Leave a comment

အိန္ဒိယနဲ့ ပါကစ္စတန် စစ်ရေး တင်းမာမှု သမိုင်း

image

အောက်တိုဘာ ၁၉၄၇ – ဗြိတိသျှဆီကနေ သီးခြားစီ လွတ်လပ်ရေး ရယူပြီး ၂ လ အကြာမှာ ကတ်ရှ်မီးယား ဒေသ ပိုင်ဆိုင်မှု အငြင်းပွားမှု စတင်ခဲ့ပြီး ပထမဆုံး အကြိမ် စစ်ပွဲကြီး ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၁၉၆၅ – ကတ်ရှ်မီးယား အရေး နောက်ထပ် ၁ ကြိမ် စစ်ပွဲငယ် ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉၇၁ – အရှေ့ပါကစ္စတန် (အခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ပါကစ္စတန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး တောင်းဆိုမှုကို အိန္ဒိယက ထောက်ခံခဲ့ပါတယ်။  အိန္ဒိယ လေတပ်က ပါကစ္စတန် ပိုင်နက်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။  ဘင်္ဂလားဒေ့ရှ် နိုင်ငံ တည်ထောင်ခြင်းနဲ့ အတူ အဲဒီ စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။

မေ ၁၉၉၉ – ပါကစ္စတန် စစ်တပ်နဲ့ စစ်သွေးကြွ တပ်ဖွဲ့ဝင်တွေက ကာဂီလ် တောင်တန်းက အိန္ဒိယ စစ်စခန်းတွေကို ဝင်သိမ်းခဲ့ပါတယ်။  အိန္ဒိယက မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေနဲ့ တန်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၀၀၁ – ကတ်ရှ်မီးယားဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေထဲက အစိုးရ စီစဉ်တဲ့ လူစုလူဝေး တစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။   အဲဒီနောက် ၂ လ အကြာမှာ ဒေလီမြို့တော်ရှိ အိန္ဒိယ လွှတ်တော် အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၂၀၀၈ – မွန်ဘိုင်း (အရင် အခေါ် ဘုံဘေ) ဘူတာကြီး၊ ဇိမ်ခံ ဟိုတယ်တွေနဲ့ ဂျူး ယဉ်ကျေးမှု စင်တာ တွေ တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုတွေကို ပါကစ္စတန် အခြေစိုက် လာရှခါအီတိုင်ဘေ  (Lashkar-e-Taiba) အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အိန္ဒိယဘက်က ပြစ်တင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀၁၆ – ပက်သာကော့ (Pathankot) ဒေသက အိန္ဒိယ လေတပ်စခန်း ၄ ရက် ကြာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ တိုက်ပွဲမှာ အိန္ဒိယ စစ်သား ၇ ဦးနဲ့ စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့ပါတယ်။

၁၈ စက်တင်ဘာ ၂၀၁၆ – ကတ်ရှ်မီးယားက အိန္ဒိယ ထိန်းချုပ်ဒေသ အူရီ (Uri) က စစ်စခန်း ၁ ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

၃၀ စက်တင်ဘာ ၂၀၁၆ –  ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်က ကြေညာခဲ့ပေမယ့် ဒါကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။

***ကတ်ရှ်မီးယား ပဋိပက္ခ နောက်ဆုံးဖြစ်စဉ်***

■ ကတ်ရှ်မီးယား ဒေသက ပါကစ္စတန် ထိန်းချုပ် နယ်မြေထဲဝင်လာတဲ့ အိန္ဒိယ တိုက်လေယာဉ်ပျံ ၂ စီးကို ပစ်ချ ခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

■ အိန္ဒိယ လေယာဉ်မှူးကို မြေပြင်ပေါ်မှာ အရှင်ဖမ်းမိတယ်လို့ ပါကစ္စတန်ဘက်က ဆိုထားပေမယ့် အိန္ဒိယဘက်ကတော့ ငြင်းဆိုထားပါတယ်။

■ အိန္ဒိယ ဝေဟင်ပိုင်နက်ထဲ ဝင်လာတဲ့ ပါကစ္စတန် လေယာဉ် ၁ စီးကို အိန္ဒိယဘက်က ပစ်ချခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

■ အင်္ဂါနေ့တုန်းက ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေကို အိန္ဒိယက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

■ အစစ်သွေးကြွအဖွဲ့က သူတို့ရဲ့ လက်ချက်လို့ ကြေညာထားတဲ့ ကတ်ရှ်မီးယား ဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေ ဘက်က ဖေဖော်ဝါရီ ၁၄ တိုက်ခိုက်မှုကို အိန္ဒိယဘက်က လက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

■ နျူကလီးယား လက်နက် ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံဟာ ကတ်ရှ်မီးယား ဒေသ ပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် စစ်ပွဲ ၂ ကြိမ်နဲ့ ပဋိပက္ခတွေ ဖြစ်ဖူးခဲ့ပါတယ်။

မှတ်ချက်
တစ်ခါမှာတော့ နိုင်ငံရေး ပိုစ်တင် ဖူးပါ။
ဗဟုတုသ အဖြစ်

https://goo.gl/9KXfQx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: