Archive | August 2, 2018

You are browsing the site archives by date.

စုံစမ်းရေးကော်မရှင်ကို ဖိလစ်ပိုင် ကြိုဆို

Photo: dfaphl ( လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ​ဟောင်း သံအမတ်ကြီး Rosario Manalo ရိုဆာရီယို မယ်နာလို ကို တွေ့ရစဉ်) ■  မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ဖိလစ်ပိုင်အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ကြိုဆိုလိုက်ပါ တယ်။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ဖိလစ်ပိုင်က အထူးစိုးရိမ်စွာ အစဉ်မပြတ်စောင့်ကြည့်နေကြောင်းနဲ့ အခုလို မြန်မာအစိုးရက ကတိကဝတ်ပြု ဆောင်ရွက်ခဲ့တာကို ကြိုဆိုပါကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano အလန် ပီတာ ကာယေတာ့နို က ပြောပါတယ်။ ဒါ့အပြင် ဇူလိုင် ၃ဝ ရက်နေ့မှာ မြန်မာအစိုးရ ဖွဲ့စည်းခဲ့တဲ့ […]

မြန်မာ့အရေး လုံခြုံရေး ကောင်စီမှာ သြဂုတ်လ၂၈ ရက် တံခါးဖွင့် ဆွေးနွေးမည်

02 သြဂုတ်၊ 2018 ​ဒေါ်ခင်မျိုးသက် အလှည့်ကျဥက္ကဌ အဖြစ် ဗြိတိန်က စတင်တာဝန်ယူတဲ့ သြဂုတ်လမှာ လာမယ့် ၂၈ ရက်နေ့ရောက်ရင် မြန်မာ့အရေးကို တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလှည့်ကျဥက္ကဌ အဖြစ် စတင်တာဝန်ယူတဲ့ ဗြိတိန် နိုင်ငံက သံအမတ်ကြီး Karen Pierce ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ဒေါ်ခင်မျိုးသက်က ကောက်နှုတ်တင်ပြပေးမှာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွီဒင် အလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု ဗြိတိန် အလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာတော့ သြဂုတ်လ ၂၈ ရက်နေ့မှာ တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း […]

ကနေဒါပြတိုက်က ဒေါ်အောင်ဆန်း စုကြည်ပုံ ကို မီးမှိန်ချထား

( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် ) ■ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းကျော်ထွက်ပြေးရတဲ့ကိစ္စမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုကို  ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ကနေဒါပြတိုက်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မီးမှိန်ချထားလိုက်ပါတယ်။ ဒါတင်မက  လူ့အခွင့်အရေးအတွက် ပံ့ပိုးကူညီသူ ပုဂ္ဂိုလ်တစ်ရာ စာရင်းကနေလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြတိုက်က ပယ်ဖျက်လိုက်ပါတယ်။ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ခြောက်ဦးထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို ခုလို မီးမှိန်လိုက်ပေမဲ့  နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာကို အပြောင်းအလဲမလုပ်ဘဲ ဓာတ်ပုံကိုလည်း ပြတိုက်က မဖယ်ရှားပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့အကြောင်း အသိပေးရှင်းလင်းထားပါတယ်။ Photo: RFA