန်းဖြူ အမှုန် ၇၅၀ ကရမ် (မလေးရင်းဂစ် ၁၂၀၀၀၀တန်ဘိုး ရှိ )ကို ပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့  မလေးဆိုင်ရာသတင်းတွေမှာဖေါ်ပြနေပါတယ်။ ဒီအမှုနဲ့ ပါတ်သက်ပြီးအသက် […]

စီမံဘဏ္ဍာ ဝန်​ကြီး အသစ်​ ဦးစိုးဝင်းအား ခန့်​အပ်​မည်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတကလွှတ်တော်သို့တင်ပြထားသည်။ နေပြည်တော် မေ ၂၈ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ် အမည် နှင့် ကိုယ်ရေး အကျဉ်းကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပေးပို့တင်ပြသည်။ စီမံ/ဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းသည် ယခုလ ၂၅ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရာထူးမှ မိမိသဘောဆန္ဒအလျောက်နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတမှစီမံကိန်းနှင့်ဘဏ္ဍာရေးပြည်​​​ထောင်​စုဝန်​ကြီး အဖြစ် ခန့်အပ်ရန်အမည်​စာရင်းတင်​သွင်းထား သူ ဦးစိုးဝင်းကို လွှတ်​​တော်​မှ ကန့်​ကွက်​မှုရှိ မရှိ လာမည့််ပြည်​​ထောင်​စုလွှတ်​​တော်​တွင် ​ဆွေး​နွေး သွားအတည်​ပြုသွားမ​ည်ဖြစ်​သည်။ ဖူးဖူးအောင်

အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နဲ့ မိုင်းဖုန်းဆရာတော်

ဧရာဝတီ အသက် ၈၀ ရှိပြီဖြစ်တဲ့ န၀တ အစိုးရအဖွဲ့ ဒုတိယအကြီးအကဲဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ မိုင်းဖုန်း ဆရာတော်တို့ တွေ့ဆုံသည့်ပုံများ ဒီကနေ့ လူမှုကွန်ရက် Facebook မှာ နေ့ ပျံ့နှံ့နေပါတယ်။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ရာထူးကအနားယူပြီး ၂နှစ်အကြာ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းမှာ ရုတ်တရက် လေဖြတ်သွားတဲ့ အတွက် တပ်မတော် စစ်ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူပြီးတဲ့နောက် စင်ကာပူကို သွားရောက် ကုသမှု ခံယူထားရသူဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း မိုင်းဖုန်းဆရာတော်နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပြင်ဦးလွင်နေအိမ် မှာ တွေ့ဆုံ တဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၁၉၅၅ ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ ကာကွယ်ရေး […]

မာရီနာမဟာသီယာ က မြန်မာနိုင်ငံအား ဖိအားပေးရေး နိုင်ငံတကာလှုပ်ရှားမှု တစ်ခု ပြုလုပ်ရန် စီစဉ်လျက်ရှိ

မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်၏ သမီးကြီးဖြစ်ပြီး မလေး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မာရီနာ မဟာသီယာ က မြန်မာနိုင်ငံ အစိုးရ၏ ဘင်္ဂါလီလူနည်းစုအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ရန် တောင်အာဖရိက တွင် အသားအရောင်ခွဲခြားမှု အပါ့သိုက်စနစ် ကို ဆန့်ကျင်ခဲ့သကဲ့သို့  နိုင်ငံတကာ လှုပ်ရှားမှုကဲ့သို့ လှုပ်ရှားမှုတစ်ခု ပြုလုပ် ရန် နှိုးဆော်ထားကြောင်း မလေး သတင်းမီဒီယာများက ဖော်ပြသည်။ မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များ ထွက်ခွာရသည့် အကြောင်းရင်း ကို ဖြေရှင်းရန်လိုအပ်သည်ဟု မာရီနာမဟာသီယာ က ပြောကြား ခဲ့သည်။ “မြန်မာနိုင်ငံကို ဖိအားပေးဖို့ နိုင်ငံတကာလှုပ်ရှားမှုတစ်ခု စတင်ဖို့ လိုမယ် ထင်ပါတယ်။ အရင်တုန်းက တောင်အာဖရိကလို ဖိအားပေးတဲ့ လှုပ်ရှားမှု မျိုးကိုပါ။ လက်ရှိမှာ ဘင်္ဂါလီတွေကို ဘယ်သူကမှ အစီအစဉ်ထဲ […]

Amnesty International အစီရင်ခံစာကြောင့် မြန်မာအစိုးရအပေါ် ဖိအားတွေ လျော့ကျစေမှာလား

စည်သူအောင်မြင့်-  ပြည်တွင်းသတင်းသုံးသပ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းက Amnesty International အဖွဲ့ကြီးဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့အစည်း တခုဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင် အများအပြားကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း အစီရင်ခံစာ တ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လကုန်ပိုင်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ လထဲရောက်တော့ မြန်မာလုံခြုံရေး တာဝန်ရှိသူတွေက အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အဲဒီလို အကြမ်းဖက် လုပ်ရပ်ကို Amnesty International အဖွဲ့ကြီးက ထုတ်ဖော်လိုက်တာ၊ အဲဒီသတင်းကို ကမ္ဘာ့ နာမည်ကြီး သတင်းမီဒီယာ ပေါင်းစုံမှာ ဖော်ပြခဲ့ကြတာတွေ အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က […]