Archive | May 30, 2018

You are browsing the site archives by date.

ရခိုင်ပြည်နယ်ကို ဝင်ရောက်လေ့လာ ခွင့်ပြုဖို့ ကုလထိပ်တန်းကိုယ်စားလှယ် တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်လေ့လာခွင့် မရှိတဲ့အချက်ကို စိုးရိမ်ပူပန်မိကြောင်း ကလေးသူငယ်များနဲ့ စစ်ရေးပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က မနေ့က ပြောကြားလိုက်ပါတယ်။ သတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်တွေ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ စာရင်းဇယားတွေဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်း၊ ဒါပေမယ့် ပိုပြီး စိုးရိမ်စရာကောင်းတာက ဝင်ရောက်လေ့လာစောင့်ကြည့်ခွင့် မရရှိတဲ့အတွက် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မသိရှိရတဲ့အချက်ဖြစ်ပါကြောင်း မနေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် Ms. Gamba က ပြောပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်လေ့လာခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး […]

မြန်မာက ရိုဟင်အပေါ် လူမျိုးရေးသန့်စင်မှု ရပ်တန့်ခြင်းမရှိဟု ကန် ပြောကြား

နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပြစ်တင်ရှုပ်ချမှု ကြီးထွားသော်လည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်များကို ပစ်မှတ်ထား လူမျိုးရေး သန့်စင်မှု ရပ်တန့်ခြင်း မရှိဘူးလို့ ထရမ့် Trump အုပ်ချုပ်ရေးမှ အင်္ဂါနေ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ထို့ပြင် လမ်းကြောင်း ပြောင်းလဲမယ့်အစား မြန်မာအာဏာပိုင်တွေက ဆယ်စုနှစ်များစွာ ကပင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကချင်သူပုန်များအား မြန်မာအစိုးရက ရှေ့တန်းမှာ နှစ်ဆဆင်း တိုးချဲ့ ထိုးစစ်ဆင်ခြင်းကြောင့် ရခိုင်ပြည်နယ် ပုံရိပ်လို ကချင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းလည်း ထင်ဟပ်နေပြီး စိုးရိမ်မှုကြီးပြင်းရတယ်လို့  Ambassador Sam Brownback, the U.S. envoy for global religious freedom က ပြောတယ်လို့ ဆိုပါတယ်။ WASHINGTON (AP) — Ethnic […]

မြန်မာနိုင်ငံမှာလူနည်းစုတွေအပေါ်နှိပ်ကွပ်မှုတိုးနေကြောင်း ဘာသာရေး လွတ်လပ်ခွင့်အစီရင်ခံစာ ထောက်ပြ

30 မေ၊ 2018      စုမြတ်မွန် မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ တိုးတက်မှုမမြင်ရသေးဘူးလို့ အမေရိကန်အစိုးရ က ပြောကြားလိုက်ပါတယ်။ လူနည်းစုဘာသာကိုးကွယ်သူတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ခုချိန်ထိရှိနေတယ်လို့ ယုံကြည်ကြောင်း နဲ့ အခုဆိုရင် ကချင်ပြည်နယ်ထဲမှာ နှိမ်နှင်းမှုတွေကို ၂ ဆတိုးလုပ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback ကပြောကြားပါတယ်။ အမေရိကန်အစိုးရရဲ့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ကချင်ပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုလည်း မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။ ကမ္ဘာတဝန်းက နိုင်ငံနဲ့ နယ်နမိတ်ပေါင်း  ၂၀၀ က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေကို တင်ပြထားတဲ့ အမေရိကန်အစိုးရရဲ့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေးဘ လွတ်လပ်ခွင့် […]

မြန်မာကို နိုင်ငံတကာခုံရုံးတင်ဖို့ ဘင်္ဂလားဒေ့ရှ် အဖွဲ့ တိုက်တွန်း

ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တွေ့ရှိထားတဲ့အသေးစိတ်အချက်အလက်တွေနဲ့အတူ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကိုတင်ဖို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (TIB) က ကြေငြာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှုနဲ့ နေရပ်ပြန်ပို့နေတာတွေကို ICC က စုံစမ်းဖော်ထုတ်ပြီး တရားစွဲဆိုနိုင်မယ်ဆိုရင် ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာမှာဖြစ်ကြောင်းနဲ့ အဲဒီလုပ်ငန်းစဉ်စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အနေနဲ့ ပြတ်ပြတ်သားသားရပ်တည်ပြီး အားစိုက်ဆောင်ရွက်ဖို့လိုတယ် လို့ ကြေငြာချက် မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပထမခြေလှမ်းအနေနဲ့ သိထားတာတွေကိုနိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကိုပို့ဖို့လိုပြီး အဲဒီရာဇဝတ်မှုကိုအရေးယူနိုင်ရေးအတွက် ICC အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အရေးကြီးတဲ့ အခန်းကနေပါဝင်နိုင်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောပါတယ်။ ICCဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်စီရင်ချက်ချနိုင်၊မချနိုင်ဆန်းစစ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ကရရှိထားတဲ့ သက်သေအထောက်အထားအချက်အလက်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ထင်မြင်ချက် တွေ ကို […]