Leave a comment

ရခိုင်ပြည်က မူစလင်များသည် နိုင်ငံမဲ့ ဟုတ်မဟုတ် ဥပဒေပြသနာ

image

စောဒကနှင့်အဖြေများ-အပိုင်း ၂
***************************
မေး ။။ရိုဟင်ဂျာ(ခ) ရခိုင်ပြည်က မွတ်စလင်အသိုင်းအဝိုင်းသည်နိုင်ငံမဲ့ (Stateless) ဟုတ်သလား?

အဖြေ။   ။ရိုဟင်ဂျာတွေရဲ့ Status ကဘာရှိလဲဆိုတာဥပဒေကြောင်းအရကောင်းကောင်းနားလည်ထားရမည်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနေထိုင်နေ တဲ့လူတွေ၊မွေးတဲ့လူတွေ၊အစဉ်အဆက် နေထိုင်တဲ့လူတွေကို ၃-မျိုး ၃-စားခွဲပြီးတော့အရင်အစိုးရလက် ထဲမှာဥပဒေကြောင်းအရ စိစစ်ခဲ့ပါပြီး။(၁)-FRC=Foreign Registration Card @ နိုင်ငံခြားသား မှတ်ပုံတင် ကိုင်သူ များ၊ ၁၈၆၄ခုနိုင်ငံခြားသား များ အက်ဥပဒေရှိတဲ့။ ၁၉၄၀-နိုင်ငံခြားသား များမှတ်ပုံတင်ခြင်းဥပဒေပြဌာန်းတယ်။လွတ်လပ်ရေးရပြီးနောက် ၁၉၄၈-ခု နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်း နည်း ဥပဒေပြဌာန်းပြီး မြန်မာနိုင်ငံ မှနိုင်ငံခြားသား များအားလုံး မှတ်ပုံတင်ပြီးနိုင်ငံခြားသား ကပ်ပြား FRC-ကပ် ဂဏာန်း ၅-လုံးပါတဲ့ ကပ်ပြားပေးလိုက်ပါတယ်။
   ရိုဟင်ဂျာတွေက နိုင်ငံခြားသား (FRC-ကဒ် ကိုင်ဆောင်ထားသူ) ဘိုးဘွား၊ မိဘ တွေဆီက ဆင်းသက်လာတာ မဟုတ် ဆိုတာပါဘဲ။ ရိုဟင်ဂျာများထဲမှာ FRC ကဒ်ကိုင်ထားသူတစ်ယောက်များမရှိပါဘူး။ ဒါသက်သေပြတာက ရိုဟင်ဂျာ သည် Not descendant of Foreign နိုင်ငံခြားသားများမှာဆင်းသက်လာမဟုတ်ပါဘူး။

(၂) – ဥပဒေအရနိုင်ငံသား(UCC=Union Citizenship Certificate)။    ။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၄၈-ခုနှစ်မှာ နိုင်ငံသား ရွေးချယ်မှုဥပဒေကိုပြဌာန်းတဲ့Citizenship Electionဖြစ်ပါတယ်။ဒီဥပဒေသည် အောင်ဆန်း-အက်တလီ စာချုပ်နှင့် ၁၉၄၇-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁(ဃ) ကို အကောင်အထည် ဖေါ်ရန်အတွက် ဖြစ်ပါတယ်။ဆိုလိုရင်းက လူတစ်ယောက် ကမြန်မာနိုင်ငံမှ မမွေးဘူး။ဗြိတိသျှအုပ်ချုပ်သည့်နယ်မြေမှာမွေးဖွားတယ်။မြန်မာနိုင်ငံကို ၁၉၄၂-ခု မတိုင်မှီဝင်ရောက်လာတယ်။မြန်မာနိုင်ငံမှာနေထိုင်သွားတဲ့ကာလမှ ၁၀-နှစ်အတွင်း ၈-နှစ်ဆက်တိုက် သူ့မူလနိုင်ငံကိုပြန်မသွားဘူးဆိုရင် သူသည်မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိတယ် ဒါမှမဟုတ် သူမွေးတဲ့ နိုင်ငံသား အဖြစ်ထိန်းသိမ်းပိုင်ခွင့်ရှိ တယ်။အဲသည်လို အရည်အချင်းနှင့် ပြည့်စုံတဲ့သူကိုနိုင်ငံသားပေးရန်ဒီဥပဒေကိုပြဌာန်းလိုက်ခြင်းဖြစ်ပါတယ်။အဲဒီဥပဒေနှင့်ကိုက်ညီတဲ့လူတွေကိုစိစစ်ပြီးမှ နိုင်ငံသားကဒ်ပြား ထုတ်ပေး လိုက်ပါတယ်။အဲဒီကဒ်ပြားကို UCC(Union Citizenship of Certificate) လို့ခေါ်ပါတယ်။Non-Native Citizen မြန်မာနိုင်ငံရဲ့ ဒေသခံနိုင်ငံသားမဟုတ်ဘူး။နိုင်ငံသားတော့ နိုင်ငံသား Eligible Citizen ပါ။
    ဒီမှာတစ်ချက် ရိုဟင်ဂျာ ဆိုတာက UCC ကိုင်ဆောင်ထားတဲ့ဘိုးဘွား၊မိဘတွေဆီကဆင်းသက်လာတာ မဟုတ်ဘူးဆိုတာသက်သေပါဘဲ။ရိုဟင်ဂျာ Ancient ထဲမှ UCC ကိုင်ထားတဲ့လူ လုံးဝ (လုံးဝ)မရှိပါ။UCC ကိုင်ဆောင်ထားသူတို့ဆီက ဆင်းသက်လာသူလည်း မဟုတ်ပါဘူး။

(၃)မွေးရာပါနိုင်ငံသား Native တွေ အတွက်နောက်ဥပဒေကို ၁၉၄၈-ခုမှာပြဌာန်းတဲ့ အဲဒီဥပဒေကို Citizenship Law နိုင်ငံသား ဥပဒေ လို့ခေါ်ပါတယ်။အဲဒီ Operation ဖြစ်နေတဲ့အချိန်မှာ ၁၉၄၉-ခု မြန်မာနိုင်ငံ နေထိုင်သူများဥပဒေ ၁၉၅၁-ခုမှာ မြန်မာနိုင်ငံနေထိုင်သူများ နည်းဥပဒေပြဌာန်းပြီး မွေးရာပါနိုင်ငံသား Native ဖြစ်နေသူများကို အမျိုးသား မှတ်ပုံတင် ကဒ်(ခ)သုံးခေါက်ချိုး ကဒ်(ခ)Natioal Identity Card အမျိုးသားသက်သေခံကဒ်ပြား ထုတ်ပေးပါတယ်။ဒါဘာကို အကောင်အထည်ဖော်ရန်ရည်ရွယ်သလဲဆိုရင် ၁၉၄၇-ခုဖွဲ့စည်းပုံ Act-11 Sub:a,b,c နဲ့ကိုက်ညီတဲ့သူတွေကို အမျိုးသားသက်သေကဒ်ပြား ၃-ခေါက်ချိုး ကိုထုတ်ပေးပါတဲ့။အမျိုးသားမှတ်ပုံတင်ဆိုပေမယ့် အဲဒီကဒ်က အမျိုးသား သက်သေခံ ကဒ်ပြား This is not National Registration Card .This is National Identity Card. အဲ့ဒီ Identity Card ကိုင်ထားတဲ့ ဘိုးဘွား၊မိဘ ဆီက ဆင်းသက်လာတဲ့သူတွေဖြစ်နေတဲ့အတွက် သူမွေးတဲ့နိုင်ငံထဲမှ သူဒေသ ထဲမှနိုင်ငံမဲ့ပုံစံကိုရောက်သွားတယ်ဆိုတော့ စဉ်းစားကြည့်ကြပါ။

  Ro Farid @ Mg Hla
       ၂၃.၁၁.၂၀၁၈

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: