Archive | January 11, 2019

You are browsing the site archives by date.

ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်

Jan 11, 2019 Rohingya Today ၂၀၁၈ ဇန်နဝါရီလတွင် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ ရန်ဟီးလီ သွားရောက်စဉ် (ဓါတ်ပုံ – Dhaka Tribune)မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပါမောက္ခရန်ဟီးလီ သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့ထိ သွားရောက်မည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ကြေညာချက်ထုတ်ပြန်သည်။  မြန်မာအစိုးရက ၎င်းအား ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး၊ ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ ဒုက္ခသည်များ၊ တက်ကြွလှုပ်ရှား သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တွေ့ဆုံခြင်း ဖြစ်သည်။  ပါမောက္ခရန်ဟီးလီ က ၎င်းအနေဖြင့် ယခုအချိန်ထိ မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိ […]

ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင် ဆေးရုံရရှိ

နိုင်ငံတကာရောက် မြန်မာမိသားစု များရဲ့ လှူးဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ န၀မအကြိမ်မြောက်၂၀၁၈ခုနှစ် ပြည်သူဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့အကြောင်း မေလ ၂၆ရက်နေ့စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည် နယ် မှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲအခန်းအနားမှာကြေညာ သွားခဲ့ပါတယ်။ ဆုရရှိတဲ့ မူစလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ် လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက “  ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို  ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုဃ်မေတ္တာ နားခိုရာဂေဟာ တည်ထောင်သူရယ်၊ မန္တလေးမြို့မှာရှိတဲ့ ယုံကြည်ရာ […]