Archive | August 9, 2018

You are browsing the site archives by date.

UN ၀န်ထမ်းတွေ ရခိုင်ကိုသွားခွင့်ပြုမယ်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) က ၀န်ထမ်းတွေကို ရခိုင်ကို သွားလာခွင့်ပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ (သြဂုတ် ၉ရက် နေ့) မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့  ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) တို့အကြား ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ အရ အခုလိုခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ UNDP နဲ့ UNHCR က တာဝန်ချထားတဲ့ ဝန်ထမ်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာ ၂၃ ရွာ တွေကို ကွင်းဆင်း၊ အကဲဖြတ်မှုတွေဆောင်ရွက်ဖို့ သွားလာခွင့်ပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။ […]

ကုလအဖွဲ့တွေနဲ့ မြန်မာ အကြား ရခိုင်အရေး သဘော တူညီချက်နဲ့ အညီ လုပ်ဆောင်ဖို့ ကုလ တိုက်တွန်း

08 သြဂုတ်၊ 2018 မသိင်္ဂီထိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်တွေ အတိုင်း ရခိုင်အရေးမှာ ထင်သာမြင်သာ တိုးတက်မှုတွေ ဖော်ဆောင်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက် ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ ရခိုင်ဒေသတွင်း ထိထိရောက်ရောက် ၀င်ရောက်ခွင့်ရဖို့၊ ရခိုင်ဒေသတွင်းက မူဆလင်တွေ လွတ်လပ်စွာ သွားလာခွင့်နဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ လက်တွေ့ တိုးတက်ရေး မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂ […]