Archive | January 12, 2019

You are browsing the site archives by date.

ရိုက်တာ သတင်းထောက် တွေအယူခံ ပယ်ချတာကို အမေရိကန် စိတ်ပျက်

ရိုက်တာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အယူခံကို တရားရုံးက ပယ်ချလိုက်တဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အထူးစိတ်ပျက် မိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက မနေ့ကပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီနိုင်ငံတနိုင်ငံအနေနဲ့ သတင်း မီဒီယာရဲ့ လွတ်လပ်ခွင့်ကို အကာအကွယ် ပေးသင့်တယ်လို့လဲ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့အပေါ် သံသယဖြစ်ရရုံတင်မကဘဲ တရား ဥပဒေ စိုးမိုးရေးဆိုတာကိုပါ မေးခွန်းထုတ်စရာဖြစ်ရတယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် အဲဒီရဲရင့်တဲ့ သတင်းထောက နှစ်ယောက် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်က ပုဂ္ဂိုလ်တွေ၊ ကိုယ်စားပြုသူတွေအားလုံးနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ Photo: United States Department of State – Robert J. Palladino, Deputy Spokesperson

ဘတ်ငွေသန်းငါးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်သူ မြန်မာနိုင်ငံသားကို ထိုင်း စစ်တပ် ဖမ်းဆီး

ဘတ်ငွေသန်းပေါင်း၅၇၀တန်ဖိုးရှိ ရာအိုင့်(ရေခဲ) မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်တစ်စီးဖြင့် သယ်ဆောင် လာသည့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနီးတွင် ထိုင်းစစ်တပ် စစ်ဆင်ရေး အဖွဲ့က ဖမ်းဆီးရမိထားကြောင်း Social Action for Children and Women အဖွဲ့မှသိရသည်။ ယင်းကဲ့သို့ မူးယစ်ဆေးဝါး အမြောက် အမြားဖြင့် မြန်မာနိုင်ငံသား ကို ဖမ်းဆီးရမိမှုအား ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောဆိုခဲ့ပြီး အဆိုပါမြန်မာနိုင်ငံသားမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခြေချနေထိုင်သူ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ၉ရက်နေ့ ည ၉ နာရီ ကျော် တွင် မယ်ဆိုင်မြို့မှ ဝင်ဖန်ခန်ခရိုင်၊ပေါင်ပကျေးရွာသို့ မောင်းနှင်လာသည့်မော်တော်ယာဉ်တစ်စီးကိုထိုင်းနယ်ခြားစောင့်တပ်နှင့်ထိုင်းစစ်တပ်စစ်ဆင်ရေးအဖွဲ့တို့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်က […]

အစ္စရေး အားကစားသမားတွေနိုင်ငံတွင်း ၀င်ရောက် ခွင့် ပိတ်ပင် ထားတဲ့ ပေါ်လစီကို ဆက်လက် ထိန်းသိမ်း သွားမယ်လို့ မဟာသီယာဆို

ဇန်န၀ါရီ ၁၁၊ ၂၀၁၉ Myanmar Muslim Media ဘော်နီရို ကူချင်းမှာကျင်းပမဲ့ ၂၀၁၉ခုနှစ်ကမ္ဘာ့ရေးကူးချန်ပီယံရှစ်ပြိုင်ပွဲမှာပါဝင်ဖို့ရှိနေတဲ့ အစ္စရေးအားကစား သမားတွေ ကို နိုင်ငံထဲဝင်ရောက်ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ မလေးရှားကထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။ ဒီပွဲတွေကို ဇူလိုင် ၂၉ကနေ သြဂုတ် ၄ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီး တိုကျိုမှာကျင်းပမဲ့ ၂၀၂၀ခုနှစ် မသန်စွမ်း သူများအားကစားပြိုင်ပွဲအတွက် အရည်အသွေးစစ်ပွဲစဉ်တွေလည်းပါဝင်သွားမှာဖြစ်ပါတယ်။ “သူတို့ကိုနိုင်ငံထဲဝင်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့ရောက်လာမယ်ဆိုရင် ဒါဟာစော်ကားရာရောက် ပါ တယ်။” လို့မလေးဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က ကြာသပတေးနေ့က သတင်းထောက်တွေ ကိုပြော ကြား ခဲ့ ပါတယ်။ မလေးရှားဟာ ပါလက်စတိုင်းလွတ်လပ်ရေးကိုအခိုင်အမာထောက်ခံတဲ့နိုင်ငံဖြစ်ပြီး အစ္စရေးနဲ့ လည်း သံတမန်ဆက်ဆံရေးမရှိသလို အစ္စရေးနိုင်ငံကိုအသိအမှတ်ပြုထားခြင်းမရှိတာကြောင့် အစ္စရေး အသင်းသား တွေ ကိုဗီဇာတွေထုတ်ပေးလိုက်ရင် ဥပဒေကိုဆန့်ကျင်ရာရောက်တယ်လို့ သူကကရှင်းပြခဲ့ပါတယ်။ ၉၃နှစ်အရွယ်ဝန်ကြီးချုပ်ရဲ့ထုတ်ပြန်ချက်ဟာ အစ္စရေးနဲ့ပတ်သက်ပြီးနိုင်ငံရဲ့ ကာလရှည်ကြာပေါ်လစီကို ဆက်လက် ထိန်းသိမ်းခဲ့တာပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာကျင်းပမဲ့ နိုင်ငံတကာရွက်လှေပြိုင်ပွဲနဲ့ […]