Archive | August 22, 2018

You are browsing the site archives by date.

ရခိုင်အရေးအကြမ်းဖက်ဝါဒခြိမ်းခြောက်မှု ဒေသတွင်းရိုက်ခတ်နိုင်ဟု ဒေါ်စုထောက်ပြ

21 သြဂုတ်၊ 2018 ဗွီအိုအေ (မြန်မာပိုင်း) မျှဝေပါ မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှု ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ဒေသတွင်းကိုပါ ရိုက်ခတ်လာနိုင်ကြောင်း စင်္ကာပူမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကြပ်အတည်းတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို အစပြုခဲ့တဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေဟာ ဒီကနေ့ အချိန်အထိ ရှိနေဆဲဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှာ ဒီနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်သမျှ လူမှုအသိုင်းအ၀န်းတွေကြား ပဋိပက္ခတွေ ကြုံရနိုင်တဲ့ အန္တရာယ်ရှိသလို၊ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းကိုပါ ကျော်လွန် ရိုက်ခတ်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ […]