Archive | June 2018

You are browsing the site archives by date.

ရိုဟင်ဂျာတွေကိုမြန်မာကနေနှင်ထုတ်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့တပ်မတွေအကြောင်း ရိုက်တာစုံစမ်းစစ်ဆေးရေးဖော်ထုတ်

ဇွန် ၂၉၊ ၂၀၁၈                                                                                                             Myanmar Muslim Media ရိုက်တာသတင်းဌာနရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ မြန်မာစစ်တပ်တပ်မ၃၃နဲ့ ၉၉ခြေလျင်တပ်မတို့ရဲ့ ရက်စက်တဲ့ထိုးစစ်တွေနဲ့ စစ်တပ်အကြီးအကဲနဲ့သူ့ရဲ့အထူးတပ်ဖွဲ့တွေကြားရင်းနှီးတဲ့ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီးရှင်းလင်းတိကျတဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်လအစောပိုင်းတုန်းက ငယ်ရွယ်တဲ့စစ်ဗိုလ်တစ်ဦးဖြစ်သူ ကြည်ဥာဏ်လင်းဟာ တစ်ခြားရာနဲ့ချီတဲ့မြန်မာစစ်သားတွေနဲ့အတူ ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပါတယ်။ သူတို့တွေဟာ ရိုဟင်ဂျာမွတ်စလင်သိန်းနဲ့ချီနေရပ်စွန့်ခွာစေခဲ့ပြီး ဒေသတစ်ခုလုံးကိုမီးတောက်စေခဲ့တဲ့ကမ်းပိန်းအတွက် ထွက်ခွာသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တပ်မ၃၃ကစစ်ဗိုလ်ကြည်ဥာဏ်လင်းဟာ တစ်ခြားငယ်ရွယ်တဲ့အမျိုးသားတွေပြုလုပ်တတ်တဲ့အကျင့်အတိုင်းပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ဖေ့စ်ဘုတ်မှာ ပို့စ်တွေတင်တာပဲဖြစ်ပါတယ်။ “ငါတို့လေယာဉ်ထဲမှာ ကိတ်တွေစားဖို့ရှိတယ်”လို့ သြဂုတ်၁၀ရက်နေ့ပို့စ်မှာရေးသားထားပါတယ်။ “ဘင်္ဂါလီသားစားတော့ဖို့လား” လို့သူငယ်ချင်းတစ်ယောက်ကရေးသားပါတယ်။ မြန်မာအများအပြားက ရိုဟင်ဂျာတွေကိုဘင်္ဂါလီဒါမှမဟုတ် နိမ့်ကျတဲ့အသုံးအနှုံးဖြစ်တဲ့ ကုလားဆိုပြီးသုံးနှုံးပါတယ်။ “ဘာပဲဖြစ်ဖြစ်” လို့စစ်ဗိုလ်ကပြန်ရေးပါတယ်။ “ကုလားတွေကိုချေမှုန်းခဲ့သူငယ်ချင်း”လို့ နောက်သူငယ်ချင်းတစ်ယောက်ကတိုက်တွန်းခဲ့ပါတယ်။ “လုပ်ခဲ့မယ်” လို့သူကပြန်ရေးပါတယ်။ ကြည်ဥာဏ်လင်းဟာ အနောက်တိုင်းစစ်တပ်သုံးသပ်လေ့လာသူတွေက “မြန်မာရဲ့လှံထိပ်ဖျား”လို့ ရည်ညွှန်းထားတဲ့ နိုင်ငံရဲ့လူနည်းစုလူမျိုးစုကိုရက်စက်စွာနှိမ်နင်းတဲ့ တပ်မ၃၃နဲ့ တပ်မ၉၉တို့ကရာနဲ့ချီတဲ့တိုက်ပွဲဝင်စစ်သားတွေထဲမှာပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်လတုန်းက ရိုဟင်ဂျာသောင်းကျန်းသူတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းကကိုတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့စစ်ဆင်ရေးကြောင်း ရိုဟင်ဂျာ၇သိန်းကျော်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ပါတယ်။ စစ်တပ်ဟာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ကုလကပြောကြားခဲ့ပြီး […]

တမန်​​တော်​​မွေး​နေ့ ကဗျာ စပ်​​ပေးသူမှာ ဗုဒ္ဓ ဘာသာဝင်​ ဘုန်​ကြီး တပါးဖြစ်

တမန်တော်မွေးနေ့ ကဗျာရွတ်ပြိုင်ပွဲမှာ မွတ်စလင်မလေး မမဒါဝီကို ဆုရစေခဲ့တဲ့ ကဗျာလေး ရေးပေးခဲ့သူ ဗုဒ္ဓ ဘာသာဝင် ဆရာကြီးရွှေဘို ဖုန်း စည် ခေါ် ဦးစိန်ဝင်းကိုေးလးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုပါ၏။ ====================== အစ္စလာမ်ဘာသာ မဏ္ဍိုင်ငါးခု အခြေပြုလို့ ခိုင်မြဲစွာ ဂုဏ်တော် ကလေမာ ဂါထာရွတ်ကြ နမတ်ဇ်ဝတ်ပြု နေ့စဉ်သာ ဖွဂျေ ဇဟိုရ် အစွာ ဖတ်ကြ မဂ္ဂဒစ် အေရှာ ငါးကြိမ်သာ ဥပုဒ်ရိုဇာ အကျင့်မြတ်နဲ့ ဇကာဒ်ဒါန ပေးလှူပါ မြို့တော်မက္ကာ အရောက်သွားလို့ ကအဗ္ဗါကျောင်း ဝတ်ပြုပါ လောကီဒွန္နယာ ဒီဘက်ကမ်းမှ ဂျန္နတ်ဘုံနန်း ရောက်ဖို့ရာ မဏ္ဍိုင်ငါးဖြာ အခြေပျိုးမှ ဟေဒါကောင်းကျိုး ဖြစ်ရမှာ အဲဒါမှ ကောင်းချီး စလဝါဒ် အမြတ် ဟမ္မဒါ။

မြန်မာကို ICC က စစ်ဆေးဖို့ ကုလ ကိုယ်စားလှယ် တင်ပြ

■ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီက မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၂၇ ရက်နေ့ မနေ့က အဆိုပြုတင်ပြရာမှာ လူ့အခွင့်ချိုးဖေါက်သူတွေကို ထိထိရောက်ရောက် အရေးယူရေးဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ အဖန်တလဲလဲ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူမက ရခိုင်ပြည်နယ်မှာသာမက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံက အခြားနေရာဒေသတွေမှာလည်း […]

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေကို ကုလသမဂ္ဂ မှတ်ပုံတင် လုပ်ပေးနေ

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေ အဖြစ် စပြီး မှတ်ပုံတင်ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းလောက်ကို မှတ်ပုံတင်ပေးနေတာဖြစ်ပြီး၊ အဖြူရောင် ဝှိုက်ကတ် ကိုင်ဆောင် ထားသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ ၂ ခုပါတဲ့ တံဆိပ်တွေ ထုတ်ပေးပြီး မိခင်နိုင်ငံကို မြန်မာနိုင်ငံအဖြစ် မှတ်တမ်း တင်ထားကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံကို မိမိဆန္ဒမပါဘဲ အတင်းအကြပ် ပို့ဆောင်ခြင်းမပြုဖို့၊ အတင်း အကြပ်ပြန်ပို့ခဲ့ရင် အသက်နဲ့လွတ်လပ်ခွင့်အပေါ် အန္တရာယ်ရှိကြောင်း ရေးသားထား တယ်လို့ […]

ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ထားတဲ့စနစ် ဖျက်သိမ်းဖို့ ယန်ဟီးလီတောင်းဆို

■ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကန့်သတ်ချိုးဖောက်ထားတဲ့စနစ်ကို ဖျက်သိမ်းပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေ ပြန်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းအတွက် မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ အသင့်မဖြစ်သေးကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပေမယ့် အခုအချိန်အထိ အသေးစိတ်ကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာတာ မရှိသေးတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း မစ္စယန်ဟီးလီက ပြောပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်သူကတော့… မြန်မာအစိုးရ အနေနဲ့ မစ္စယန်ဟီးလီရဲ့ သုံးသပ်ချက်ဟာ လွတ်လပ်မျှတမှု […]

ရခိုင်​ပြည်​နယ်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှုကို နိုင်​ငံတကာမှ စုံစမ်းရန်​ ယန်​ဟီလီး ​တောင်းဆို

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဒီနေ့ပဲ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပြီး နောင်မှာ အလားတူ ဖြစ်ရပ်မျိုးတွေကို ဟန့်တားနိုင်ဖို့ ယုံကြည်စိတ်ချနိုင်လောက်တဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တိုက်တွန်းလိုက်တာပါ။ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် လူ့အခွင့်အရေး ကောင်စီမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေရှိခဲ့တယ်ဆိုပြီး အစားထိုးခန့်အပ်ဖို့ […]

အ​မေရိကန်​တွင်​ ဘာသာ​ရေး ​လေးစားမှု၏ ဒီမိုက​ရေစီ ပြယုတ်​ တခု

အမေရိကန်ကပါ သစ်ပင်ကိုရှောင်တာ မဟုတ်ပါဘူး အဲဒိသစ်ပင်ရှိတဲ့ တောင်ကုန်းလေးကို အနားက red indian မျိုးနွယ်စု တစ်ခုက ကိုးကွယ်ပါတယ်။ အမြန်လမ်းမကြီးဖောက်တဲ့အခါ အိမ်ခြေ ၆၀ ရှိတဲ့ရွာက ပြည်ထောင်စုအစိုးရနဲ့ အမှုဆိုင်တာပါ။ ပြည်ထောင်စုတရားရုံးချုပ် မျှမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးထိ ရောက်ကြပါတယ်။ အစိုးရ ရှုံးပါတယ်။ လူတစ်ဦး လူတန်းစားတစ်ခု လူမျိုးတစ်မျိုး လူအများ ကိုးကွယ် ယုံကြည်ရာ တစ်ခုခုကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေရ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲသည့် တောင်ကုန်းလေးကို ပြည်ထောင်စု အစိုးရက ကွင်းရှောင်ဖောက်ခဲ့ရတာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ ခုလိုအမြန်လမ်းမကြီးကို ကွင်းခဲ့ရတဲ့အတွက် အတော်အကုန်အကျ များခဲ့ရတာပါ။ အခုတော့ အဲဒိအကွေ့လေးက အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဘယ်သူမှ ထိလို့မရဘူးဆိုတဲ့ ပြယုဂ်ဖြစ်နေပါပြီ။ […]