Leave a comment

ပါကစ္စတန်ပိုင်နက်ထဲ ၀င်ရောက် တိုက်ခိုက်ရာမှာ အိန္ဒိယ သုံးခဲ့တဲ့ Mirage 2000 တိုက်လေယာဉ် အကြောင်း

Dassault Mirage 2000 လို့ ခေါ်တဲ့ Mirage 2000 တိုက်လေယာဉ်ကို ပြင်သစ်က Dassault Aviation ကုမ္ပဏီက ၁၉၇၀ နောက်ပိုင်းနှစ်တွေမှာ တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လေတပ်က Mirage III နေရာမှာ အစားထိုးဖို့ ပေါ့ပါးတဲ့ တိုက်လေယာဉ်အဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘက်စုံသုံး အင်ဂျင်တစ်လုံးတပ် Mirage 2000 ဟာ ကုမ္ပဏီရဲ့ စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်အဖြစ် ထုတ်လုပ်တာဖြစ်ပြီး နိုင်ငံတော်တော်များများကို ရောင်းချနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာMirage 2000N နဲ့ 2000D စတဲ့ မူကွဲတွေ ထုတ်လာခဲ့ပြီး 2000N ဟာ နျူကလီးယားဒုံးကျည် တင်ဆောင်စွမ်းတဲ့ တိုက်လေယာဉ်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။

ပါကစ္စတန်ကို အမေရိကန်က US F-16s တိုက်လေယာဉ်တွေ ရောင်းချချိန်မှာတော့ အိန္ဒိယဟာ ပြင်သစ်ရဲ့ Mirage 2000 ကို ၀ယ်ယူလာတော့တာ ဖြစ်ပါတယ်။ ၁၉၈၂ အောက်တိုဘာမှာ ထိုင်ခုံတစ်လုံးပါ Mirage 2000Hs ၃၆ စင်းနဲ့ ထိုင်ခုံနှစ်လုံးတပ် Mirage 2000THs လေးစင်းကို ၀ယ်ယူခဲ့ပါတယ်။ နောက်ပိုင်းလည်း Mirage 2000 မူကွဲတွေကို ၀ယ်ယူမှုတွေ ရှိခဲ့ပါတယ်။
Mirage 2000 ဂျက်တိုက်လေယာဉ်တွေမှာ အရုပ်အသိမ်း လွယ်ကူတဲ့ tricycle type အဆင်းဂီယာစနစ်ကို သုံးထားပါတယ်။ ဂီယာကြီးတစ်ခုတည်းမှာ ဦးပိုင်းအဆင်းဘီးနှစ်စုံနဲ့ ဆင်ဂယ်ဘီးတစ်စုံတို့ကို ထည့်သွင်းထားတာပါ။

အမေရိကန်ရဲ့ နာမည်ကြီး F-16 နဲ့ ဈေးကွက်ပြိုင်ဆိုင်ဖက်ဖြစ်တဲ့ Mirage 2000 လေယာဉ်တွေကို လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ကိုးနိုင်ငံက အသုံးပြုနေပြီး အစီးရေ ၆၀၀ ကျော်အထိ ထုတ်လုပ်ထားပြီးဖြစ်တယ်လို့ Wikipedia က ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီ Mirage 2000 တိုက်လေယာဉ် ၁၂ စင်းသုံးပြီး ပါကစ္စတန်နယ်ထဲက ပင်မအကြမ်းဖက်စခန်းတစ်ခုကို ဒီကနေ့ နံနက်ပိုင်းမှာပဲ ၀င်ရောက်စီးနင်းချေမှုန်းပစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ဒီစစ်ဆင်ရေးဟာ ကြာချိန် ၁၈ မိနစ်ရှိပြီး ကီလိုဂရမ် ၁၀၀၀ ရှိ ဗုံးတွေနဲ့ ပစ်မှတ် သုံးခုကို အမြစ်ပြတ်ချေမှုန်းခဲ့ရာမှာ အကြမ်းဖက်သမား ၃၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းအချို့က ဖော်ပြပါတယ်။

ပါကစ္စတန် ပိုင်နက်ထဲ ၀င်ရောက် ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို အိန္ဒိယဖက်က အတည်ပြု ထုတ်ပြန်လာပြီဖြစ်ပြီး ခုချိန်ထိ ပါကစ္စတန်ဖက်က တိတိပပ တုံ့ပြန်မှုသတင်း မကြားသိရသေးပါဘူး။
အိန္ဒိယနဲ့ ပါကစ္စတန် နျူကလီးယားပိုင် ရန်ဖက်နှစ်နိုင်ငံဟာ ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး အိန္ဒိယအရံတပ်သား ၄၀ ကျဆုံးခဲ့ရတဲ့နောက်ပိုင်းမှာ ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ကျုးလွန်ကြောင်း ကြေညာထားတာလည်း ဖြစ်ပါတယ်။

Rf; Wikipedia
Writer_မောင်သံဆင့် ( Daily Hot News )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: