Archive | February 15, 2019

You are browsing the site archives by date.

လူမျိုးတုံးသုတ်သင်မှုအတွက်တာဝန်ရှိမြန်မာစစ်တပ်ကိုထိန်းသိမ်းသွားဖို့ကုလကို အမေရိကန်တိုက်တွန်း

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၈                                                                                                  Myanmar Muslim Media ရိုဟင်ဂျာမွတ်စလင်တွေအပေါ်လူမျိုးတုံးသုတ်သင်မှုတွေနဲ့ပတ်သက်ပြီးမြန်မာရဲ့ငြင်းဆန်ပယ်ချမှုတွေဟာ ရယ်စရာကောင်းနေပြီး စစ်တပ်တာဝန် ရှိသူတွေကိုထိန်းသိမ်းပြီး ဒီထိတ်လန့် စရာကောင်းတဲ့လုပ်ရပ်တွေသူမနိုင်ငံထဲမှာဖြစ်ပွားနေတာကို ဒေါ်စုကိုသိရှိစေဖို့ ဖိအားပေးသွားဖို့ အမေရိကန်က အင်္ဂါနေ့မှာ ကုလလုံခြုံရေးကောင်စီ ကိုတိုက်တွန်းလိုက်ပါတယ်။ “မြန်မာအစိုးရအဖွဲ့ထဲကအင်အားကောင်းတဲ့အဖွဲ့တွေဟာ ရခိုင်ပြည်နယ်က လူမျိုးတုံးသုတ်သင်မှုတွေကိုငြင်းဆန်ပယ်ချနေပါတယ်”လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်နစ်ကီဟေလီက လုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါတယ်။ “သူတို့ရဲ့ယုတ္တိမရှိငြင်းဆန် မှုတွေ ကိုဘယ်သူမှမကန့်ကွက်နိုင်တာသေချာစေဖို့နဲ့ သူတို့ရဲ့ရက်စက်မှုတွေကို မျက်မြင်သက်သေတွေ့ရှိမှာကြောင့် ကုလလုံခြုံရေးကောင်စီအပါအ၀င် ဘယ်အဖွဲ့အစည်းကတစ်ဦးတစ်ယောက်ကိုမှရခိုင်ပြည်နယ်ထဲဝင်ရောက်ခွင့်မပြုထားဘူး”လို့ ဟေလီကဆိုပါတယ်။ ရိုဟင်ဂျာမွတ်စလင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိုသတင်းရယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိုပြန်လွှတ်ပေးဖို့ကိုပါ ဟေလီက တောင်းဆို ထားပါတယ်။ သူတို့ကိုခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကျွန်မတို့ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်။ သတင်းထောက်တွေကိုမြန်မာရဲ့ဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ပတ်သက်ပြီး “မီဒီယာကိုအပြစ်တင်ဖို့သူတို့ဟာလေးစားမှုကင်းမဲ့ပါတယ်” လို့ဟေလီက ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထုတ်ဝေခဲ့တဲ့ရိုက်တာရဲ့အထူးသတင်းပေးပို့ချက်ထဲမှာ ရခိုင်ပြည်နယ်အင်းဒင်ရွာကရိုဟင်ဂျာအမျိုးသား၁၀ဦးကို ဗုဒ္ဓဘာသာ အိမ်နီးချင်းတွေ နဲ့စစ်သားတွေက သတ်ဖြတ်ပြီးမြုပ်နှံထားမှုပါရှိပါတယ်။ ပြင်သစ်ဆိုင်ရာကုလသံအမတ် ဖရန်စီယိုဒီလာတာက ရိုက်တာ သတင်းဌာန ကပေးပို့ထားရှိတဲ့ ရိုဟင်ဂျာအမျိုးသားတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်မြုပ်နှံခံထားရမှုဟာ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်ရာမြောက်တာကြောင်း […]

သေနတ်သမား ကြည်လင်းကို သေဒဏ် ပေးလိုက်ပြီ

VOA ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရတဲ့ အမှုနဲ့ပတ်သတ်လို့ သေနတ် သမား ကြည်လင်းကို မြောက်ပိုင်း ခရိုင်တရားရုံးက ဒီကနေ့ပဲ သေဒဏ် ချမှတ် လိုက်ပါတယ်။ သူနဲ့အတူ တရားခံ ၃ဦမှာ တဦးဖြစ်တဲ့  အောင်ဝင်းဇော် ကိုလည်း သေဒဏ် ပေးခဲ့ပါတယ်။ ဇေယျဖြိုးကိုတော့ ထောင်ဒဏ် ၅နှစ်၊ အောင်ဝင်းခိုင် ကို တော့ ထောင်ဒဏ် ၃နှစ်စီ ချမှတ် ခဲ့ပါတယ်။ သေနတ်သမားကြည်လင်းဟာ သေဒဏ် အပြင်၊ တက္ကစီ ယာဉ်မောင်း ကိုနေဝင်းကို သေစေမှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ လက်နက်မှု အတွက် ထောင်ဒဏ် ၃နှစ် အမှု၃ခုလုံး အတွက် သီးခြားစီ ကျခံဖို့ အမိန့်ချခဲ့ တာပါ။ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ […]