Leave a comment

ကန့်ကွက်သူရှိသော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဦးဆောင်ကော်မတီကို ၄၅ ဦးနဲ့ဖွဲ့စည်းဖို့ လွှတ်တော် အတည်ပြု

image

image

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို ကန့်ကွက်သူများရှိသော်လည်း ပြည်ထောင်စုလွှတ်တော်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးအတွင်း အတည်ပြုလိုက်သည်။

အဆိုပါ ပူးပေါင်းကော်မတီ တွင်ပါဝင် မည့် အမည်စာရင်းများ အနက် ပါတီအချို့နှင့် တပ်မတော်သားကို စားလှယ်တို့ ကအမည်စာရင်း မပေး သွင်းသေးသော်လည်း သတ်မှတ် လူစာရင်းအတိုင်း ချန်လှပ်ထားပြီး အမည်စာရင်းပေးသွင်းမှသာ ပြန်လည် ထည့်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်းမြတ်က ပြောသည်။

အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြည်ထောင်စု လွှတ်တော်အတွင်း ပူးပေါင်း ကော်မတီ ၏ လုပ်ငန်းတာဝန်များနှင့် လူစာရင်းများ ကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် အဆိုပါကိစ္စကို လွှတ်တော် ကိုယ်စားလှယ်များ သဘောတူညီမှု ရှိမရှိ ပြည်ထောင်စုလွှတ်တော် နာယကက မေးမြန်းခဲ့ရာ တပ်မတော်သား ကိုယ်စားနှင့် ပါတီအချို့က လွှတ်တော် ကိုယ်စားလှယ် များက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နာယကက ဆွေးနွေးခွင့် မပြုခဲ့ဘဲ စက်ခလုပ်နှိပ် မဲခွဲရန် ကြောညာခဲ့သည်။

ထို့နောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၄ ဦး အနက် ထောက်ခံမဲ ၃၈၉မဲ ၊ ကန့်ကွက်မဲ ၁၉၂မဲ ကြားနေမဲ ၃မဲ ၊ ဆန္ဒမဲ အရေအတွပ် ၅၈၄ မဲ ရှိခဲ့ရာ ထောက်ခံသူများသည့်အတွက် အဆိုပါ အမိန့်ကြေညာ စာကို ပြည်ထောင်စု လွှတ်တော်က အတည်ြ့ပုကြောင်း ကြေညာခဲ့သည်။

Source: မင်းမော်ဦး (The Standard Time)

ZN.H 🇦🇺

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: