Leave a comment

ဘုရင်သစ်နန်းတက်ပွဲ အတွက် ပိတ်ရက်(၁၀) ရက်ပေးတာ ကို မပျော်ဘူးဆိုတဲ့ ဂျပန်များ

Image may contain: one or more peopleImage may contain: people walking and outdoor

ဧပြီလအကုန်မှာ ဂျပန်နိုင်ငံရဲ့ ဘုရင်သစ်ဟာ ထီးနန်းဆက်ခံတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဟာ ဘုရင်သစ်ရဲ့ နန်းတက်ပွဲအထိမ်းအမှတ်အနေနဲ့ ပြည်သူတွေကို (၁၀) ရက်တာ အားလပ်ရက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားတာက အခုလို ပိတ်ရက်ရှည်ရတာကို ဂျပန်လူမျိုးတော်တော်များများက မပျော်ရွှင်ကြပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဂျပန်နိုင်ငံ အစိုးရအဖွဲ့ဟာ ဧပြီ(၃၀) ရက်၊ မေ(၁) ရက်နဲ့ (၂) ရက်နေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။ လာမယ့် မေလ(၁) ရက်နေ့မှာတော့ အိမ်ရှေ့စံမင်းသား နာရူဟီတိုဟာ ဖခင်ဖြစ်သူ ဂျပန်အင်ပါယာဘုရင် အာခီဟီတိုဆီကနေ ထီးနန်းဆက်ခံမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဧပြီ(၂၉) ၊ မေ(၃) ရက်ကနေ မေ(၆) ရက်တို့ဟာ ဂျပန်တွေအခေါ် “Golden Week” လို့ခေါ်တဲ့ ရွှေရောင်သတ္တပတ်တွေဖြစ်ပြီး ၄င်းရက်တွေဟာ လည်း အများပြည်သူရုံးပိတ်ရက်တွေလည်း ဖြစ်ပါတယ်။ ဧပြီ (၂၇) ရက်နဲ့ (၂၈) ရက်တို့ကတော့ စနေ၊တနင်္ဂနွေ ဖြစ်တာကြောင့် စုစုပေါင်း ပိတ်ရက် (၁၀)ရက်တာ ရှိနေတာ ဖြစ်ပါတယ်။

ပိတ်ရက်တွေ များနေတာကြောင့် ဂျပန်လူမျိုး အများစုဟာ အားလပ်ရက်မှာ ခရီးရှည်တွေ ထွက်ဖို့ စိတ်ကူးနေကြပါတယ်။ အချို့ကျတော့လည်း ပိတ်ရက်မှာ ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုတွေနဲ့ အခြားလုပ်စရာအလုပ်တွေ ဘာမှ မရှိတာကြောင့် ညီးညူနေကြကြောင်း သိရပါတယ်။ ခရီးသွားအေဂျင်စီတွေကတော့ အလုပ်များလျက်ရှိနေပါတယ်။ ခရီးရက်ရှည်သွားဖို့အတွက် ဘွတ်ကင်လုပ်ထားတဲ့ လူဦးရေဟာ ပုံမှန်ထက် (၃) ဆရှိနေပြီး အများစုက ဇိမ်ခံသင်္ဘောနဲ့ သွားတဲ့ ရေကြောင်း ခရီးစဉ်တွေကို နှစ်သက်ကြတယ်လို့လည်း သိရပါတယ်။

လူငယ်တွေကတော့ သူတို့ရဲ့ ရွှေရောင်ရက်သတ္တပတ်များအတွင်း ကြင်ယာအရှာထွက်ဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့အနေနဲ့ အခုအချိန်ဟာ အလုပ်အားတာကြောင့် ရည်းစားရှာဖို့အတွက်လည်း အချိန်ပိုထွက်လာကြောင်း ဆိုကြပါတယ်။ ဂျပန်သတင်းစာတစ်စောင်ဖြစ်တဲ့ အဆာဟိရှင်ဘွန်းကတော့ စစ်တမ်းကောက်ကြည့်ခဲ့ရာမှာ ဂျပန်လူဦးရေ (၃၅) ရာခိုင်နှုန်းဟာ အားလပ်ရက်ရှည်ပိတ်တာနဲ့ ပတ်သက်လို့ ပျော်ရွှင်ပေမယ့် (၄၅) ရာခိုင်နှုန်းကတော့ မပျော်ရွှင်ဘူးလို့ဆိုပါတယ်။ အမျိုးသမီးတွေကလည်း ရုံးတွေ၊ ကျောင်းတွေ ပိတ်တဲ့အပြင် သူမတို့ရဲ့ အမျိုးသားနဲ့ ကလေးတွေဟာ အိမ်မှာ ရှိနေတဲ့အတွက် အိမ်မှုကိစ္စ ဗာဟီရတွေနဲ့ ပိုပြီးပင်ပန်းမှာပါလို့ ဆိုကြပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ ဂျပန်ငွေဈေးကွက်ဟာ (၁၀) ရက်တာ မလှုပ်ရှားပဲ ငြိမ်နေမှာဖြစ်လို့ ဂျပန်ငွေကြေးနဲ့ စတော့ငွေဈေးကွက်ဟာ ကျဆင်းနိုင်တယ်ဆိုပြီးလည်း ပြောနေပါတယ်။ ရုံးသမားတွေ မဟုတ်ပဲ နေ့တိုင်းအလုပ်လုပ်ရပြီး နာရီပိုင်း အချိန်ပိုင်းအလုပ်နဲ့ ၀င်ငွေရှာရတဲ့ သူတွေကတော့ သူတို့အတွက်လည်း ၀င်ငွေထိခိုက်နေကြောင်း ညီးတွားနေကြတယ်လို့ သိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: