Leave a comment

နိုင်ငံသားဖြစ်မှု

image

နိုင်ငံသားဖြစ်မှု
***********
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း ၂
မူလအခွင့်ရေးများ နိုင်ငံသားဖြစ်မှု

ပုဒ်မ ၁၀။ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး တွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်း သာရှိရမည်။ဆိုလိုရင်းမှာ
ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ သီးခြား
မရှိစေ ရ။ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍ သာရှိရမည်။

ခုခေတ် နိုင်ငံသား၊တိုင်းရင်းသား ဆိုတဲ့
အခေါ်ဝေါ်တွေဟာထွင်လုံးတစ်ခုပဲ။ဦးနေ၀င်းနဲ့ဗမာ​ခေါင်း​ဆောင်​ ​တစ်​စု လူမျိုး​ရေးအမြင်ဘာသာ​ရေးအမြင်​နဲ့အရူးထပြီး၁၉၈၂ခုနှစ်မှာ
ဗုဒ္ဓဘာသာ မဟုတ်​တဲ့ လူမျိုး​တွေကို ခွဲခြားဖို့အတွက်​နိုင်ငံသားဥပဒေ တစ်ခုကိုသီးသန့်ပြုစုပါတယ်။
အရင်ကတည်းကလည်း ၁၉၄၈ နိုင်ငံသားရွေးချယ်​ရေးအက် ဥပဒေနဲ့ အခြေခံဥပဒေ နိုင်ငံသားသတ်မှတ်
ချက် ရှိပြီးသားဖြစ်ပါတယ်။အဲဒီမှာ နိုင်ငံသား၃မျိုးပြဌာန်းပါတယ်။

၁။နိုင်ငံသားစစ်စစ်

၂။ဧည့်နိုင်ငံသား

၃။နိုင်ငံသား ပြု ထားသူ
ဒီ ၃ မျိုး ရဲ့ မှတ်ပုံတင်​ကတ်ပြား ဗဟုသုတအနေနဲ့ ဖော်ပြရရင်
၁။နိုင်ငံသား- ဥပမာ ၁၂/မရက (နိုင်) ၇၅၄…..ပန်း​ရောင်

၂။ဧည့်နိုင်ငံသား ဥပမာ ၁၂/မရက (ဧည့်)၇၅၄….အဖြူ

၃။ပြု အရ       ဥပမာ  ၁၂/မရက (ပြု ) ၇၅၄……အစိမ်းစတဲ့ ဒီပုံစံပဲဖြစ် ပါတယ်။

ယ​နေ့ရန်​ကုန်​မြို့မှာ နိုင်​ငံသားဖြစ်​နိုင်​​လောက်​တဲ့အရည်​အချင်း​တွေရှိ​နေပါလျှက်​ ကြိုးစားအားထုတ်
မှုနည်းလို့၊အ​ထောက်​ထားမရှာ​ဖွေလို့၊ပြု ကဒ်​ ကိုင်​ထားရသူ​တွေ အစ္စလာမ်​​တွေထဲမှာအ​တော်​များများရှိ​နေပါ
တယ်​။တရုတ်​​တွေထဲမှာလည်း ဧည့်ကဒ်​ကိုင်​ထားသူ​တွေ၊ပြု ကဒ်​ ကိုင်​ထားသူ​တွေဒုနဲ့​ဒေးပါပဲ။လ၀က ရုံး
ဟာ လ၀က ၈၂ဥပ​ဒေအရ မှတ်​ပုံတင်​ကဒ်​ကိုထုတ်​​ပေးတာမဟုတ်​ဘဲ ညွှန်​ကြား​ရေးမှူးချုပ်​တို့ လ၀က
အတွင်းဝန်​ တို့ရဲ့ ညွှန်​ကြားလွှာ​တွေနဲ့ ခွဲခြားဆက်​ဆံ​နေတာဖြစ်​ပါတယ်​။လ၀က ရုံးရဲ့ ပြဿနာကိုဥပ​ဒေ​ ကြောင်း အရ တရားရုံးကတစ်​ဆင့်တက်​နိုင်​​ပေ
မယ့်​ငွေကုန်​​ကြေးကျများတာ​ကြောင့်အများစုက မသိတာ၊​ငွေကုန်​ မခံနိုင်​တာ​တွေ​ကြောင့် ​ပေးတာ ယူလိုက်ကြပါတယ်​။ ပေးတာယူလိုက်​တာအ​ရေးမကြီး​ပေမယ့် ဒီ ဒုက္ခ ဆိုးဟာ သားစဉ်​​မြေးဆက်​ကိုပါဒုက္ခ​ပေးလာ​တော့မှာဖြစ်​ပါတယ်​။

ဥပဒေပညာရှင်များရဲ့ ထောက်ပြချက် အရ ဧည့်နိုင်ငံသားအသုံးအနှုန်းမှာ ဧည့်=ခဏနေတာ ဧည့်သည်။
နိုင်ငံသား=အမြဲတမ်းနေထိုင်သူ၊နိုင်ငံသားရပိုင်ခွင့်ရှိတဲ့သူ။ အဲဒီမတူညီတဲ့ စကားလုံး၂လုံးကို စုပေါင်းပြီး
အတူပူးတွဲ ထားရလောက်အောင်ကို ဥာဏ်သွားခဲ့ကြသူတွေဖြစ်ပါတယ်။၁၉၈၂နိုင်ငံသားဥပဒေထုတ်ပြန်
ပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက လူအခွင့်ရေးချိုးဖောက်တဲ့ ဥပဒေ ဆိုပြီး ၀ိုင်းဝန်းကန့်​ကွက်ခဲ့ကြတယ်​။
ခုမှ ကန့်ကွက်ခဲ့တာမဟုတ်ဘူး။အဲဒီထုတ်ပြန်တဲ့ ၈၂ အချိန် ကတည်းက ကန့်ကွက်ခဲ့ကြတယ်။၁၉၈၃မှာ ၂ခေါက်ချိုး ၃ခေါက်ချိုး မှတ်ပုံတင်တွေကို ပြန်
လည်သိမ်းဆည်းပြီး ခုကျနော်တို့ကိုင်နေတဲ့ နိုင်ငံသား
စိစစ်ရေးကတ်ပြား ဆိုတဲ့ စက္ကူ စုတ်ပြန်ထုတ်ပေးခဲ့
တာဖြစ်ပါတယ်။ခုထိကျနော်တို့ဟာ နိုင်ငံသားမဖြစ်
သေးပါဘူး။စိစစ်ခံနေရတုန်းလူတွေဖြစ်ပါတယ်။

၄၇ဥပဒေ
ပုဒ်မ ၁၁(က)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုး မျိုး
တွင်ဖြစ်စေ၊သို့တည်းမဟုတ် တိုင်းရင်းသားဖြစ်ခဲ့သော မိဘ၂ပါးမှ မွေးဖွားသူတိုင်းဖြစ်စေ။
(ခ)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်စေ၊
သို့မဟုတ်​ ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံး
တစ်ဦးမှ ပြည်ထောင်စုမြန်မာနိုင်ငံအာဏာပိုင်နက်အ
တွင်း မွေးဖွားသူတိုင်းသည်လည်းကောင်း။
(ဂ)ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သော ၊
သို့မဟုတ် ဤအခြေခံဥပဒေအာဏာစတင်သက်
ရောက်သည့်နေ့ တွင် အသက်ရှင်နေသည်ဖြစ်ပါက
တိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘ၂ပါးမှ
ပြည်ထောင်စုအာဏာပိုင်နက်အတွင်း မွေးဖွားသူ
တိုင်းသည်လည်းကောင်း
(ဃ)ဗြိတိန်မှာမွေးခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေ
စတင်အာဏာတည်တဲ့နေ့မှအထက်၊သို့တည်းမဟုတ်
၁၉၄၂ခု ဇန်န၀ါရီ လ ၁ရက်နေ့မှ အထက်အခြားမဲ့
သော ဆယ်နှစ်အတွင်း ၈နှစ်အောက် မယုတ်သော
ကာလကို ပြည်ထောင်စုနိုင်ငံအာဏာပိုင်နက်အတွင်း
နေထိုင်ခဲ့ဖူးပြီးလျှင် ၊ပြည်ထောင်စုနိုင်ငံတွင် ထာဝစဉ်
နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍ ၊ထိုပြင် တရားဥပ
ဒေဖြင့် သတ်မှတ်သောအချိန်အတွင်းတွင် သတ်မှတ်
ထားသော ဥပဒေနဲ့အညီ ပြည်ထောင်စုမြန်မာနိုင်ငံ
အဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်
လည်းကောင်း
ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သည်။

ဒါဟာ၁၉၄၇ဥပဒေကပြဌာန်းတဲ့ ရှင်းလင်းတဲ့ နိုင်ငံသား
ပြဌာန်းမှုပဲဖြစ်ပါတယ်။ခု ၁၉၈၂ဥပဒေကပေတံက
တော့ မျိုးဆက် သွေးနဲ့ တိုင်းတယ်​လို့ မရှက်​မ​ကြောက်
လ၀က ၀န်​ချီးက​ပြောပါတယ်​။ကမ္ဘာမှာ Raceမရှိ
တော့တာ လ၀က၀န်​ချီးမသိရှာဘူး။မယုံရင်​ ဗမာစစ်​စစ်
ဆိုတဲ့​ကောင်​​တွေကို ဂုတ်​ကိုင်​ဆွဲထုတ်​ပြီး DNAစက်​​ပေါ်
တင်​​ပေးလိုက်​ရင်​အ​ဖြေထွက်​​နေပါပြီ။
ကမ္ဘာ့ ဘယ်​နိုင်​ငံမှာမှမရှိတဲ့ မျိုးဆက်၃ဆက်
စောင့်ပြီးမှ နိုင်ငံသားအဖြစ်လက်ခံတဲ့ စနစ်ဟာ
အံ့သြဖွယ်​ပဲ။သိပ္ပံနဲ့နည်းပညာ
တိုးတက်ထွန်းကားနေတဲ့ ခေတ် တနေ့
တစ်ရက်ဆိုတာတောင် အလွန်အရေးကြီးနေတဲ့
ခေတ်ကာလကြီးမှာ မျိုးဆက်၃ဆက်စောင့်ခိုင်းတဲ့
နည်းဗျူဟာ ကြီးဟာ အလွန်အင်မတန်ဥာဏ်နည်း
လွန်းနေတာကိုဖော်ပြနေပါတယ်။ခွဲခြားမှုကိုကွက်​ကွက်
ကွင်းကွင်း​ဖော်​ပြ​နေတဲ့သက်​​သေပဲ။ထို့အတူ မျိုးဆက်
၃ဆက်စောင့်ပြီး ယူရလောက်အောင် မြန်မာနိုင်ငံက
ကမ္ဘာ့ အလယ်ဘိတ်ချီး။ဖွတ်ကျား။ကိုယ်ရည်သွေး
သီချင်းတွေ အမျိုးဂုဏ် ဇာတိဂုဏ် ကုန်းဖြဲအော်တဲ့
သီချင်းတွေထဲမှာပဲ အဆင့်ရှိတာ။လက်တွေ့ကနတ္ထိ။
ကျနော်ဆိုရင်တော့ မစောင့်တော့ဘူး။

အောက်​​ခြေမှာ ဟိန္ဒူ-ဗုဒ္ဓဆိုပြီး​ရောရိုက်​​နေတဲ့ တမိလ်​၊
ဟိန္ဒူ၊​ဂေါ်ရခါး၊စတဲ့ဟိန္ဒူ အုပ်​စု​တွေလည်း ပုဒ်​မ၆ပဲ။
သူတို့​မှတ်​ပုံတင်​ရဖို့၊အ​နေအစား​ချောင်​ဖို့ ဟိန္ဒူနဲ့ဗုဒ္ဓ
ကို Mix လုပ်​လိုက်​ကြ​ပေမယ့် သူတို့ကို လ၀က ရုံးက
Mix မလုပ်​ဘူး။ပုဒ်​မ(၆)မှတ်​တမ်းထဲမှာ ဗုဒ္ဓဘာသာ
မဟုတ်​တဲ့ တိုင်းရင်းသားစစ်​စစ်​ခရစ်​ယာန်​ဘာသာဝင်
က​နေ ဘာသာခြားအားလုံးကိုထည့်သွင်းပြု စုထားတာ
ပါ။တိုင်းရင်းသား/နိုင်​ငံသား ပုဒ်​မ(၅)မှာ ဗုဒ္ဓဘာသာ
ကိုးကွယ်​သူ သက်​သက်​ပဲ။

ဒါ​ကြောင့်ကျ​နော်​အမြဲတမ်း​ပြောပါတယ်​။
ဗုဒ္ဓဘာသာ ဆိုတဲ့ ​မွေးရာပါ​အခွင့်အ​ရေးတစ်​ခုကလွဲပြီး
ဘာမှမရှိဘူး။ဒါဟာ တစ်​ခါ​တစ်​​လေမှာ လူပါးဝခွင့်
လက်​မှတ်​လည်းဖြစ်​ရင်​ဖြစ်​သွားတတ်ပြီး အနာဂတ်
နိုင်​ငံ​တော်​က​တော့ အာဇာနည်​ဗုဒ္ဓဘာသာအမျိုးသား
တိုင်းပြည်​ပါပဲ။

ကိုးကား။ ဒို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ ….
ဒေါက်တာမောင်မောင် ၁၉၅၈။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: