Archive | January 24, 2019

You are browsing the site archives by date.

Zero point နေ ရိုဟင်ဂျာ ကိစ္စ အင်တာဗျူး

မဆုမွန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ယမ်ဟီးလီ တို့ နာရီဝက်လောက် တွေ့ဆုံစကားပြော ခဲ့ပြီး သူတို့လက်ရှိကြုံနေရတဲ့အခက်အခဲတွေ၊ ရခိုင်မှာ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုတွေ အတွက် ယန်ဟီးလီက ကုလသမဂ္ဂကို အလေးအနက်ထားအစီရင်ခံတင်ပြပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ နယ်နမိတ် မျဉ်းကြားခိုလှုံနေသူရိုဟင်ဂျာတွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ဗွီအိုအေ မြန်မာပိုင်း မဆုမွန်က ဆက်သွယ် စုံစမ်းစဉ် သူက […]

၁၉၇၈ ခု ဘင်္ဂလားမြန်မာ ကတိစာချုပ်

  – ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေငြာနေပေမယ့် ၁၉၇၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်မှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် တရားဝင် အသိအမှတ်ပြုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတစ်ခုဖြစ်တဲ့ Dhaka Tribune က မနေ့မှာ ဖော်ပြလိုက်ပါတယ်။ မြန်မာအစိုးရဟာ လူနည်းစု ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရအောင် စနစ်တကျ အကြမ်းဖက် နေကြောင်း၊ အေဒီ ၈ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ သမိုင်းနဲ့ချီတဲ့ ဆက်စပ် မှုကို ဖျောက်လိုတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို မသုံးဖို့အတွက် မြန်မာအစိုးရက တောင်းဆိုထားကြောင်း ၀ဘ်ဆိုက်က ဆိုပါတယ်။ ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ […]

မြန်မာရာဇ၀င် (ဦးကြည်ရေး) ထဲက ရခိုင် ဘုရင် မူစလင်ဘွဲ့များ