Leave a comment

ကမ္ဘာ့ အကြီးဆုံး​ ရေငုပ်​သ​င်္ဘော ( ၁၀ ) စီး အ ကြောင်း

1.Typhoon class submarine-Russia

Typhoon class က​တော့၁၉၈၀ ခုနှစ်​​တွေက ဆိုဗီယက်​​ရေတပ်​မှာ အသုံးပြုခဲ့တဲ့ နျူးကလီးယားဒုံးကျည်​သုံး ​ရေငုပ်​သ​င်္ဘော အမျိုးအစားပဲ ဖြစ်​ပါတယ်​။ပင်​လယ်​ထဲမှာ အချိန်​ကြာကြာ ​ရေငုပ်​နိုင်​​လောက်​တဲ့အထိ ပြီးပြည့်​စုံတဲ Typhoon class ဟာ အ​လေးချိန်​ တန်​ ၄၈၀၀၀ ရှိပါတယ်​။ရုရှား ​ရေတပ်​ဟာ Typhoon တစ်​စ်းကို ပြန်​လည်​ ပြုပြင်​ခြင်းဟာ ​ရေငုပ်​သ​င်္ဘော အသစ်​နှစ်​စီးတည်​​ဆောက်​တဲ့ ​ငွေပမာဏနဲ့ ညီမျှ​နေတဲ့အတွက်​ ၂၀၁၂ ခုနှစ်​က ပြန်​လည်​ပြုပြင်​ဖို့ ကို ငြင်းဆိုခဲ့ပါတယ်​။ရုရှားရဲ့ ထုတ်​ပြန်​​ကြေညာ ချက်​အရ​တော့ ၂၀၁၂ ခုနှစ်​ စက်​တင်​ဘာလမှာ Typhoon ဟာ လုပ်​ငန်းက​နေ အသုံးပြုခြင်းရပ်​ဆိုင်းခဲ့တယ်​လို့ သိရပါတယ်​။

2.Borei Class Submarine-Russia

Borei ဟာလည်း ဆိုဗီယက်​ ​ရေတပ်​ရဲ့ နျူးကလီးယား ဒုံးကျည်​သုံး​ရေငုပ်​ သ​င်္ဘော ပဲ ဖြစ်​ပါတယ်​။Borei ကို​တော့ ရုရှားစစပ်​တပ်​မှာ Delta 3, Delta 4 နဲ့ Typhoon တို့ကို အစားထိုးဖို့ တည်​​ဆောက်​ခဲ့တာ ပဲ ဖြစ်​ပါတယ်​။Borei ဟာ အလျား ၁၇၀ မီတာ အချင်း ၁၃ မီတာရှိပြီး တစ်​နာရီကို ၄၆ ကီလိုမီတာ နှုန်းနဲ့ သွားနိုင်​ပါတယ်​။တန်​ဖိုးက​တော့ ​ဒေါ်လာ 890 million ​လောက်​ရှိပါတယ်​။

3.Ohio class submarine-US

Ohio က​တော့ US ​ရေတပ်​ရဲ့ နျူးကလီယားစွမ်းအင်​သုံး ​ရေငုပ်​သ​င်္ဘော ပဲ ဖြစ်​ပါတယ်​။ရေတပ်​မှာဆိုရင်​ SSBN နဲ့ SSGN ဆိုပြ ​ရေငုပ်​သ​င်္ဘော နှစ်​မျိုးရှိပါတယ်​။US ​ရေတပ်​မှာ​တော့ Ohio က အကြီးဆုံး​ရေငုပ်​သ​င်္ဘောပါပဲ။ရုရှားရဲ့ Typhoon နဲ့ယှဉ်​ရင်​​တော့ ၂ ဆ​လောက်​​သေးပြီး Borei နဲ့ဆိုရင်​ ၂၅ ရာခိုင်​နှုန်း ​လောက်​​သေး​ပေမဲ့ Ohio က​တော့ဒုံးကျည်​များများပိုသယ်​နိုင်​ပါတယ်​။Ohio တစ်​စီးဟာ ဒုံးကျည်​ 24 လုံး၊ Borei က​တော့ ဒုံးကျည်​ 16 လုံးနဲ့ Typhoonက​တော့ ဒုံးကျည်​ အလုံး 20 စီ သယ်​နိုင်​ပါတယ်​။

4.Delta class submarine-Russia

1973 ခုနှစ်​မှာ ဆိုဗီယက်​ အတွက်​ တည်​​ဆောက်​ခဲ့တဲ့ ရုရှား​ရေတပ်​သုံး Delta ​တွေက​တော့ အမျိုးအစား ​လေးမျိုးရှိပါတယ်​။Delta 1 က​တော့ ဒုံးကျည်​ 16 လုံး ၊ Delta 2 က​တော့ 16 လုံးနဲ့ Delta 3 နဲ့ 4 က​တော့ ဒုံးကျည်​ 16 လုံးအပြင်​ နျူးကလီယား ဗုံး​တွေကိုပါ သယ်​​ဆောင်​နိုင်​ပါတယ်​။ ဒီဇင်​ဘာ ၂၀၁၀ မှာ​တော့ Pavel Podvig က​နေ Typhoon , Borei နဲ့ Delta 3 ​လေးလုံး နဲ့ Delta 4 ​ခြောက်​လုံးတို့ရဲ့ စွမ်းအားကို ​လေ့လာခန့်​မှန်းခဲ့ကြပါတယ်​။Delta4 ငါးလုံးကို ​တော့ မွမ်းမံပြင်​ဆင်​​နေပြီး ​နောက်​ဆုံး တစ်​လုံးကိုသာ အသုံးပြု​နေပါတယ်​။

5.Vanguard Class submarine-UK

Vanguard က​တော့ UK ရဲ့ ​တော်​ဝင်​​ရေတပ်​မှာ သုံးတဲ့ နျူးကလီယား စွမ်းအင်းသုံး ဒုံးကျည်​ ​ရေငုပ်​သ​င်္ဘော ပဲ ဖြစ်​ပါတယ်​။ဒီသ​ဘောင်္ကို​တော့ UK ရဲ့ နျူးကလီးယားလက်​နက်​ အသုံးပြု​ရေး စီမံချက်​အတွက်​ ၁၉၉၄ ခုနှစ်​မှာ တည်​​ဆောက်​ခဲ့တာ ဖြစ်​ပါတယ်​၊ဒီသ​ဘောင်္မှာ Vanguard, Vicrorious, Vigilant နဲ Vengeance လို့အမည်​ရတဲ့ ​သ​င်္ဘောအမျိုးအသား​လေးမျိုးရှိပါတယ်​။၁၉၈၆ ခုနှစ်​နဲ့ ၁၉၉၉ ခုနှစ်​​တွေ အတွင်းက တည်​​ဆောက်​ခဲ့တာ ဖြစ်​ပါတယ်​။ဒီ Vanguard အနွယ်​ဝင်​​တွေက​တော့ UK ​ရေတပ်​သမိုင်းမှာ အားကိုးရတဲ့ ​ရေငုပ်​သ​င်္ဘော ​တွေပဲ ဖြစ်​ပါတယ်​။

6.Triomphant Class Submarine-France

Triomphant အမျိုးအစားက​တော့ ​လေမျိုးရှိပြီး ပြင်​သစ်​​ရေတပ်​မှာ 1994,1997,2004 ခုနှစ်​နဲ့ 2010 ခုနှစ်​​တွေမှာ အသုံးပြုခဲ့တဲ့ ဒုံးပျည်​​ရေငုပ်​သ​င်္ဘော​တွေပဲ ဖြစ်​ပါတယ်​။ပထမ ​လှေ သုံးစင်းမှာ​တော့ အားအသင့်​အတင့်​ပြင်းတဲ့ M 45 ဒုံးကျည်​​တွေကို အသုံးပြုထားပြီး ​လေးခု​မြောက်​မှာ​တော့ M51 ဒုံးကျည်​ကို အသုံးပြုထားပါတယ်​။နောက်​မှာ​တော့ ပထမ​လှေ သုံးစင်းကိုလည်း M51 စံချိန်​နဲ့ ညီ​အောင်​ပြန်​လည်​ပြုပြင်​ခဲ့ပါတယ်​။

7.Akula class submarine-Russia

Project 971 ဆိုတာက​တော့ 1986 ခုနှစ်​ ဆိုဗီယက်​​ရေတပ်​ရဲ့ ပထမဆုံး အသုံးပြုခဲ့တဲ့ နျူးကလီယား စွမ်းအင်​သုံး ​ရေငုပ်​သ​င်္ဘော ပဲ ဖြစ်​ပါတယ်​။အမျိုးအစား​တွေက​တော့ 1984 နဲ့ 1990 ခနြှစ်​ကြားမှာ တာဝန်​ထမ်း​ဆောင်​ခဲ့တဲ့ Akula 1, 1991 နဲ့ 2009 ခုနှစ်​မှာ တာဝန်​ထမ်း​ဆောင်​ခဲ့တဲ့ Imorived akula , 1995 ခုနှစ်​မှာ အလုပ်​လုပ်​ခဲ့တဲ့ Akula 2 နဲ့ 2001 ခုနှစ်​သုံး Akula 3 တို့ပဲ ဖြစ်​ပါတယ်​။အာလုံးကို ချုံငုံပြီး Schuka B လို့​ခေါ်ပြီး NATO က​နေ အမည်​​ပေးခဲ့တဲ့ ​ရေငုပ်​သ​င်္ဘော နာမည်​​တွေ ပဲ ဖြစ်​ပါတယ်​။Akula ဆိုတဲ့ နာမည်​ကို​တော့ project 979 အတွက်​ မှည့််​​ခေါ်ခဲ့ပါတယ်​။

8.Sierra Class submarine-Russia

Project 705 ပြီးတဲ့​နောက်​ ဆိုဗီယက်​ ​ရေတပ်​အတွက်​ အသုံးပြုခဲ့တဲ့ အမျိုးအစား ​ပဲ ဖြစ်​ပါတယ်​။ဒီသ​င်္ဘောဟာဆိုရင်​​ပေါ့ပါးတဲ့ တိုပ်​​တေနီယမ်​ သတ္ထု စပ်​​ကြောင့်​ ​ရေ​အောက်​အနက်​​တော်​​တော်​များများထိ သွားနိုင်​ပြီး ဆူညံ သံလည်းနည်းပါတယ်​။Sierra 1 ကို အသုံးပြု​အောင်​မြင်​ပြီးတဲ့ ​နောက်​မှာ​တော့ Sierra 2 ကို အသုံးပြုခဲ့ပပါတယ်​။Sierra2 မှာဆို​တော့ ဝန်​ထမ်း ၂၅ ​ယောက်​နဲ့ ထမင်းချက်​တစ်​ဦးအပြင်​ သ​င်္ဘော သားအပိုမပါဘူးလို့ သိရပါတယ်​။ကနဦးက​တော့ ဒီသ​ဘောင်္​တေ်​ဟာ US ကို ဆန့်​ကျင်​ပြီးတည်​​ဆောက်​ခြ့တာ ဖြစ်​ပါတယ်​။သ​င်္ဘောအချင်းက​တော့ ​သေးငယ်​​ပေမဲ့ အ​မေရိကန်​သ​င်္ဘော​တွေထက်​ မြန်​ဆန်​တဲ့ အင်​ဂျင်​ပါဝါ ရှိပါတယ်​။

9.Seawolf Calss Submarine-US

US ​ရေတပ်​မှာ အသုံးပြုခဲ့တာပဲ ဖြစ်​ပါတယ်​။Los Angeles class ပြီးတဲ့​နောက်​၁၉၈၃ခုနှစ်​မှာ တီထွင်​ခဲ့တာပဲ ဖြစ်​ပါတယ်​။ဒီလို ​ရေငုပ်​သ​င်္ဘော အမျိုးအစား ၂၉ စင်း​လောက်​ကို အချိန်​ ဆယ်​နှစ်​​လောက်ယူပြီး တည်​​ဆောက်​ခဲ့ရတာပဲ ဖြစ်​ပါတယ်​။Cold war အပြီး 1995 ခုနှစ်​မှာ​တော့ Seawolf ၃ စီးသာ ကျန်​ရစ်​ပါ​တော့တယ်​။နောက်​မှာ​တော့ Samller Verginia class အဖြစ်​ မွမ်းမံ ခဲ့ပါတယ်​။

10.Virginia class submarine -US

ဒါကို​တော့ SSN 774 class လို့လည်း​ခေါ်ပါတယ်​။US ​ရေတပ်​မှာ တည်​​ဆောက်​ခဲ့တဲ့ နျူးကလီးယား စွမ်းအင်​သုံး ​ရေငုပ်​သ​င်္ဘော ပဲ ဖြစ်​ပါတယ်​။ဒါဟာဆိုရင်​Seawolf class ထက်​ ​ဈေးနိမ့်​တဲ့ အမျိုးအစား ပဲ ဖြစ်​ပါတယ်​။ဒီသ​င်္ဘော​တွေကို Los angeles calss ကို အစားထိုးဖို့အတွက်​ ၆၂ စီးထဲမှာ မှ အစီး ၂၀ ကို အသုံးပြုခဲ့ပါတယ်​။နောက်​ပိုင်းမှာ​တော့ NSSN လို့အမည်​​ပြောင်း​ပေးခဲ့ပါတယ်​။

Writer – Min Thu (Daily Hot News )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: