Archive | March 2019

You are browsing the site archives by date.

ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ထိရောက်စွာ အရေးယူဖို့ မြန်မာ အစိုးရ ပျက်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ တွေ အပေါ် ကြီးမားပြင်းထန် တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် မြန်မာ စစ်အရာရှိတွေကို စုံစမ်းစစ်ဆေး အရေးယူဖို့ မြန်မာ အစိုးရ ဘက်က ပျက်ကွက်နေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်ပါတယ်။ “ကျမတို့ရဲ့ အစီရင်ခံစာ အရ မြန်မာ အစိုးရဘက်က တိုးတက်မှုတွေ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ နေရာမှာ သူတို့ ကိုယ်တိုင် သတ်မှတ်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဦးစားပေး လုပ်ဆောင်မယ့် အဓိက နေရာ ငါးနေရာကတော့ နိုင်ငံသားဖြစ်ခွင့်၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ […]

ယန်ဟီလီ နေရာတွင် လူစားထိုး ခန့်အပ်ဖို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး တောင်းဆို ᠌᠌᠌

ရန်ကုန်၊ မတ် – ၁၄ မြန်မာနိုင်ငံ၏ အခြေအနေ၊ မြေပြင်အခြေအနေနှင့် ကိုက်ညီသည့် မည်သည့်အစီအစဉ် (သို့မဟုတ်) ယန္တရားနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ နေရာမှာ လူစားထိုးခန့်အပ်ပေးဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေး မတ်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးထင်လင်း က “မစ္စယန်ဟီလီ ၏ မြန်မာနိုင်ငံသို့ […]

ရိုဟင်ဂျာအရေး တာဝန်ရှိသူ တဦးချင်းစီကို ICC အရေးယူဖို့ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်များ- (Photo-UN) ■ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ တာဝန်ရှိသူ တဦးချင်းစီကို အရေးယူရ လိမ့်မယ်လို့ ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံး အရာရှိတွေက ပြောလိုက် ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ခရိုင်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေ ကို သွားရောက်ခဲ့တဲ့ ICC ကိုယ်စားလှယ် အဖွဲ့က ဒါကာမြို့မှာ မတ်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ အခုလို ပြောလိုက်တာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာရာဇဝတ် ခုံရုံး သဘောတူစာချုပ်မှာ လက်မှတ် ထိုးမထားပေမယ့် ICC ရဲ့ စုံစမ်းစစ်ဆေး မှုကို ဟန့်တားလို့ မရဘူးလို့ ICC တရားရေးဌာန အရာရှိ Phakiso Mochochoko […]

ICC မလွှဲနိုင်ရင် နိုင်ငံတကာခုံရုံးသစ်ဖွဲ့ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

၁၁၊ မတ်လ ၂၀၁၉ ကျော်ကျော်သိန်း မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee-lee က ပြောသွားပါတယ်။ အဲဒီလိုမှမဖြစ်နိုင်ဘူးဆိုရင် သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ တရားခုံရုံး တခု ထူထောင်ဖို့ နိုင်ငံတကာကို တိုက်တွန်းသွားပါတယ်။ မြန်မာနိုင်ငံ ဘက်ကတော့ ဒီလို တောင်းဆိုတာမျိုးတွေကို လက်ခံမှာမဟုတ်ဘူးဆိုပြီး ပယ်ချပါတယ်။ တနင်္လာနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် ပုံမှန်အစည်းအဝေး အတွင်း အဲဒီလို ပြောဆိုသွားကြတာပါ။ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီ အစည်း အဝေးမှာ ပါမောက္ခ ယန်ဟီးလီက တင်ပြတဲ့ထဲ မြန်မာနိုင်ငံအခြေအနေကို […]