Leave a comment

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ် ကြေညာခြင်း

image

image

၂၀၁၈ခုနှစ် မတ်လအတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်း များတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။
ထို့အပြင် အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားမည် ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး ရုံးများ တွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် လည်းကောင်း၊ ဇွန် ၂ ရက် နံနက် ၆ နာရီ နောက်ပိုင်းတွင် စုံစမ်း မေးမြန်းနိုင်ပါသည်။
အောင်စာရင်း ထုတ်ပြန်မည့် ဇွန်-၂ ရက် နံနက် ၆ နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော http://www.moe.gov.mm မှတစ်ဆင့်လည်ကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော http://www.myanmarexam.org တွင်လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: