Leave a comment

မြန်မာနိုင်ငံဟာ အန္တရာယ်များ ၊ မရေရာတဲ့ လမ်းပေါ် ရောက်နေပြီလို့  ဒေါက်တာ သန့်မြင့်ဦး သတိပေး

image

JULY 8, 2018
BY WAWGYI1 MIN
မြန်မာနိုင်ငံ အနေနဲ့ အင်တန်မှ အန္တရာယ်များပြီး သေချာရေရာမှု မရှိလှတဲ့ အနာဂတ်လမ်းကြောင်းပေါ်ကို ယခုအချိန်ကတည်းက ရောက်ရှိနေပြီဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သတိပေးလိုက် ပါတယ်။
မူဝါဒရေးရာမဟာဗျူဟာ လေ့လာရေးအဖွဲ့ကနေ ဦးဆောင်ပြုလုပ်တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ အတွက် သူရဲ့ ဆွေးနွေးပြောဆိုချက်မှာ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် သယံဇာတကို အလွန်အမင်းအားထားနေမှုနဲ့ ပတ်ဝန်းကျင်နိုင်ငံက ကြီးထွားလာမှု ၊ ပြည်တွင်းမှာ ပဋိပက္ခတွေရှိနေမှု ၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေအပေါ် မြန်မာ က အဆင်သင့်ရှိမနေမှု တို့အပေါ် သူက အခြေပြု ထောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာတွေအဖို့ အတိတ်က ယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝ ချမ်းသာမှု ၊ အတိတ်က မိမိဘာသာ ဖူလုံမှု သုံးမကုန် တဲ့ သယံဇာတတွေဆိုတဲ့ ကိစ္စတွေအပေါ် ကျော်လွန်သင့်နေပြီဖြစ်ပါတယ် လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲရင် လူတွေဘယ်မှာနေကြမလဲ တရုတ်က အကုန်လွှမ်းမိုးသွားမလား ထိုင်းနိုင်ငံ လို မြို့ကြီးတွေဖြစ်လာမလား ၊ မြို့ငယ်ရွာငယ်လေးတွေ ဆက်ကျန်ဦးမှာလား လို့ အနာဂတ်ကာလ အတွက် ဘယ်လိုပြင်ဆင်ထားကြသလဲ ဆိုတာကို သူက မေးခွန်းထုတ်ပါတယ်။
ဥပမာအားဖြင့် အရေအတွက်ထောင်ချီတဲ့ စီးပွားရေး လုပ်ငန်းအသေးစားတွေကတဆင့် သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသား တွေနဲ့ အခြားနိုင်ငံသားခရီးသွား ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မန္တလေးဟာ လူနည်းစုက ထိန်းချုပ်ထားတဲ့ စက်မှုလုပ်ငန်း အနည်းငယ်နဲ့ ယူနန်ကို ပြည်ပ ပို့ကုန်တွေတင်ပို့မယ့် မန္တလေးမြို့ နှိုင်းယှဉ်ရင် လုံးဝ ကွဲပြားနေတာ တွေ့ရမှာပါလို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
၂၀၁၁ က စခဲ့တဲ့ ကူးပြောင်းရေးကာလ ၈ နှစ်တာကာလအတွင်း အထူးသဖြင့် အခုလို နောက်ပိုင်းနှစ်တွေ အတွင်း နိုင်ငံတကာဆက်ဆံရေးမှာ တရုတ်လိုနိုင်ငံကိုပဲ အားထားရမယ့်အခြေအနေတွေ ဖြစ်နေမှု တရုတ် မဟာဗျူဟာ စီမံချက်တွေအပေါ် နိုင်ငံရဲ့ ပြင်ဆင်နိုင်မှုတွေအပေါ် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လေ့လာသူတွေ ကတော့ သံသယတွေနဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
လတ်တလောအတွင်းမှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ တရုတ်မြန်မာ စီးပွားရေး လမ်း မမှာ အဓိက လမ်းကြောင်းဖြစ်တဲ့ ကူမင်း- မန္တလေး ရထားလမ်းစီမံကိန်းအတွက် သဘောတူညီမှုကို မကြာခင်ရယူ နိုင်တော့မယ် ဆိုပြီး နိုင်ငံတကာ မီဒီယာအချို့မှာ ပြောဆိုထားတာပါ။
ဟောင်ကောင်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ လူထုရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မြန်မာ့အရေးကို ဆက်စပ်နေတဲ့ ပါရဘွဲ့ကျောင်းသူ ဒက်ဘီချန်းကတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမဲ့ စီမံကိန်းရဲ့ အပေါ် မေးခွန်းထုတ် ပြောဆိုပါတယ်။
အခုလို မန္တလေး ကူမင်းရထားလမ်းစတင်တော့မယ်ဆိုတာ ကူမင်းကျောက်ဖြူရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ် တယ်လို့ ယုံကြည်ပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ကုန်ကျငွေ အနည်းဆုံး ဒေါ်လာဘီလီယံ ၂၀ လောက်ရှိမဲ့ စီမံကိန်းအတွက် ဘယ်လို အတိုးနှုန်းတွေ ပေးဆပ်ရမလဲဆိုတဲ့ ကိစ္စတွေပါပဲ။ အဲဒီကိစ္စတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကလည်း မရှိသလောက် နည်းပါးလှသလို ပွင့်လင်းမြင်သာမှုအတွက်လည်း မေးခွန်းထုတ်စရာဖြစ်နေတဲ့အပြင် မြန်မာအနေနဲ့ အဲဒီစီမံကိန်းမှာ အချိုးအစားဘယ်လောက်ပါဝင် ရမယ်ဆိုတာ က အစမေးခွန်းထုတ်စရာတွေပါ။ လို့ ဒက်ဘီချန်းက ထောက်ပြပါတယ်။
ကျောက်ဖြူ- ကူမင်းရထားလမ်းက ယခင်က လူထုကန့်ကွက်မှုတွေ ရှိလို့ စီမံကိန်း ခေတ္တရပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့်လည်း ပြည်သူအများစုအတွက် တကယ် အကျိုးဖြစ်ပါ့ မလားဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ စီမံကိန်းမှာ ဒေသခံတွေ လုပ်ခလစာမနိမ့်ကျပဲ အလုပ်ရနိုင်မလား စီမံကိန်းကြောင့် မြေသိမ်းမှုတွေကို ဘယ်လို ဖြေရှင်းလဲဆိုတဲ့ ကိစ္စနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဘယ်လို အစားထိုးပေးမလဲဆိုတာ ထောက်ပြစရာဖြစ်သလို လူထုကန့်ကွက်လို့ ရပ်ထားတဲ့ စီမံကိန်းကို သဘောဆန္ဒမရယူဘဲ ပြန်လုပ်မယ် ပြောလာတာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေအတွက်ထည့်သွင်း စဉ်းစားရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်လို့ ဒက်ဘီချန်းက ဆိုပါတယ်။
မြန်မာအနေနဲ့ နိုင်ငံတကာနဲ့ အထီးကျန်ဖယ်ကျဉ် နေထိုင်မှုက အဖြေမဟုတ်ဘူးဆိုတာ လုံးဝ သေချာတဲ့ ရှင်းလင်းချက်ဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတွေနဲ့ အပြောင်းအလဲတွေအတွက် အဆင်သင့်ရင်ဆိုင်ဖို့ မြန်မာက ဘယ်နေရာမှာမှ ရှိမနေပါဘူးလို့လည်း ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
ဒေါက်တာ သန့်မြင့်ဦးကတော့ မြန်မာအနေနဲ့ စီးပွားရေးအရ တန်းတူညီမျှမှုကို ဦးစားပေးမလား ဒါမှမဟုတ် ဆင်းရဲချမ်းသာ အကြီးအကျယ်ကွဟနေတဲ့အတိုင်း လက်ခံနေထိုင်ကြမှာလားဆိုတဲ့အချက်က မဖြစ်မနေ စဉ်းစား ရမယ့် အချက်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က မြန်မာတွေရဲ့ လယ်သမားတွေက စုပေါင်းပြီး ပထမဆုံးမြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြသလို ပိုကျယ်ပြန့်တဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခဲ့ကြတဲ့အတွက် ဘာသာ ၊ အစိုးရစနစ် ၊ အနုပညာ ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာတွေကို တင်သွင်းလာနိုင်ခဲ့ပြီး လူအဖွဲ့အစည်း ဖွံ့ဖြိုးစေခဲ့ကာ နောက်နှစ် ၁၀၀၀ လောက်အကြာမှာ ပုဂံလို အလယ်ခေတ်သမိုင်းမှာ အထင်ကြီး ခန့်ညားဖွယ် မင်းနိုင်ငံ ပေါ်ပေါက်လာခဲ့တယ်လို့ သူက နှိုင်းယှဉ်ပြခဲ့ပါတယ်။
ရှေးအတိတ် ကြေးခေတ် နှစ်ထောင်ချီ ကြာပြီဖြစ်တဲ့ ပုဂံခေတ်ကလို မြန်မာတွေက တွေဝေဆိုင်းငံ့မနေဘဲ ပြင်ပ ဗဟုသုတွေကို လက်ခံသင့်တယ် ပိုပြီးကြီးကျယ်စွာ ဖန်တီးမှုရှိစွာတွေးခေါ်ကြဖို့လိုပြီး ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ ဒေါက်တာ သန့်မြင့်ဦးက သတိပေးပါတယ်။
မြန်မာအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်က မရှိမဖြစ် ပြည့်ပြည့်၀၀ ရှိရမယ့် အရာဖြစ်တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။
‘သူက ဗီဒီယိုမက်ဆေ့နဲ့ပဲ ပြောတယ်ဆိုပေမယ့် ထောက်ပြသွားတာတွေက သဘာဝကျပါတယ်။ သဘာဝ ပတ်ဝန်းကျင် သယံဇာတအပေါ်မှာပဲ မှီခိုနေမှု ၊ တရုတ်ရဲ့ ကြီးထွားလာမှုအပေါ် ဘာတွေပြင်ဆင်ထားသလဲ စတဲ့ အချက်တွေကို သူ့ရဲ့ ထောက်ပြမှုက ဆွေးနွေးသူတွေအတွက်ပါမက အခြား ပွဲလာတက်သူတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာတွေ ဖြစ်စေခဲ့တယ်။ တိုင်းပြည်မှာ တကယ်ပဲ စိုးရိမ်စရာ အခြေအနေတွေက များလာနေတယ် ‘လို့ ရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ လုပ်တဲ့ စကားဝိုင်းကိုသွားရောက်နားထောင်ခဲ့သူ နယူးယောခ့်တိုင်းမ်သတင်းဌာန သတင်းထောက် ကိုဝေမိုးက သုံးသပ်ပါတယ်။
Credit – BBC
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: