Leave a comment

မြန်မာသံတမန်နဲ့ ကုလလူ့အခွင့်ရေး အကြီးကဲတို့ အကြား သဘောထား ခြင်း အချင်းများ

imageimage

  Zaid Husein                                                 ဦး ​ကျော်​မိုးထွန်း

 

ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ စပ်လျဉ်းလို့ ဒေါသတကြီးပေါက်ကွဲပြီး အချေတင်အညင်းခုံဖြစ်ကြစဉ်အတွင်း ကုလ လူ့အခွင့်ရေးအကြီးကဲ က “ခင်ဗျားတို့ မရှက်ဖူးလား” “ခင်ဗျားတို့ မရှက်ဖူးလား” လို့ ၂ ကြိမ်တိုင်တိုင် အစည်းဝေးခန်းမအတွင်းမှာ အော်ဟစ်ခဲ့ကြောင်း News24 မှ အကြီးတန်းသတင်းထောက် NICK CUMMING – BRUCE မှ ရေးသားထားပါတယ်။

မြန်မာအစိုးရ သံကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံက  ဒီအသိုင်းဝိုင်းတစ်ခုတည်း အတွက်သာ မဟုတ်ပဲ “လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း သံန္နိဌာန် ချထားပါတယ်” လို့ပြောပြီးနောက်မှာ ကုလထိပ်တန်း လူ့အခွင့်ရေးဆိုင်ရာ အကြီးကဲက အခုလို ဒေါသတကြီး တုန့်ပြန်ချေပခဲ့တာဖြစ်ပါတယ်။

“ဒီစကားရဲ့ အဆင့်တန်းက လုံးဝကိုယုတ္တိမရှိတဲ့ ရယ်စရာတစ်ခုသာသာလောက် ဖြစ်နေတာပဲ” လို့ လူ့အခွင့်ရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က ဖြစ်လေ့ဖြစ်ထမရှိတဲ့ သံတမန်ကျင့်ဝတ်တွေနဲ့ မညီတဲ့ မသုံးလျှင်လည်းဖြစ်တဲ့စကားကို သုံးနှုန်းခဲ့ပါတယ်။

“ကျနော် လူ့အခွင့်ရေးမဟာမင်းကြီးတစ်ယောက်အနေနဲ့ လေးနှစ်တာတာဝန်ယူခဲ့တဲ့အချိန်အတောတွင်းမှာ (မြန်မာအစိုးရ ဆီကနေ) ယုတ္တိမရှိတဲ့ ရယ်စရာစကားလုံးတွေကိုပဲ ကြားနေရတယ်။ အခုပြောဆိုချက်ကလည်း သူ့ရဲ့စကားမှာကိုယ်က လုံးဝ ရယ်စရာ ပျက်လုံး အဆင့်နီးပါးလောက်ပဲ ရှိနေတယ်။”

“ခင်ဗျားတို့ မရှက်တော့ဘူးလားဗျ” “ခင်ဗျားတို့ မရှက်ကြတော့ဘူးလား” “ကျနော်တို့တွေက အရူးတွေ မဟုတ်ဘူးဗျ”လို့ သူတောင်းဆိုမေးခွန်းထုတ်ခဲ့ပါတယ်။

ဒီဇိုဒ်ရဲ့စကားကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားတဲ့ မြန်မာသံအရာရှိ ဦးကျော်မိုးထွန်း ကတော့ အစည်းဝေးမှာ ပြန်ပြီး တုန့်ပြန် မပြောခဲ့ပါဘူး။

ဒီအစည်းဝေးပွဲက ၂ နာရီကြာ တံခါးပိတ် ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ အစည်းဝေးအပြီးမှာလည်း မြန်မာ သံအရာရှိ က အဲဒါနဲ့ ပတ်သတ်ပြီးလည်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

အစောပိုင်း ဆွေးနွေးငြင်းခုံပွဲအစမှာတော့ ဦးကျော်မိုးထွန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအခြေအနေ ဆိုးရွားမှုဟာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုသွားပါတယ်။

“ဒီလို ၀မ်းနဲဖွယ်အဖြစ်ဆုံး ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်ဝါဒကို ဘယ်လိုနည်းနဲ့မှ နားလည် ခွင့်လွှတ်ပေးလို့ မရဘူးလို့” ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရ ကိုယ်တိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း ၊လူ့အခွင့်အရေး မဟာမင်းကြီး ရဲ့အဖွင့်မိန့်ခွန်းပါ ပြောဆိုချက်တွေမှာ ချို့ယွင်းအားနည်းမှုတွေရှိနေပြီး ပြည့်စုံမှုမရှိတဲ့အပြင် အထင်အမြင်လွဲမှားစေတဲ့ သတင်းအချက်အလက်တွေ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ခင်ဗျားတို့“ ဖြီးလုံးဖြန်းလုံးတွေနဲ့ ဒီအမှန်တရားတွေကို ဖုံးဖိဖာထေးလို့ ရမယ်မထင်နဲ့။ရခိုင်ဒေသမှာ လူတွေ နှိပ်စက်ငြင်းပန်းခံနေရလို့ ထွက်ပြေး နေကြတုန်းပဲ။ တစ်ချို့ဆိုရင် သေချင်လည်းသေပါစေ။ လွတ်မြောက်ဖို့ အတွက် ပင်လယ်ထဲကိုတောင် စွန့်ပြီး သွားချင်နေကြတယ်။ အဲ လောက်ထိကို ဖြစ်နေတာ” လို့ ဇိုဒ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Al Hussein ရဲ့ မိန့်ခွန်းဟာ အချက်အလက် အသစ် အပြည့်အစုံနဲ့ ပြောသွားတဲ့အတွက် ကြိုဆိုထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် Mr. Toufiq Islam Shatil ကပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ရင် မြန်မာအစိုးရမှာ တကယ်ဖြစ်စေချင်တဲ့၊ တကယ်လုပ်လိုတဲ့ ဆန္ဒမရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်က အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“မြန်မာအစိုးရဟာ သူရဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ခံမှုယူပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဆန္ဒတွေကို လုံးဝ ဥပက္ခာပြု ထားတယ်ဆိုတာ ပြသနေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာကူညီမှုတွေအပါအ၀င် ရခိုင်ပြည် နယ် မောက်ပိုင်းက ပဋိပက္ခကို စုံစမ်းလေ့လာဖို့လည်းပိတ်ပင်ထားဆဲဖြစ်ပါတယ်။နောက်ပြီး ကိုဖီအာနန် ဦးဆောင် တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြုံပြုချက်တွေ အပြည့်အ၀ကောင်အထည်ဖေါ်မယ်လို့ ပြောဆိုတာတွေ အပါအ၀င် မြန်မာအစိုးရဟာ ကတိက၀တ်တွေ အစီအရီ ပေးခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဘာမှ အပြောင်းအလဲတွေ ဖြစ်မလာသေးပါဘူး။ အဲဒီအစား ရိုဟင်ဂျာရွာတွေဟာ ဘူဒိုဇာတွေနဲ့ဖျက်သိမ်းခံရပြီး မြေတွေလည်း သိမ်းပိုက်ခံခဲ့ရပါတယ်။”

Ko Richard Smith ဘာသာပြန်

ကိုးကားရေး-၊
Myanmar Diplomat and U.N. Official Clash Over Violence Against Rohingya by NICK CUMMING-BRUCE

The New York Times ရေး ‘Have You No Shame?’ Myanmar Is Flogged for Violence Against Rohingya

ပုံ The Global New Light of Myanmar နေ့စဉ်သတင်းစာပါ Aid from Indonesia headed to Myanmar မှ ကူးယူဖော်ပြသည်

http://www.globalnewlightofmyanmar.com/aid-from-indonesia-headed-to-myanmar/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: