Archive | July 2018

You are browsing the site archives by date.

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ တနှစ်ကြာအခြေအနေတင်ပြ (ကိုဥာဏ်ဝင်းအောင်)

၂၀၁၇ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၇)သိန်းတို့ရဲ့ပြဿနာ တနှစ်လောက် ရှိလာချိန်မှာ၊ ဒီပြသနာကို ရှေ့ဆက်ဘယ်လို ကိုယ်တွယ်ဖြေရှင်းသင့်သလဲ- ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက Heritage Foundation မှာ ဇူလိုင်(၃၀)ရက် မနေ့တုန်းက ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ဘယ်လိုအကြောင်းရာတွေ အဓိကထား ပြောဆိုဖြစ်ပါသလဲလို့ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရိုဟင်ဂျာ အမတ်ဟောင်း တဦးလည်းဖြစ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဦးကျော်မင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းရာမှာ သူကခုလို စတင်ဖြေကြားပါတယ်။ ဦးကျော်မင်း။ ။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာပေါ်တာ တနှစ်ကျော်မှာ ရှေ့ကိုဘယ်ကို သွားရမှာလဲဆိုတဲ့ခေါင်းစဉ် Where Do We Go […]

ပဲခူးနဲ့ သနပ်ပင်မြို့နယ်​တို့မှာ လေဆင်​နှာ​မောင်းတိုက်​လို့ အိမ်ခြေ ၁၀၀၀ နီးပါးထိခိုက်ပျက်စီး

ပဲခူး ဇူလိုင် ၂၇ ဒီကနေ့မနက် အစောပိုင်း ၁ နာရီ လောက်က  ပဲခူးမြို့နဲ့သနပ်ပင်မြို့နယ်တို့မှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေ ၁၀၀၀နီးပါးထိခိုက်ပျက်စီး ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ၊ ဟင်္သာကုန်းရပ်ကွက်နဲ့ ရှင်စောပုတိုက်ခန်းအချို့တို့ရှိ နေအိမ်တွေ အမိုးလန်ပျက်စီးခဲ့ပြီး လဲပြိုတာတွေ သစ်ပင်ကြီးလဲပြိုတာတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကမာနတ်ကျေးရွာတစ်ရွာတည်းမှာတင် ထိခိုက်ပျက်စီးအိမ်ခြေ ၂၈၁လုံးရှိတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဆိုထားပါတယ်။ အလားတူ သနပ်​ပင်​မြို့နယ်​မှာလည်း လေဆင်​နှာ​မောင်းတိုက်​ခတ်​မှု​ကြောင့်​ ​ကျီးပင်​စု၊ ခရမ်း၊​ ရွှေ​လှေစု၊ ကျီးပင်​၊ လွမ်း​ပြေ၊လျှာပကစ်​၊ ကျွန်းကြီး၊ ခရမ်း​ညောင်​ပင်​၊ ဖရဲ၊ စွန်​ပိ၊ သနတ္တန်း၊ကုက္ကို နဲ့ အပိုင်​​​ကျေးရွာ စတဲ့ကျေးရွာတွေရှိ လူ​နေအိမ်​​ခြေ ၂၅၃လုံးပြိုကျပျက်​စီးဆုံးရှုံးခဲ့​ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ အစိုးရဝန်ထမ်းအိမ်ရာများ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ လူနေအိမ်များအပါအဝင် အဆောက်အဦး(၃၄၉)လုံးအမိုးလန်ခြင်းတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့်လဲပြိုသွားတဲ့သစ်ပင်ကြီးတွေနဲ့ နေအိမ်အဆောက်အဦးတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေနဲ့ […]

ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှု ဘာသာရေး လွတ်လပ်ခွင့်ညီလာခံမှာ ပြောကြား

26 ဇူလိုင်၊ 2018    ကျော်ကျော်သိန်း ဘာသာရေးတခုအပေါ် တိုက်ခိုက်တာဟာ ဘာသာအားလုံးကို တိုက်ခိုက်တာပဲဖြစ်တယ်လို့ ခံယူထားတာကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ ဘေးဒုက္ခတွေအပေါ် စိတ်ထိခိုက်ကြရတာဖြစ်တယ်လို့ အမေရိကန်၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးအဖွဲ့ USAID အကြီးအကဲကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးမြှင့်ရေးဆိုင်ရာညီလာခံ ဒုတိယနေ့ အစီအစဉ်တခုအတွင်း USAID အကြီးအကဲ Mark Green က အဲဒီလိုပြောသွားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။ ဘာသာရေးလွတ်လပ်ခွင့် တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ပထမဆုံးညီလာခံ ဒုတိယနေ့မှာတော့ ညီလာခံတက်ရောက် လာတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးဖိနှိပ်မှုကနေ လွတ်မြောက်လာသူတွေအပါအဝင် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေက သူတို့တွေ့ကြုံရတာတွေ၊ သူတို့ လေ့လာသိရှိ နားလည်ထားတာတွေကို အပြန်အလှန် ဖလှယ်ပြောဆိုကြပြီး လူ့အဖွဲ့အစည်းတွေမှာ […]

အသတ်ခံရပုံရတဲ့ မြန်မာအမျိုးသမီးအမှု New York ရဲစုံစမ်း

24 ဇူလိုင်၊ 2018 ကိုဉာဏ်ဝင်းအောင် (credit-Kyimar Thein facebook ) နယူးယောက်မြို့ Brooklyn အရပ်ဒေသမှာ အသတ်ခံရပုံရတဲ့ မြန်မာနွယ်ဖွား သူနာပြုဆရာမ ဒေါ်ကြည်မာသိန်း ဟာ စိတ်သဘောထား ကောင်းသူ တဦးဖြစ်ပြီး ရန်ညှိုးရန်စ နည်းသူတဦးဖြစ်တယ်လို့ သူနဲ့ရင်းနှီးခင်မင်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က သူနေထိုင်ရာ အိမ်ခန်းထဲမှာ ကြိုးနဲ့တုတ်နှောင်ပြီး အိပ်ယာခင်းနဲ့ ထုပ်ပိုးထားတဲ့ သူမရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲကစုံစမ်းနေပါတယ်။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းအရပ် Lenox လမ်းမမှာရှိတဲ့ အထပ်မြင့်တိုက်ရဲ့ ၅ လွှာမှာနေတဲ့ အသက် ၅၈ နှစ် အရွယ် ဒေါ်ကြည်မာသိန်းဟာ ဘရွတ်ကလင်းက SUNY […]

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေး

24 ဇူလိုင်၊ 2018 အင်ကြင်းနိုင် မနေ့ တနင်္လာနေ့က မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရဘက်က ဆောင်ရွက်ဖို့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူညီတဲ့ အချက်သုံးချက်ပါ ကြေညာချက်ကို လုံခြုံရေးကောင်စီဥက္ကဌက သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ပြင်းထန်တဲ့ ဖိအား ကြေညာချက်မျိုးအစား အခုလို မြန်မာအစိုးရရဲ့ ဆောင်ရွက် ချက်တွေ ကို အသိအမှတ်ပြုပြီး လိုအပ်ချက်တွေကို ထောက်ပြခဲ့တဲ့အတွက် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း မြန်မာအသံအမတ်ကြီးကလည်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။ အသံလွှင့်ချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ပြီးဆုံးခဲ့တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး ခဲ့တာတွေ ကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။ နယူးရောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ရလဒ် […]

Myanmar violated UN child rights pact in Rohingya crackdown, experts find

Children make up around half of the more than 700,000 Rohingya Muslims who have fled Myanmar to Bangladesh YANGON, July 21 (Reuters) – Myanmar violated its obligations to the United Nations child rights convention in its crackdown on the Rohingya that led to an exodus of hundreds of thousands of people from the minority community, […]

ကုလသမဂ္ဂ သဘောတူညီချက် မြန်မာ ဖေါက်ဖျက်ဟု အစီရင်ခံစာ ဖေါ်ပြ

Photo: AFP – (ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်) ■ မြန်မာနိုင်ငံဟာ United Nations Convention on the Rights of the Child  ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖေါက်ခဲ့တယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက တွေ့ရှိရကြောင်း စနေနေ့ နောက်ဆုံးရ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ (Save the Children Norway)  ကလေးသူငယ်များ ကယ်ဆယ်ရေးအဖွဲ့ နော်ဝေ ဌာနခွဲက ကြီးကြပ်ပြုစုခဲ့တဲ့ ဥပဒေပညာရှင်တွေရဲ့ သုတေသန အစီရင်ခံစာမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက  ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲစခန်းတွေကို အကြမ်းဖက်သမားတွေ […]