Leave a comment

ရဟတ်ယာဉ်သုံးပြီး အရပ်သားတွေကို တိုက်ခိုက်တဲ့အပေါ်ကုလသမဂ္ဂရှုတ်ချ

image

RFA news

■ ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်မတော် နဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံးပြီး အရပ်သားတွေကို မဆင်မခြင် တိုက်ခိုက်ခဲ့တဲ့အပေါ်ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဧပြီလ ၃ ရက်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ကျေးရွာပေါ်မှာ စစ်ရဟတ်ယာဉ် ၂ စီး ပျံဝဲပြီး လယ်ကွင်းတွေထဲကို ပစ်ခတ်တဲ့အတွက် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး၊ ၁၈ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်နဲ့  AA ရခိုင့်တပ်မတော်- နှစ်ဘက်လုံးအနေနဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး၊ အရပ်သားတွေကို အကာအကွယ် ပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း အရပ်သားတွေအပေါ် မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူဆောင်ရွက်ဖို့ နိုင်ငံတကာ အဝန်းအဝိုင်းက  ပြင်ဆင်နေချိန်မှာပဲ၊ ကိုယ့်နိုင်ငံသား အရပ်သားတွေကို အခုလို ထပ်ပြီး တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

– ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ ရဟတ်ယာဉ်များနဲ့ စစ်ရေးပြနေစဉ်။ (Photo – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: