Leave a comment

လူမျိုးတုံးသုတ်သင်မှုအတွက်တာဝန်ရှိမြန်မာစစ်တပ်ကိုထိန်းသိမ်းသွားဖို့ကုလကို အမေရိကန်တိုက်တွန်း

image

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၈                                                                                                  Myanmar Muslim Media

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်လူမျိုးတုံးသုတ်သင်မှုတွေနဲ့ပတ်သက်ပြီးမြန်မာရဲ့ငြင်းဆန်ပယ်ချမှုတွေဟာ ရယ်စရာကောင်းနေပြီး စစ်တပ်တာဝန် ရှိသူတွေကိုထိန်းသိမ်းပြီး ဒီထိတ်လန့် စရာကောင်းတဲ့လုပ်ရပ်တွေသူမနိုင်ငံထဲမှာဖြစ်ပွားနေတာကို ဒေါ်စုကိုသိရှိစေဖို့ ဖိအားပေးသွားဖို့ အမေရိကန်က အင်္ဂါနေ့မှာ ကုလလုံခြုံရေးကောင်စီ ကိုတိုက်တွန်းလိုက်ပါတယ်။

“မြန်မာအစိုးရအဖွဲ့ထဲကအင်အားကောင်းတဲ့အဖွဲ့တွေဟာ ရခိုင်ပြည်နယ်က လူမျိုးတုံးသုတ်သင်မှုတွေကိုငြင်းဆန်ပယ်ချနေပါတယ်”လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်နစ်ကီဟေလီက လုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါတယ်။ “သူတို့ရဲ့ယုတ္တိမရှိငြင်းဆန် မှုတွေ ကိုဘယ်သူမှမကန့်ကွက်နိုင်တာသေချာစေဖို့နဲ့ သူတို့ရဲ့ရက်စက်မှုတွေကို မျက်မြင်သက်သေတွေ့ရှိမှာကြောင့် ကုလလုံခြုံရေးကောင်စီအပါအ၀င် ဘယ်အဖွဲ့အစည်းကတစ်ဦးတစ်ယောက်ကိုမှရခိုင်ပြည်နယ်ထဲဝင်ရောက်ခွင့်မပြုထားဘူး”လို့ ဟေလီကဆိုပါတယ်။

ရိုဟင်ဂျာမွတ်စလင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိုသတင်းရယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိုပြန်လွှတ်ပေးဖို့ကိုပါ ဟေလီက တောင်းဆို ထားပါတယ်။ သူတို့ကိုခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကျွန်မတို့ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်။ သတင်းထောက်တွေကိုမြန်မာရဲ့ဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ပတ်သက်ပြီး “မီဒီယာကိုအပြစ်တင်ဖို့သူတို့ဟာလေးစားမှုကင်းမဲ့ပါတယ်” လို့ဟေလီက ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကထုတ်ဝေခဲ့တဲ့ရိုက်တာရဲ့အထူးသတင်းပေးပို့ချက်ထဲမှာ ရခိုင်ပြည်နယ်အင်းဒင်ရွာကရိုဟင်ဂျာအမျိုးသား၁၀ဦးကို ဗုဒ္ဓဘာသာ အိမ်နီးချင်းတွေ နဲ့စစ်သားတွေက သတ်ဖြတ်ပြီးမြုပ်နှံထားမှုပါရှိပါတယ်။ ပြင်သစ်ဆိုင်ရာကုလသံအမတ် ဖရန်စီယိုဒီလာတာက ရိုက်တာ သတင်းဌာန ကပေးပို့ထားရှိတဲ့ ရိုဟင်ဂျာအမျိုးသားတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်မြုပ်နှံခံထားရမှုဟာ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်ရာမြောက်တာကြောင်း လုံခြုံရေး ကောင်စီ ကိုပြောကြားခဲ့ပါတယ်။ လူမျိုးတုံးသုတ်သင်မှုကိုမြန်မာကငြင်းဆန်ထားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့အရေးယူဆောင်ရွက်မှုတွေဟာ ကောင်စီရဲ့ဗီတို အာဏာပိုင်ဆိုင်ထားတဲ့ရုရှားနဲ့တရုတ်တို့ရဲ့ခုခံမှုနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကအခြေအနေတွေဟာတည်ငြိမ်ပြီးထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ နှစ်နိုင်ငံလုံးကအင်္ဂါနေ့ ကပြောကြားခဲ့ပါတယ်။ “မီဒီယာရဲ့သတင်းပေးပို့ချက်ဘက်လိုက်မှုတွေနဲ့ ဆန့်ကျင်ဖို့အသုံးချဖို့ ရည်ရွယ်ခေါင်းစဉ်တပ်မှုတွေ ဘယ်သူ အပြစ်ရှိတယ်ဆိုတာကိုရှာပြီးရှုတ်ချဖို့တွေဟာ အဖြေရှာနေမှုကိုပိုမိုဝေးကွာ မှုပဲဖြစ်စေလိမ့်မယ်”လို့ ရုရှားနိုင်ငံ ဆိုင်ရာလက်ထောက်ကုလသံအမတ် ဒီမီထရီပိုလန်စကီက သတိပေးခဲ့ ပါတယ်။

လုံခြုံရေးစခန်းတွေကိုသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ် ရဲ့ စစ်ဆင်ရေး ဖြစ်ပေါ်လာခဲ့ တဲ့ပြီးခဲ့တဲ့သြဂုတ်လနှောင်းပိုင်းကတည်းကရိုဟင်ဂျာ၆သိန်း၉သောင်းနီးပါးရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းကိုထွက်ပြေးခဲ့ကြရပါ တယ်။ လူမျိုးတုံးသတ်ဖြတ်မှုအများအပြားရှိထားတယ်လို့ ကုလကပြောကြား ထားပါတယ်။ “အခြေအနေတွေဟာရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်သွားဖို့အထောက်အကူမဖြစ်သေးဘူး”လို့ ကုလ ဒုက္ခသည်များဆိုင်ရာအကြီးအကဲဖြစ်သူ ဖီလစ်ပိုဂရန်ဒီက လုံခြုံရေးကောင်စီ ကိုပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသံအမတ်ဟောင်ဒိုဆွန်က တစ်ချို့သံတမန်တွေ ရခိုင် ပြည် နယ်ထဲသွားရောက်နိုင်တယ် လို့ပြောကြားသလို “ဖေဖေါ်ဝါရီလ အတွင်းလုံခြုံရေးကောင်စီအနေနဲ့မသွားရောက်ဖို့အကြောင်းကဒါဟာအချိန်ကောင်းမဟုတ်ဘူး”လို့ ကူဝိတ်နိုင်ငံ ဆိုင်ရာကုလသံအမတ် မန်ဆော အာယဒ် အဲလ်-အိုတာဘိုင်က ဒီလကပြော ကြားခဲ့ပါတယ်။ မြန်မာရဲ့ဟောင်ဒိုဆွန်က မြန်မာ စစ်တပ် ရဲ့စုံစမ်းစစ်ဆေးမှုအရ ARSA သောင်းကျန်းသူ ၁၀ဦး ကို အင်းဒင်မှာဖမ်းဆီးခဲ့ပြီးနောက်တစ်နေ့မှာသုတ်သင်ပြီးမြုပ်နှံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီလုပ်ဆောင်မှုတွေဟာစစ်တပ်နဲ့ရဲအရာရှိတွေနဲ့ပုံမှန်လုပ်ထုံးလုပ်နည်းတွေကိုချိုးဖောက်ပြီးဆောင်ရွက်ခဲ့ကြတဲ့တစ်ချို့ရွာသားတွေပါဝင်ပါတယ်။ တပ်မတော်ရဲ့ဒီလုပ်ရပ်ဟာ တာဝန် ယူမှုနဲ့ အားပေးမှုနဲ့ထိုက်တန်တဲ့ အပြုသဘောဆောင်တဲ့ခြေလှမ်းဖြစ်တယ်”လို့ သူကပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးသတင်းထောက်လှမ်းမှုတွေအတွက် ရိုက်တာ သတင်းထောက်နှစ်ဦးကိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး “မြန်မာဟာမီဒီယာ လွတ်လပ်ခွင့်ကိုအသိအမှတ်ပြုထားပြီး ဒီဇင်ဘာမှာသတင်းထောက်တွေကိုဖမ်းဆီးမှုဟာ သတင်းထောက်လှမ်း ရေးလုပ်မှုကြောင့်မဟုတ်ပဲ အစိုးရရဲ့ လျှို့ဝှက်စာတမ်းစာတမ်းတွေကိုတရားမ၀င်ပိုင်ဆိုင်ထားမှုအတွက်ကြောင့်ဖြစ်တယ်”လို့ ဟောင်ဒိုဆွန်ကပြော ဆိုခဲ့ပါ တယ်။

“နိုင်ငံသားတိုင်းဟာအမိမြေရဲ့တည်ရှိဥပဒေကိုသစ္စာဆိုထားတာဖြစ်ပြီး သတင်းထောက်တွေရဲ့လုပ်ဆောင်မှုတွေဟာဥပဒေဘောင်အတွင်းကပဲဖြစ်ဖို့အရေးကြီးပါတယ်”လို့ သူကပြောဆို ခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ နယ်သာလန်နဲ့ ကာဇက်စတန် တို့ဟာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရိုက်တာ သတင်း ထောက်တွေကိုပြန်လွှတ်သွားဖို့ တောင်းဆိုထားပါတယ်။

Reuters သတင်းဌာနပါ Michelle Nichols ရေးသားသည့် “US. Urges U.N. to hold Myanmar military accountable for ethnic cleansing” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက် (Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော် အောင်ပြန်ဆိုသည်။
ရာဇာလူမျိုးတုံး သုတ်သင်မှုအတွက် တာဝန်ရှိမြန်မာစစ်တပ်ကိုထိန်းသိမ်းသွားဖို့ကုလကို အမေရိကန်တိုက်တွန်း

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၈                                                                                                  Myanmar Muslim Media

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်လူမျိုးတုံးသုတ်သင်မှုတွေနဲ့ပတ်သက်ပြီးမြန်မာရဲ့ငြင်းဆန်ပယ်ချမှုတွေဟာ ရယ်စရာကောင်းနေပြီး စစ်တပ် တာဝန်ရှိ သူတွေကို ထိန်းသိမ်းပြီး ဒီထိတ်လန့်စရာကောင်းတဲ့လုပ်ရပ်တွေသူမနိုင်ငံထဲမှာဖြစ်ပွားနေတာကို ဒေါ်စုကိုသိရှိစေဖို့ဖိအားပေးသွားဖို့ အမေရိကန်ကအင်္ဂါနေ့မှာ ကုလလုံခြုံရေး ကောင်စီကိုတိုက်တွန်းလိုက်ပါတယ်။

“မြန်မာအစိုးရအဖွဲ့ထဲကအင်အားကောင်းတဲ့အဖွဲ့တွေဟာ ရခိုင်ပြည်နယ်က လူမျိုးတုံးသုတ်သင်မှုတွေကိုငြင်းဆန်ပယ်ချနေပါတယ်”လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်နစ်ကီဟေလီက လုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါ တယ်။ “သူတို့ရဲ့ယုတ္တိမရှိငြင်းဆန်မှုတွေကိုဘယ်သူမှမကန့်ကွက်နိုင်တာသေချာစေဖို့နဲ့ သူတို့ရဲ့ရက်စက်မှုတွေကို မျက်မြင် သက်သေတွေ့ရှိမှာကြောင့် ကုလ လုံခြုံရေးကောင်စီအပါအ၀င် ဘယ်အဖွဲ့အစည်းကတစ်ဦးတစ်ယောက်ကိုမှရခိုင်ပြည်နယ်ထဲဝင်ရောက်ခွင့်မပြုထားဘူး”လို့ ဟေလီကဆိုပါတယ်။

ရိုဟင်ဂျာမွတ်စလင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိုသတင်းရယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိုပြန်လွှတ်ပေးဖို့ကိုပါ ဟေလီက တောင်း ဆိုထားပါတယ်။ သူတို့ကိုခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကျွန်မတို့ပြင်းပြင်းထန်ထန်တောင်းဆို ပါတယ်။ သတင်းထောက်တွေကိုမြန်မာရဲ့ဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ပတ်သက်ပြီး “မီဒီယာကိုအပြစ်တင်ဖို့သူတို့ဟာလေးစားမှုကင်းမဲ့ပါတယ်” လို့ဟေလီကထပ်ဖြည့်ပြောကြားခဲ့ ပါတယ်။

ပြီးခဲ့တဲ့အပတ်ကထုတ်ဝေခဲ့တဲ့ရိုက်တာရဲ့အထူးသတင်းပေးပို့ချက်ထဲမှာ ရခိုင်ပြည်နယ်အင်းဒင်ရွာကရိုဟင်ဂျာအမျိုးသား၁၀ဦးကို ဗုဒ္ဓဘာသာ အိမ်နီးချင်းတွေနဲ့စစ်သားတွေက သတ်ဖြတ်ပြီးမြုပ်နှံထားမှုပါရှိပါတယ်။ ပြင်သစ်ဆိုင်ရာကုလသံအမတ် ဖရန်စီယို ဒီလာတာက ရိုက်တာ သတင်းဌာနကပေးပို့ထားရှိတဲ့ ရိုဟင်ဂျာ အမျိုးသားတွေအစုလိုက် အပြုံလိုက်သတ်ဖြတ်မြုပ်နှံခံထားရမှုဟာ လူသားမျိုးနွယ် အပေါ်ရာဇ၀တ်မှု ကျူးလွန်ရာမြောက်တာကြောင်း လုံခြုံရေးကောင်စီကိုပြောကြားခဲ့ ပါတယ်။ လူမျိုးတုံးသုတ်သင်မှုကိုမြန်မာကငြင်းဆန်ထားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့အရေးယူဆောင်ရွက်မှုတွေဟာ ကောင်စီရဲ့ ဗီတို အာဏာပိုင်ဆိုင်ထားတဲ့ရုရှားနဲ့တရုတ်တို့ရဲ့ခုခံမှုနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကအခြေအနေတွေဟာတည်ငြိမ်ပြီးထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ နှစ်နိုင်ငံလုံးကအင်္ဂါနေ့ ကပြောကြားခဲ့ပါတယ်။ “မီဒီယာရဲ့သတင်းပေးပို့ချက်ဘက်လိုက်မှုတွေနဲ့ ဆန့်ကျင်ဖို့အသုံးချဖို့ ရည်ရွယ်ခေါင်းစဉ်တပ်မှုတွေ ဘယ်သူအပြစ်ရှိတယ်ဆိုတာကိုရှာပြီးရှုတ်ချဖို့တွေဟာ အဖြေရှာနေမှုကို ပိုမိုဝေးကွာမှုပဲဖြစ်စေလိမ့်မယ်”လို့ ရုရှားနိုင်ငံဆိုင်ရာလက်ထောက်ကုလသံအမတ် ဒီမီထရီပိုလန်စကီက သတိပေးခဲ့ပါတယ်။

လုံခြုံရေးစခန်းတွေကိုသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ် ရဲ့ စစ်ဆင်ရေးဖြစ်ပေါ်လာ ခဲ့တဲ့ပြီး ခဲ့တဲ့သြဂုတ်လနှောင်းပိုင်းကတည်းကရိုဟင်ဂျာ၆သိန်း၉သောင်းနီးပါးရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကိုထွက်ပြေးခဲ့ကြရပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုအများအပြားရှိထားတယ်လို့ ကုလကပြောကြား ထားပါတယ်။ “အခြေအနေတွေဟာရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်သွားဖို့အထောက်အကူမဖြစ်သေးဘူး”လို့ ကုလ ဒုက္ခသည်များဆိုင်ရာအကြီးအကဲဖြစ်သူ ဖီလစ်ပိုဂရန်ဒီက လုံခြုံရေးကောင်စီ ကိုပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသံအမတ်ဟောင်ဒိုဆွန်က တစ်ချို့သံတမန်တွေ ရခိုင်ပြည်နယ်ထဲသွားရောက်နိုင်တယ်လို့ပြောကြားသလို “ဖေဖေါ်ဝါရီလ အတွင်းလုံခြုံရေးကောင်စီအနေနဲ့မသွားရောက်ဖို့အကြောင်းကဒါဟာအချိန်ကောင်းမဟုတ်ဘူး”လို့ ကူဝိတ်နိုင်ငံ ဆိုင်ရာကုလသံအမတ် မန်ဆော အာယဒ် အဲလ်-အိုတာဘိုင်က ဒီလကပြောကြားခဲ့ပါတယ်။ မြန်မာရဲ့ဟောင်ဒိုဆွန်က မြန်မာစစ်တပ် ရဲ့စုံစမ်းစစ်ဆေးမှုအရ ARSA သောင်းကျန်းသူ၁၀ဦးကို အင်းဒင်မှာဖမ်းဆီးခဲ့ပြီးနောက်တစ်နေ့မှာသုတ်သင်ပြီးမြုပ်နှံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီလုပ်ဆောင်မှုတွေဟာစစ်တပ်နဲ့ရဲအရာရှိတွေနဲ့ပုံမှန်လုပ်ထုံးလုပ်နည်းတွေကိုချိုးဖောက်ပြီးဆောင်ရွက်ခဲ့ကြတဲ့တစ်ချို့ရွာသားတွေပါဝင်ပါတယ်။ တပ်မတော်ရဲ့ဒီလုပ်ရပ်ဟာ တာဝန်ယူမှုနဲ့ အားပေးမှုနဲ့ထိုက်တန်တဲ့အပြုသဘောဆောင်တဲ့ခြေလှမ်းဖြစ်တယ်”လို့ သူကပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးသတင်းထောက်လှမ်းမှုတွေအတွက် ရိုက်တာသတင်းထောက်နှစ်ဦးကိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး “မြန်မာဟာမီဒီယာလွတ်လပ်ခွင့်ကိုအသိအမှတ်ပြုထားပြီး ဒီဇင်ဘာမှာသတင်းထောက်တွေကိုဖမ်းဆီးမှုဟာ သတင်းထောက်လှမ်းရေးလုပ်မှုကြောင့်မဟုတ်ပဲ အစိုးရရဲ့လျှို့ဝှက်စာတမ်းစာတမ်းတွေကိုတရားမ၀င်ပိုင်ဆိုင်ထားမှုအတွက်ကြောင့်ဖြစ်တယ်”လို့ ဟောင်ဒိုဆွန်ကပြောဆိုခဲ့ပါတယ်။

“နိုင်ငံသားတိုင်းဟာအမိမြေရဲ့တည်ရှိဥပဒေကိုသစ္စာဆိုထားတာဖြစ်ပြီး သတင်းထောက်တွေရဲ့လုပ်ဆောင်မှုတွေဟာဥပဒေဘောင်အတွင်းကပဲဖြစ်ဖို့အရေးကြီးပါတယ်”လို့ သူကပြောဆိုခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ နယ်သာလန်နဲ့ ကာဇက်စတန်တို့ဟာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရိုက်တာသတင်းထောက်တွေကိုပြန်လွှတ်သွားဖို့ တောင်းဆိုထားပါတယ်။

Reuters သတင်းဌာနပါ Michelle Nichols ရေးသားသည့် “US. Urges U.N. to hold Myanmar military accountable for ethnic cleansing” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
ရာဇာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: